အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၆ နှစ် က · လမ်းမတော်

လယ်​မြေကိုသင့်​တော်​သော​​မြေ​သြဇာထဲ့နိုင်ရန်ဘယ်​နေရာမှာစစ်​ဆေးနိုင်ပါလဲခင်ဗျာ

မြေဆီလွှာ စပါး
4

ဖြေကြားချက် ၄ ခု

406 လွန်ခဲ့သော ၆ နှစ် က

ရေတံခွန်တောင်သူပညာပေးအဖွဲနှင့်ဆက်သွယ်မေးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနကိုသွားရောက်၍မြေနမူနာယူနည်းကိုမေးမြန်းပြီး မြေနမူနာကိုနို့ဆီဘူးတစ်ဘူးခန့်ယူပြီးထိုရုံးမှတဆင့်ရန်ကုန်မြေအသုံးချဓာတ်ခွဲခန်းမှာစမ်းနိုင်ပါတယ်။တစ်မျိုးခြင်းအလိုက်စမ်းသပ်ခပေးရပါတယ်။မြေချဥ်ငန်ကိန်း,နိုက်တြိုဂျင်,ဖော့စ်ဖိတ်,ပိုတက်ရှ်,သြဂဲနစ်,ရေပျော်ဆား....စသည့်ဖြင့် ကိုယ့်မြေမှာဘယ်လောက်ရှိတယ်/ လျော့နည်းနေတယ်ဆိုတာ စမ်းသပ်နိုင်ပါတယ်။တစ်မျိုးကို ကျပ်၃၀၀၀ဝန်းကျင်ရှိမယ်ထင်တယ်(တချို့မြို့နယ်ရုံးတွေက အခမဲ့ကူညီပေးပါတယ်)

348 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ.​​.မြေကြီးအ​​ခြေအ​နေသိရ​အောင်ဓါတ်ခွဲချင်တာပါ

111,325 လွန်ခဲ့သော ၆ နှစ် က

ဘာကို ဆိုလိုတာလဲ ခင်ဗျား မြေပြင်တာကိုပြောတာလား။မြေကြီးဓါတ်ခွဲကြည့်ချင်ရင် မြို့နယ်စိုက်ပျိုးရေးရုံးမှာ အကူညီတောင်းလို့ရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။