အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ပန်းတနော်

စပါးကို ဓာတ်ဆားအစားထိုးရွက်ဖျန်းဆေးသုံးလို့ရပါသလား ဘယ်ဆေးတွေလဲသိပါရစေ

အပင်အာဟာရ စပါး သဘာဝမြေဩဇာ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

စပါးပင်ရဲ့သဘောသဘာဝက အမြစ်အားသန်မှပင်ပွားများများထွက်တာပါ။ဒါကြောင့်မြေကြီးကိုအစားကျွေးမှပိုသင့်လျော်မှာပါ။နောက်တစ်ခုကစပါးရွက်က ရွက်ဖျန်းဆေးကိုလက်ခံပြီးစုပ်ယူမှုမကောင်းပါ။အရွက်ရဲ့ သေးသွယ်ရှည်လျားမှု..ထောင်မတ်ပြီးကွေးညွတ်နေမှု နဲ့ပိန်းရွက်လိုမျက်နှာ ပြင်ချောမွတ်နေမှုတွေကြောင့် ရွက်ဖျန်းဆေးသုံးပါက အကျိုးရှိမှုနည်းပါတယ်။စပါးနဲ့ပြောင်းတို့ကအစားကြီးတဲ့အပင်မျိုးတွေဖြစ်တာမို့ မြေကြီးကနေအစာကျွေးတာအမှန်ကန်ဆုံးပါ။

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

မရပါ စပါးမှာ မြေဆီက အဓိကပါ ရွက်ဖျန်းက ဖုံးတုံးလုံးလုံး တကြိမ်လောက်ပဲ ဖျန်းပါ

116 လွန်ခဲ့သော ၆ နှစ် က

ဓာတ်ဆားလျော့သုံးပြီးရွက်ဖျန်းနည်းနည်းပိုသုံးရင်ဖြစ်နိုင်မလားခင်ဗျ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

စပါးက ရွက်ဖျန်းထက် မြေသြဇာကြဲတာက ပိုအဆင်ပြေပါတယ် အစားထိုးဖို့ဆိုဒါ မလွယ်ဘူး ရွက်ဖျန်းဆေး ဆိုဒါ အကြောဆေးသွင်းတဲ့သဘောမျိုးပါ မြေဆဲကြဲတာက ထမင်းစားတဲ့သဘောပါ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။