အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,161
လွန်ခဲ့သော ၆ နှစ် က · ပင်းတယ

ဂျုံစိုက်ပျိုးဖိုနည်းလမ်းကောင်းလေးလိုချင်လိုပါရှင့် ဖြေပေးလိုရမလား

စိုက်ပျိုးနည်း ဂျုံ
1

ဖြေကြားချက် ၁ ခု

80,046 လွန်ခဲ့သော ၆ နှစ် က

ဂျုံစိုက်ပျိုးခြင်း အမျိုးအစားများ စိုက်ပျိုးသင့်သော ဂျုံအမျိုးအစားများမှာ ရေဆင်း-၁၊ ရေဆင်း-၂၊ ရေဆင်း-၃၊ ရေဆင်း-၄၊ ရေဆင်း-၅၊ မုံရွာဇလုပ်ခြံမှထုတ်လုပ်သော ဇလုပ်ဂျုံမျိုး၊ မုံရွာဂျုံဖြူမျိုးနှင့် တရုတ်နိုင်ငံမှတင်သွင်းသောဂျုံမျိုးများမှာ စိုက်သင့် သောဂျုံမျိုးများဖြစ်ကြသည်။ စစ်ကိုင်း၊ မုံရွာခရိုင်ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဆားတောင်မြင်းမူဒေသများ တွင် V1287 ရေဆင်း-၄ မျိုးနှင့် မုံရွာဂျုံဖြူမျိုးများကို အများဆုံးစိုက်ပျိုးကြသည်။ မြေအမျိုးအစား ဂျုံသီးနှံမှာ စပါး၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းသီးနှံများ ရိတ်သိမ်းပြီးစိုက်ပျိုးသော သီးနှံဖြစ်သော ကြောင့် မြေနက်၊ သဲနုန်းမြေ၊ နုန်းမြေ၊ မြေနီ၊ ရွှံ့စေးမြေ၊ ခဲမြေတို့တွင် စိုက်ပျိုးပါကဖြစ်ထွန်းသည်။ မြေနီသဲဝန်း၊ မြေဝါမျိုးများတွင် မစိုက်ပျိုးသင့်ပါ။ မြေယာပြုပြင်ခြင်း ဂျုံသီးနှံတစ်ခုထဲကိုသာ အဓိကထား၍ မေလထဲတွင် ရွာသောမိုးအခြေအနေကိုမူတည်၍ ထယ်တစ်စပ် ထိုးပြီး (၇) သွားထွန်နှင့် (၂) စပ် (၆) သွားထွန်နှင့် (၃) စပ်ထိုး၍ မြေပြုပြင်ထားရမည်။ ထို့နောက် သြဂုတ်လ တွင် ထယ်တစ်စပ်ထိုးရမည်။ ထိုသို့ ထယ်ရေးပေးပြီးနောက် စိုက်ချိန်အောက်တိုဘာလရောကက်သည်အထိ မြေအနေအထားအရ ထွန်(၂) စပ်မှ (၃) စပ်အထိ စင်ပေးရမည်။ မိုးသီးနှံ မိုးမြေပဲ၊ နှမ်း၊ အစေ့ထုတ်ပြောင်း၊ လယ်စပါးများ ရိတ်သိမ်းပြီးပြီးချင်း စက်ထယ်ဖြင့် (၉-၁ဝ) လက်မအနက်ရအောင် တစ်စပ်ထွန်ယက်ရမည်။ သို့မဟုတ် နွားထယ်ဖြင့် (၂-၃) စပ်အထိထွန်ပြီး ကြမ်းရိုက်၍ မြေမှုန့်ညက်သည်အထိ ထွန်ပေးရမည်။ ရာသီဥတု အေးမြစွတ်စိုသောရာသီဥတုကို နှစ်သက်ပြီး သီးနှံရာသီအတွင်း မိုးရေချိန်လက်မ (၃ဝ) အထက် အစို ဓာတ်ရရှိစေရန် ထယ်ဖွင့်ခြင်း၊ ကြမ်းတုံးရိုက်ခြင်း မကြာခဏပြုလုပ်ပေးရမည်။ အပူချိန်အနည်းဆုံး (၄၅) ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး အသင့်တော်ဆုံးအပူချိန်မှာ (၇၇) ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ နှင်းခါးရိုက်သည့်အခါ ပန်းပွင့် များထိခိုက်တတ်သောကြောင့် နှင်းခါးကျတတ်သည်။ ဒီဇင်ဘာလတတိယပတ်နှင့် ပန်းပွင့်ချိန်တွင် လွတ်အောင် စိုက်ပျိုးသင့်သည်။ ေျမၾသဇာ သဘာဝ နွားချေး၊ မြေဆွေးကို တစ်ဧကလျှင် (၁ဝ - ၁၆) စီ၊ ယူရီးယား (၁၆) ပေါင်နှင့် တီစူပါ (၅၆) ပေါင်ထည့်သွင်း အသုံးပြုရမည်။ မြေသြဇာများကို နွားချေးနှင့်ရောပြီး စိုက်ကြောင်းအတွင်းချပြီးမှသာ မျိုးစေ့ချရ မည်။ အစိုဓာတ်ကို ထိန်းထားနိုင်ရန် နှမ်းရိုးများ၊ ပြောင်းဖူးရိုး၊ အရွက်၊ မြေပဲရိုးအရွက်များကို ထယ်မထိုးမီ ဦးစွာ ချပြီးမှသာ ထယ်ထိုးပါက ဂျုံအထွက်တိုးစေသည်။ စိုက်ပျိုးခြင်း မြေကောင်းပါက (၈) လက်မတန်း၊ မြေသင့်ပါက (၆) လက်မတန်း မျိုးစေ့ချထွန်ဖြင့် စိုက်ပျိုးသင့်သည်။ နေရာဒေသလိုက်၍ စိုက်ပျိုးနည်းအမျိုးမျိုးရှိကြ၍ မိမိဒေသနှင့်ကိုက်သောနည်းများကို အသုံးပြုပါ။ ပြုစုခြင်း အပင်ပေါက်ပြီး (၂၅ - ၃ဝ) ရက်တွင် ပေါင်းမြက်များရှင်းပေးပါ။ မက်ဆီပက်ပေါင်းပင်မှာ အဆိုးဆုံးဖြစ် ၍ လက်ပေါင်းလိုက်ခြင်း၊ ဟာဗစ်ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းခြင်းပြုလုပ်ပေးပါ။ ရောဂါများ ဂျုံများတွင်ဖြစ်ပွားသောရောဂါ (၂) မျိုးမှာ - နနွင်းရောဂါနှင့် ဂျုံလောင်မီးရောဂါတို့ ဖြစ်ကြသည်။ မှိုကြောင့်ဖြစ်သောရောဂါသည် ဂျုံပင်၏ ပင်စည်၊ အရွက်အစိတ်အပိုင်းကို ဝင်ရောက်စားသောက်ကြသည်။ ထို အခါ အရွက်များ၊ အပင်များပေါ်တွင် အဝါစက်၊ အဝါပြောက်ကျားဖြစ်နေသည်။ နနွင်းရောဂါဖြစ်ပွားပါက အသီး ညံ့ဖျင်း၍ မအောင်မြင်ခြင်း၊ အထွက်နည်းခြင်းများဖြစ်တတ်ပြီး ဆိုးရွားစွာကျရောက်ပါက မျိုးပြန်မရသည်အထိ အခြေအနေပိုဆိုးနိုင်သည်။ ကာကွယ်ရန်မှာ ရောဂါဒဏ်ခံနိုင်သောမျိုးကို စိုက်ပျိုးရမည်။ ဂျုံလောင်မီးရောဂါသည် ဂျုံစေ့ဖြစ်မည့်နေရာတွင် မည်းနက်သောမှိုစေ့အခဲများဖြစ်ပေါ်လာပြီး ဆိုးရွား စွာဖြစ်ပေါ်ပါက ဂျုံစေ့လုံးဝပြန်မရတော့ပေ။ ကာကွယ်ရန်မှာ ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးစိုက်ရမည်။ ဂျုံ လောင်မီးရောဂါသည် ဂျုံနီများတွင် ပိုမိုကျရောက်ပြီး ဂျုံဖြူများတွင်ကျရောက်မှု မရှိသလောက်ပင်ဖြစ်သည်။ ပိုးမွှားများ ဂျုံသီးနှံများကို ဖျက်ဆီးတတ်သောပိုးမွှားများမှာ - ဖြုတ်စိမ်းပိုး၊ ငမြှောင်တောင်ပိုးနှင့် ခြများဖြစ်ကြ သည်။ ဖြုတ်စိမ်းပိုးသည် အရွက်များ၊ အနှံများတွင်တွယ်ကပ်၍ အရည်ကိုစုပ်ယူတတ်ကြသည်။ အထူးသဖြင့် မိုးအုံ့ပျပျတွင် ပို၍ကျရောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ရန်မှာ အင်ဒရင်းဆေးရည် (၁၉.