ဖြေကြားချက် ၂ ခု
လျှာမှာပိုးရှိရင်လဲ ရက်တတ်တယ်
နွားတွေဟာ သဘာဝအရ ဆားဓါတ်ကို သွေးသားဆန္ဒက တောင်းဆိုပြီး ချဉ်ချင်းဖြစ်တယ်လို့ဆိုရမှာပါ။နွားတို့ရဲ့ မူလဗီဇဖြစ်တဲ့ မျိုးရိုင်းကာလက အစာကို စမြုံ့ပြန်တဲ့အခါ မြေငန်ဓါတ်ရှိတဲ့ပုံကျဉ်းတွေရှိရာအရပ်ကို မှတ်သားထားလေ့ရှိပါတယ်။ထိုပုံကျဉ်းကိုသွားပြီး လျှာဖြင့်လျှက်ကာ အငန်ဓါတ်ကို ရယူစားသောက်လေ့ရှိသော အလေ့အကျင့်ဗီဇရှိခြင်းကြောင့် ဆားဓါတ်ကိုလိုလားတောင်းတသောအခါများတွင် လူတို့နေ့စဉ်ကိုင်တွယ်လေ့ရှိသော ချည်တိုင်တို့တွင် လူ၏ချွေးမှဖြစ်သော အငံဓါတ်တို့သည် စွန်းပေလျက်ရှိခြင်းကြောင့် ဆားရနံ့ကိုရရှိနေသည်။ထိုအခါ နွားသည် ချည်တိုင်ကိုလျှာဖြင့် လျှက်ပါသည်။ဆားသည် နွားမွေးမြူသူတို့အတွက် နည်းပရိရယ်ကြွယ်ဝစွာ အသုံးပြုရသော အရာမျိုးဖြစ်သည်။ ရှေးက နွားမွေးသူတို့သည် အရိုင်းစိတ်ကိန်းနေသောနွားတို့ကို လူနှင့်ရင်းနှီးပြီး တင်းကုတ်ကို အချိန်မှန်ပြန်လာတတ်ရန် တချို့သောနွားမျိုးစိတ်တို့ကို ဆားဖြင့် ယဉ်ပါးစေခဲ့သည်။ ထိုအခါတွင် ဆားစားပြီး မွှေ့လျော်မှုပြုသောနွားမျိုးစိတ်တို့သည် ဆားကိုဆာလောင်တောင်းတကြသည်။အခြားသော နွားမွေးမြူသူတို့သည် နွားကို ပုံသွင်းလေ့ကျင့်ခြင်းကိုမသိ၊ အချိန်အခါနှင့်သွေးသားဆန္ဒတို့ကိုမသိကြပါ။သို့သော်လည် ခေတ်အဆက်ဆက်နွားနှင့်ေမွးမြူသူတို့ကြားတွင် ဆားသည် အကြောင်းကျိုးပြုရာ ဓါတုပစ္စည်းတစ်ခုအနေဖြင့် နွားတို့၏ဗီဇကို သွတ်သွင်းသလိုဖြစ်ေစခဲ့သည်။ထိုကြောင့် နွားတို့သည် ဆားကိုဆာလောင်တောင်းတကာ ချည်တိုင်ကို လျှာဖြင့်လျက်သည်။ပါးနပ်သော ခိုင်းနွားမွေးမြူသူသည် နွားကိုဆားကြွေးသည့်အခါ မိမိ၏လက်ဖဝါးပေါ်၌သာ ဆားကိုထား၍ လျှာဖြင့်လျှက်စေသော အလေ့ကိုပြုကြ၏။
ဆက်စပ်မေးခွန်းများ
နွား မသား စပ်ပြီး တာ ၂လပြည့်ပြီးခါစမှာ မငြိမ်ပဲဖြစ်နေတယ် ဇီးမရတာလား ရလို့သားမြူးတာလားမခွဲခြားတတ်လို့ ဖြေကြား...
ဖြေကြားချက် 2 ခု
မွန်ဘာစားမြတိစိုက်ပျိုးပုံနှင့်် ဘယ်လိုမြေအမျိုးအစားမှာစိုက်လိုက်လို့ရလည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
နွားမွေးမြူရေးလုပ့်ငန်းအကြောင်းသိချင်ပါတယ် မွေးမြူရေးလုပ့်တဲ့သက်တမ်းနဲ့မွေးမြူရေးလုပ့်ကိုင်ရတဲ့ရည်ရွယ်ချက်လေး...
ဖြေကြားချက် 4 ခု
နွားစာ ချဉ်ဘက်လုပ်ရင်ဘယ်တွေလိုမလဲ ဘယ်လောက်ထိထားခံလဲဗျ
ဖြေကြားချက် 4 ခု
ကျတော့် နွား လည်ပင်းမှာ ကျက်ပေါက်နေတာကြာပြီမပျောက်ဘဲဖြစ်နေလို့နည်းလမ်းလေးပြောပါဦးဗျာ
ဖြေကြားချက် 2 ခု