ဖြေကြားချက် ၅ ခု
ဆိုက်ပျိုးရန်မြေနေရာပါ ကျွန်နော်ပြုလုပ်ထားဒါမှန်မမှန်ပြောပြပေးပါခင်ဗျာ
စဉ်တင်စနစ်တွင် စဉ်ကို တစ်လံကျော်ခန့် ဦခေါင်းတစ်လွှတ်စဉ်ကို ရှေ့ဦးစွာထိုးရပါမည်။တစ်ချို့သောစိုက်ပျိုးသူတို့သည် ပိုက်ကွက်များကိုအသုံးပြုပြီး စဉ်တင်စနစ်ကိုစိုက်ပျိုးကြသည်။ စဉ်ထိုးပြီးမှ အောက်ခြေမြေကို ကျဉ်ဘောင်စနစ်ချရန် ပေါင်းမြက်များကို တစ်လံခန့် ပေါက်တူးအရိုးတစ်ပြန်ကို ပေါင်းမြက်တစ်တန်းစနစ်ဖြင့် စဉ်အောက်ခြေတွင် စိုက်ကွက်ကိုအကွက်ချပေးရပါမည်။ထိုနောက် အတန်းလိုက် ပေါက်ပြားဖြင့် အကွက်ချထားသော အလယ်မြေလွှတ်ကို ပေါက်ပြားဖြင့် နှစ်တောင်တစ်တွင်းခန့် စနစ်ဖြင့် စီတန်းပြီးစိုက်ပျိုးရန် တောင်ဆုပ်ခန့် အကွက်ကလေးများပေါက်ပြီး ထိုအကွက်ကလေးများထဲ ခဝဲမျိုးစေ့ချရန် တွင်းဖော်၍နွားချီးမြေဆွေးတို့ချကာ မြေပြန်ဖုံထားရပါမည်။ထိုနောက် မျိုးစေ့ကိုရေဖြင့်ဖောက်၍ အညှောက်ထွက်ေစပြီး တစ်တွင်းသုံစေ့ခန့်ချပေးရပါမည်။နှစ်ပင်ချန်ထားပြီး မလိုသောအပင်ကိုနုတ်ပစ်ရပါမည်။ ဂေါင်ညွန့်ထွက်လျင် မြေဩဇာတစ်ကြိမ်ကြွေးပေးရမည်ဖြစ်ပြီး စဉ်တက်ရန် တိုင်ထောင်ပေးရပါမည်။ဂေါင်ညွှန့်မှလွဲ၍ အခက်အညွှန့်များကိုဖြတ်ပေးပြီး ခဝဲပင် စဉ်ေပါ်တက်ရန် ကြိုး ဖြင့် ရှည်ထွက်လာေသာေဂါင်အညွှန့်ကို နှီးမျှင်ကြိုးလေးများဖြင့် ချည်ထိန်း၍ စဉ်ပေါ်တက်ရောက်စေရပါမည်။ခဝဲးပင်စဉ်ေပါ်တက်ေရာက်ပြီးသည်နှင့် နွားချေးမြေဆွေး တီစူပါ တစ်ဆယ်ငါးပတ်လည် စသော မြေဩဇာထည့်သွင်းပေးပြီး ပေါင်းမြက်ဆွေးများအုပ်၍ မြေပါးပါးတင်ပေးခြင်းဖြင့် ကျဉ်းဘောင်ကို ဖြစ်စေရပါမည်။ရေကို နေ့စဉ်သွင်းပေးရမည်ဖြစ်ပြီး။ရက်ပေါင်းခုနှစ်ဆယ်ခန့်တွင် အသီးများစတင်ကျလာပါမည်။စိုက်ပျိုးပုံ အကျဉ်းကို မှတ်သားထားယုံဖြင့် သင်သည် စဉ်တင်ခဝဲသီးကို တနိုင်တပိုင် လွယ်ကူစွာစိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။
စဥ်တင်စိုက်ပျိုးချင်းစနစ်ပါ
ခဝဲသည် စဉ်တင်စိုက်ပျိုးခြင်းနည်းစနစ်နှင့် ကျဉ်းဘောင်တင်ပြီး တိုင်ထိုးေသာနည်းစနစ်စသည်ဖြင့် စိုက်ပျိုးမှုပုံသဏ္ဌန်များမတူညီကြပါ။စိုက်ပျိုးသော နည်းစနစ်ကိုလိုက်၍ ပြုပြင်ဆောင်ရွက်ပေးရပါမည်။ဘယ်သို့သော စနစ်မျိုးကို စိုက်ပါသလဲခင်ဗျား။
ဆက်စပ်မေးခွန်းများ
တစ်ပိုင်းတနိုင်ဓိုက်ပျိုးရန်အတွက် ပထမဆုံးဘာလုပ်သင့်သလဲ
ဖြေကြားချက် 12 ခု
အကိုတို့အမတို့ ဒီအချိန်ခဝဲသီးစိုက်လို့ အဆင်ပြေနိင်ပါ့မလား အဆင်ပြေရင်စိုက်ချင်လို့ပါအကု်တု့်အမတု့် နည်းလမ်းလေး...
ဖြေကြားချက် 0 ခု
ခဝဲပင်က အောက်ကအရွှက်တွေက တော်တော်ဝါသွားတယ် ရေနာရအောင်လဲ ရေလဲနည်းနည်းပါးပါးပဲရှီတာပါ အဲ့ဒါဘယ်လုပ်ရမလဲဗျခဝဲတွေကအ...
ဖြေကြားချက် 2 ခု
ခဝဲပင်အသီးအပွင့်လိုက်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ
ဖြေကြားချက် 1 ခု
ဒီလိုလေးတွေဖြစ်နေလို့ပါ၊ဘယ်လိုလုပ်ရမလည်း အကြံပြုပေးပါအုံးခင်ဗျ။
ဖြေကြားချက် 4 ခု