ကျွန်တော်စပါးနှံတွေဒီလိုဖြစ်နေတယ်ဗျဘာလိုအပ်လဲဆိုတာသိတဲ့ဆရာများကူညီကြပါ
အဓီကကတော့အပူအာအကြီးဆုန်းတပိုတွဲတပေါင်းဒီနှစ်လမှာအဖူးအပွင့်လာချိုန်အဆိုဓါတ်မရှိရင်ဆိပ်ကူးမရင်တော့နဲ့ထင်သလောက်မရနိုင်ဘူးရောဂါကြမယ်ပိုးကြမယ်ဆေးကူရင်ဆေးဖိုးပါအစစ်ရှုန်းမယ်
ဟုတ္ကဲ့ေက်းဇူးပါ
ကျနော်က မိုးစပါးမှာ စပြီး ကြုံတွေ့ဖူးတာ အဲဒီတုန်းက ဖုံးတုံးလုံးတုံးချိန် မိုးအရမ်းရွာနေတာ ပေါင်းသတ်ဆေးလည်း ဖျန်းထားတော့ ဘာကိုရိုးရမှန်းမသိဖြစ်ခဲ့တယ်
U Mg Mg Aye fb အကောက်ကနေ တွေ့လို့ ကူးလာတာပါ
ပဟေဠိ အဖြေညှိရမဲ့... နွေစပါးခင်းအတွင်းက... ကြီးထွားလာတဲ့ပြဿနာ... ... ~ နွေစပါးမှာ... အပြွတ်လိုက်ကိုအဖျားဆွတ်တာ (ဆရာသမားတစ်ဦးက သားဦး အဖတ်မတင်ဟု တင်စားကာပြ) ~ လွန်ခဲ့တဲ့ ၅နှစ်လောက်ကထဲက သီးထပ်ရင်မျိုးမှာ အနည်းအပါး စပြီးတွေ့လာခဲ့တာမှတ်မိကြမှာပါ ~ မျိုးကြောင့်လား(Variety) ... ရာသီဥတုကြောင့်လား(Climate Change) ... အဟာရဓာတ်ချို့တဲ့လို့လား (Soil Fertility) ... စသည်..စသည်နဲ့ပေါ့... ... ~ ဒီနှစ်တော့... နေရာဒေသမရွေး ... အတော်များများ ကြီးထွားလာတဲ့ ပြဿနာ ဘာကိုအဖြေရှာရမလဲ.. ~ လယ်သမားများမှာ ဇဝေဇဝါနဲ့... နှံစုတ်ပိုးလိုလို ဘာလိုလိုနဲ့... ~ မိတ်ဆွေပိုးလည်းသတ်မလိုလုပ်ရဲ့ ~ ပါးစပ်ပေါက် ရောက်ခါနီးမှ ဆိုတော့ ဆေးဖျန်းမယ်လုပ်... ဖျန်းတဲ့သူကလည်း တစ်ဧက ၁၀၀၀၀/-ကျော်သာကုန်... မောင်ပုံ စောင်းမတတ်သလိုဖြစ်.. ~ စပါးတစ်နှံ တစ်စေ့သာ အဖျားဆွတ်(Blanking)... ပျမ်းမျှ (၆~၁၀)စေ့သာဆို... တစ်ဧက(၁၂~၂၀)တင်း... ဝင်ငွေ(၆၀၀၀၀~၁၀၀၀၀၀)ကျပ် ဆုံးရှုံးသွားတာ မသိရှာ... မိအေးနှစ်ခါနာတဲ့အဖြစ်... ~ ယဥ်ယဥ်လေးနဲ့ရူးတဲ့ပြဿနာ... သို့လော..သို့လောနဲ့... ~ ဝေဝေဝါးဝါး မမှီမကန်းနဲ့... လှန်လှောရှာကြည့်လိုက်တော့... ~ ဒီနှစ်က အအေးလှိုင်းဖြတ်တဲ့ ပြဿနာ (ငယ်ငယ်တုံးကဆို ဂုန်နီအိတ်စွတ်ပြီးအိပ်ခဲ့ရတာ).. ~ မှို့ကပ်ချိန်လွန် ညအပူချိန်က (12~19C)... (Pollen is sensitive to low Temperature 7~10 day after panicle initiation. ) ~ အဆံမတည် သိသာစွာမြင်ရတာ ပန်းပွင့်ပြီး(၁၀)ရက်အကြာ... ~ သာမန်နှစ်ဆို ၁၂%ခန့်သာဟု သုတေသီကဆို... ~ ဒီနှစ်ကတော့ ၂၀%အောက်မလျှို ~ ဘယ်လိုကုစားမလဲဆို... Water Management... - အေးတဲ့ရေကိုနွေးလာစေဖို့... - ဖုံးလုံးချိန်မတိုင်မီ ၃ပတ်အလို ဂွရောက်အောင်(၆~၈)လက်မခနျ့ (၇~၂၁)ရက်အကြာ ရေသာတင် လေထုအပူချိန်ထက် ရေထု အပူချိန်က(၃~၅)Fအထိ နွေးလာတယ်ဆို့ပါ့... - ဒါဆို အဆံမတည်တာ... 22.2%ကနေ17.8%အထိ အဆံမတည်တာ လျော့ကျလာ တယ်လို့တွေ့ ပါသတဲ့... ~ ဒီလို ညအပူအေးလို့အပြင်... ~ မျိုးနဲ့ မြေဆီလွှာဖွံ့ဖြိုးလာအောင် စီမံပေးနိုင်ရင် အဆံမတည်တာ လျော့ကျနိုင်မယ်လို့ဆိုပါတယ်... (Varity&Fertility Manage ment can also result in varying amounts of Blanking) ~ ကွင်းထဲမှာလည်း မျိုးတစ်မျိုးနဲ့ တစ်မျိုးအဆံမတည်တာကွာခြား သလို ပိုတက်ရှ်သုံးတဲ့သူနဲ့... မသုံးတဲ့သူ(Balance) ကွာတာ လည်းတွေ့ရဆိုတော့... ... ~ Extension သမားမို့... မမှီမကန်းနဲ့ ... တုံးခုပြီးလှမ်းရဆိုတော့.. ~ တတ်သိပညာရှင်များအနေနဲ့... တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကြီးထွားလာတဲ့ပြဿနာကို ဝိုင်းဝန်းအဖြေရှာ(အဖြေသိပြီး လည်းဖြစ်ပါလိမ့်မည်)ပေးနိုင် ပါရန် အဖျားဆွတ်တဲ့ ပိုစ့်ကို တင်ပြရခြင်းဖြစ်ပါသည်... ...
စပါးကတော့ ပခန်းပါကျွန်တော်ဆီမှာ၁နှစ်သားပါ
မဖြန်းပါဘူး မှိုဆေးပဲဖြန်းတာပါ
နောက်တချက်က စပ်မျိုးစပါးတွေ ၃နှစ်ကျော်ရင်လည်း ဖြစ်တတ်တယ်နော်
မှို့ကပ်ပြီးမှ ပေါင်းသတ်ဆေးဖျန်းထားလား (24D အုပ်စု သို့မဟုတ် Fenoxa) တခုခု
ဆက်စပ်မေးခွန်းများ
ဒီနှစ်မိုးစပါးဘယ်မျိုစိုက်ရပါမယ်သက်ကြီးစပါးတဲ့ကအဆင်ပြေမယ်စပါးများရှိရင်ပြောပေးပါလား
ဖြေကြားချက် 2 ခု
ဒါဘာပိုးကိုက်တာလဲစပါးအနှံထွက်ခံနီးပြီး စပါးနှံထိခိုက်သလားဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
ဘာရောဂါလဲဆရာတို့ရေ
ဖြေကြားချက် 4 ခု
မြေဆီလွာ ထဲ မှာ ပါ ဝင် တဲဓာတ် တွေ ဘယ် လို ဌာနတေမှာဓာတ် ခွဲ စစ် ဆေး လို ရပါ သလဲခင်း ဗျား
ဖြေကြားချက် 3 ခု
နေ့စဉ်ဈေးနှုန်းလေးတွေကိုရအောင်လုပ်စေချင်ပါတယ် ၂၀ ရက်နေ့အထိပဲကြည့်လို့ရပါတယ်။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။