အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,481
လွန်ခဲ့သော ၆ နှစ် က · အင်းတော်

ဒီလိုရာသီမှာဘာတွေစိုက်သင့်လဲ ? သခွား ခရမ်းချဉ် စတဖြင့်ကေါ့

စိုက်ပျိုးနည်း အာလူး
2

ဖြေကြားချက် ၂ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

ဒီလိုရာသီမှာ ဘာစိုက်သင့်တယ်လို့ တွေဝေစဉ်းစားနေစဉ်မှာပဲ တစ်ရက်အစိုက်ဦး တစ်ရက်အခွင့်ပိုသာတဲ့ စိုက်ပျိုးရေးရဲ့ အခါကောင်းတွေကို အချီးနှီးဆုံးရှုံးသွားစေပြီဖြစ်တယ်။တပေါင်းလပြည့်ကျော်တာနဲ့ ဗူးပင်ပျိုးထောင်သင့်တယ်။သက်လတ်မျိုးကို ရွေးချယ်သင့်ပါတယ်။မိုးကလေး အေးအေးရွာတဲ့အခါ ဗူသီးရုပ်ကောင်းဟင်းက ဝက်ခြေတောက်ပြုတ်လိုပဲ ကောင်းပါတယ်။ရုပ်သီးစိမ်းအတောက်သေးကို ပျိုးကျဉ်းပြင်သင့်တဲ့အခါပါပဲ။မိုးစိုက် ချဉ်ဘောင်မျိုးစေ့ကို နေထုပ်လန်းပြီး တန်ခူးဝင်တာနဲ့ ကြဲစိုက်ဖို့ပြင်ဆင်ရမယ်အခါပါပဲ။ရုံးပဒေနှင့် သခွါးကို စဉ်းစားနေရမယ့် သီးနှံမဟုတ်ဘူး။ရေပေးနိုင်ရင် အချိန်နည်းနည်းစောစိုက်တာဟာ ရာသီခွင်မှာ ဈေးကွက်ကို သရဖူရစေတတ်တယ် မဟုတ်လား။ငရုပ်ပျိုးရင် ခရမ်းပါ ပျိုးသင့်တယ်လို့ စဉ်းစားမိပြန်တယ်မဟုတ်လား။ကဆုန် နယုန်ရဲ့ ဈေးမှီ မုန်လာဥဖြူကြီးကိုပါ စိုက်ခင်းတစ်ပြင်လောက် စဉ်းစားမိတယ်မဟုတ်လား။မိုးသံ လေသံကိုနားစွင့်ကြည့် မြေရနံ့နဲ့ မနက်ဖြန်ဆိုတာ ပျိုးအောင်မှ ဈေးဘောင်မှာ အကျိုးအောင်မြင်မယ် မဟုတ်လားခင်ဗျား

116 လွန်ခဲ့သော ၆ နှစ် က

ငှက်ပျောပင်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။