၅%) ကို ဆေးနှင့် ရေ (၁းရ၅ဝ) (ဆေး (၁) ဆရေ (၇၅ဝ) ဆ) ကို ပက်ဖျန်းနှိမ်နင်းနိုင်သည်။ ငမြှောင်တောင်ပိုးမှာ အောက်တိုဘာ၊ နိုဝင်ဘာလအတွင်းကျရောက်တတ်ပြီး အထူးသဖြင့် ရေဝင်ခဲ သောအပိုင်းတွင် ပို၍ဖျက်ဆီးတတ်သည်။ ဂျုံပင်များကို အောက်ခြေမှနေ၍ ဖြတ်တောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ရန်မှာ ဂျုံမစိုက်မီ ဂျုံစေ့တစ်တင်းလျှင် (၂.၅%) အော်ဒရင်းဆေးမှုန့်တစ်ပေါင်ရော၍ နယ်ပြီးစိုက်ရ မည်။ အော်ဒရင်းအစား (၅%) ဒီဒီတီဆေးမှုန့်ကိုလည်း အသုံးပြုနိုင်သည်။ ခြများ၏ရန်ကိုကာကွယ်ရန် မစိုက်ပျိုးမီမြေကို (၂.၅%) အော်ဒရင်းဆေးမှုန့် တစ်ဧကလျှင် ပေါင် (၄ဝ) နှုန်းချ၍ ထွန်မွှေပေးရမည်။ ထိုသို့ထွန်မွှေပြီးမှသာ မျိုးစေ့ချစိုက်ရမည်။ ရေသွင်းဂျုံစိုက်ပျိုးခြင်း ရေသွင်းဂျုံကို လယ်စပါးအပြီး မြေအောက်ရေ၊ လယ်ကွင်းတူးရေရရှိနိုင်သော ဒေသများတွင် နိုဝင်ဘာ လမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီး (၂၁) ရက်အကြာတွင် (၁) ကြိမ်၊ (၄၅) ရက်အကြာတွင် (၁) ကြိမ်၊ (၆၅) ရက်အကြာတွင် (၁) ကြိမ်၊ (၈၄) ရက်အကြာတွင် (၁) ကြိမ် မြေအခြေအနေ အစိုဓာတ်ကြည့် ပြီး ရေသွင်းစိုက်ပျိုးနိုင်သည်။ ရိတ်သိမ်းခြင်း အောက်တိုဘာလတွင် ဂျုံစိုက်ပြီး ဖေဖော်ဝါရီလ၊ မတ်လတွင် ဂျုံသီးနှံတစ်ပင်လုံး ဝါ၍ခြောက်လာ သည်။ ဂျုံသီးနှံအတွင်းရှိဂျုံစေ့များ အရောင်ပြောင်လက်ပြီး ဂျုံစေ့မာလာသောအချိန်သည် ဂျုံသီးနှံများရင့်မှည့် ချိန်ဖြစ်သည်။ ရိတ်သိမ်းရာတွင် တံစဉ်ဖြင့်လည်းကောင်း၊ စက်ဖြင့်လည်းကောင်း ရိတ်သိမ်းနိုင်ပြီး ခြွေစက်ဖြင့် ခြွေနိုင်သည်။ (နေရာဒေသအလိုက် ရိတ်သိမ်းခြွေလှေ့ခြင်း မတူကြသဖြင့် အသေးစိတ်မဖော်ပြတော့ပါ) သိုလှောင်ခြင်း သီးနှံအစိုဓာတ် (၁၄%) ထက်များအောင် နေလှန်းပြီး ဂျုံတစ်တင်းလျှင် ထုံး (၁) ပြည်နှုန်းထည့်၍ သိုလှောင်ရမည်။ သို့မှသာ နောက်နှစ် ဂျုံရာသီအတွက် မျိုးသိုလှောင်ထားနိုင်မည်ဖြစ်သည်။ အပူပိုင်းဇုန်တွင် ဂျုံစိုက်ပျိုးခြင်း အပူပိုင်းဇုန်တွင် ဆောင်းသီးနှံအဖြစ် ဂျုံသီးနှံကိုစိုက်ပျိုးကြသည်။ သဲမြေနှင့် ကျောက်စရစ်မြေမှလွဲ၍ မည်သည့်မြေမျိုးမဆို စိုက်ပျိုးနိုင်သော်လည်း နုန်းမြေစေးမှာ အကောင်းဆုံးဖြစ်သည်။ မြေသားထုအထူ (၃) ပေ ခန့်ရှိသင့်ပြီး ရေဝပ်ခြင်းကိုမနှစ်သက်ဘဲ မြေချဉ်ငန်ကိန်း pH (၅.