နွားချေးပုံထဲကတီကောင်ပါ အကျိုးပြုသလား အကျိုးမပြုသလား သိချင်ပါတယ်
နောက်ထပ် အကောင်တွေရှာပြီးတင်ေပးနိုင်ပါတယ်။စိုက်ပျိုးရေးအတွက်အသုံးမဝင်တဲ့ အကောင်ဆိုတာမရှိသလောက်ပါပဲ။
အကျိုးပြု မပြုသိချင်ရင် တီကောင်နို့ဆီဗူးထက်ဝက်ခန့်ကို ရေသန့်ဗူးထဲထည့်ပါ။ပြီး ထညှစ်ခဲဆယ်လုံးခန့်ထည့်ပါ။ပြီးရေအပြည့်ထည့်ပြီး သိမ်းဆည်းထားပါ။တီကောင်ပျော်ပြီး အရည်ဖြစ်သွားတဲ့အခါ အပင်ဖြန်းမြေဩဇာရည်အဖြစ်သုံးကြည့်ပါ။စိုက်ပြီးစ အပင်နုငယ်များ လျင်မြန်စွာအစာချက်လုပ်ပြီး ကြီးထွားရှင်သန် အပင်တက်ကောင်းဖို့လိုအပ်တယ်ဆိုတာ စိုက်ပျိုးသူတိုင်းလက်ခံထားကြပါတယ်။အခြေနေ အကြောင်းကြောင့်အပင်ကျန့်ပြီးဖြစ်စေ မြေကျန့်၍ဖြစ်စေ အပင်မတက်နိုင်ပဲ ကြီးထွားနုန်းလျော့နေခြင်းကို ပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။စိုက်ပင် ပြောင်းရွေ့ပျိုးပင်နှင့် မိုးအခါ နေရောင်မပြည့်ဝ၍ အစာမချက်နိုင်ဖြစ်တတ်သော အပင်တို့၏သဘာဝကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။အပင်နှင့်မြေကြီးကို စိုစွတ်အောင် ဖြန်းပေးရုံဖြင့် အပင်တက်ကောင်းပြီး မြေဆီအစားမြန်ပါတယ်။တစ်ဗူးကို ဆေးဖြန်းပုံးနှစ်ပုံးပါ။အပွင့်စထွက်ချိန်၌ အပင်ဖြန်းပေးခြင်းဖြင့်လည်း အပင်စိမ်းစိုပြီး အသီးကျမှန်စေပါတယ်။
ဟုတ်ကဲ့ ။ ဒီနေရာမှာ ၂ မျိုးဖြစ်နိုင်ပါတယ်။ လတ်လတ်ဆတ်နွားချီးပုံထဲက တီကောင်ဆိုရင် နွားအူထဲကပါလာတဲ့ ကပ်ပါးတီကောင်ဖြစ်နိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ ဒီကပ်ပါးက မြေထဲဆင်းဝင်သွားပြီး တီကောင်ဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်။ အကျိုးပြုနိုင်သလားဆိုတော့ မြေပွအောင်လုပ်ပေးတာမျိုးတွေတော့ရပါတယ်။တီကျစ်စာထုတ်ဖို့ သုံးမယ်ဆိုရင်တော့ အာမခံချက်မပေးနိုင်တာမို့ သတ်မှတ်ထားတဲ့ တီအမျိုးအစားနဲ့ပဲ တီကျစ်မြေသြဇာ ပြုလုပ်စေချင်ပါတယ်။ တီကောင်ရွေးချယ်ပုံအသေးစိတ်ကိုတော့ ဆောင်းပါးအနေနဲ့ မကြာခင်ဖော်ပြသွားပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးခရမ်းချဉ် စိုက်ချင်လို့ပါဗျ ဘယ်လထဲပျိုးရလဲဗျ
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲ မသိလို့ပါ ဘာဆေးသုံးရမလဲဗျ ပြောကြပါအုံး
ဖြေကြားချက် 5 ခု
Care and management. ဘယ်လိုလုပ်ပေးကမလဲဗျ
ဖြေကြားချက် 1 ခု
အပင်ပေါက်ပြီး၁၂ ရက်သားပါ ပျိုးအိတ်ထဲ ထည့်လို့ရပါပြီလာဗျ
ဖြေကြားချက် 1 ခု
ဘာတွေဖြစ်နေလဲဗျို့ ဘာမှကိုနားမလည်တော့ဘူး
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။