၂ -၈.၅) အတွင်း စိုက်ပျိုးနိုင်သည်။ အကောင်း ဆုံး pH မှာ (၆.ဝ - ၈.၂) ဖြစ်သည်။ မြေကိုထွန်ယက်ရာတွင် အစိုဓာတ်ကို ကောင်းစွာထိန်းသိမ်းနိုင်ရန် မြေကို ညက်သည်အထိ ပြုပြင်ပေးရမည်။ သို့မှသာ မျိုးပေါက်ကောင်းပြီး မိုးဦးစိုက်သီးနှံများရိတ်သိမ်းပြီး ထယ်ထိုးကာ မိုးရေများ စုဆောင်းထားနိုင်မည် ဖြစ်သည်။ ထွန်ရေးညက်သောအခါ (၁၂) လက်မအကွာ ထွန်ကြောင်းများဆွဲ၍ (၁) ဧကလျှင် ဂျုံမျိုးစေ့ (၁) တင်း နှင့် (၁) ပြည်နှုန်းကို လက်ဖြင့်ညီညာစွာဖြူးချပေးပြီး ကြမ်းတုံးဖြင့်ဖိပေးရမည်။ (၈) လက်မအကွာထွန်သွားများ တပ်ထားသည့် မျိုးစေ့ချကိရိယာဖြင့် ချပေးပါက (၁) ဧကလျှင် ဂျုံမျိုးစေ့ (၁ ƒ - ၂) တင်းအထိ ကုန်ကျသည်။ ဂျုံဖြစ်ထွန်းမှုအဆင့်ဆင့်မှာ -  မျိုးစေ့ချသည့်နေ့မှ အပင်ထွက်ပေါ်ချိန်အထိ (၅) ရက်  အပင်ထွက်ပေါ်ချိန်မှ ပင်ပွားချိန်အထိ (၃၄) ရက်  ပင်ပွားထွက်ချိန်မှ အနှံထွက်ချိန်အထိ (၂၉) ရက်  အနှံထွက်ချိန်မှ ပန်းပွင့်ချိန်အထိ (၄) ရက်  ပန်းပွင့်ချိန်မှ နို့ရည်တည်ချိန်အထိ (၂ဝ) ရက်  နို့ရည်တည်ချိန်မှ အစေ့ရင့်မှည့်ချိန်အထိ (၁၁) ရက်  ရင့်မှည့်စမှ ရင့်မှည့်ချိန်အထိ (၃) ရက် စုစုပေါင်း (၁၁၆) ရက်ကြာသည်။ ဂျုံသည် မိုးရေချိန် (၁ဝ - ၃ဝ) လက်မထိ ရွာသောဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ မိုးရေချိန် (၁ဝ) လက်မတွင် မြေဆွေးဓာတ် (၈ - ၁ဝ%) ပါဝင်သဖြင့် အစိုဓာတ်ကို ကြာရှည်စွာထိန်းနိုင်သော သမပိုင်း မြက်ခင်းလွင်ပြင်ဒေသ မိုးရေချိန်ဖြစ်သည်။ အပူပိုင်းဒေသများတွင် မိုးရေချိန် (၂၅) လက်မခန့်လိုအပ်သည်။ ထို့ ကြောင့် မြေပြန့်ဒေသစစ်ကိုင်းတိုင်းတွင် အောက်တိုဘာလ (၁၅) ရက်မှ နိုဝင်ဘာလ (၁၅) ရက်အတွင်း စိုက်ပျိုး ကြပြီး မိုးရာသီတွင် မိုးရေချိန်နည်းသော စက်တင်ဘာလ (၁၅) ရက်မှစ၍ စိုက်ပျိုးကြသည်။ ဆရာအောင်ဝင်းထွဋ်၏ လယ်ယာသီးနှံစိုက်ပျိုးနည်းစာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။