အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,151
လွန်ခဲ့သော ၆ နှစ် က · တောင်ငူ

စိမ့်မြေ/စမ်းပေါက်မြေပါ။မြေအမျိုးအစားက သဲဆန်ပြီး မြေမကောင်းပါ။ မြက်ခါး နဲ့မြေဇာမြက်ဘဲပေါက်ပါတယ်။ မြေပြင်နည်းသိ...

စိမ့်မြေ/စမ်းပေါက်မြေပါ။မြေအမျိုးအစားက သဲဆန်ပြီး မြေမကောင်းပါ။ မြက်ခါး နဲ့မြေဇာမြက်ဘဲပေါက်ပါတယ်။ မြေပြင်နည်းသိချင်ပါတယ်။အိမ်ခြံဝင်းအတွင်း သီးပင် စားပင်စိုက်တာ အဆင်မပြေလို့ပါ။ကျေးဇယးတင်ပါသည်။

စိုက်ပျိုးနည်း ကင်းပွန်းချဉ်
4

ဖြေကြားချက် ၄ ခု

2,151 လွန်ခဲ့သော ၆ နှစ် က

အိမ်ရှေ့မှာ ပျဉ်ကတိုးပင်ရှိလို့ ရွက်ခြောက်တွေကို ကြွင်တူးပြီးထည့်ပါတယ်။အပင်မစိုက်ခင်ပါ။

2,151 လွန်ခဲ့သော ၆ နှစ် က

ပေါက်တူးပေါက်လိုက်ရင် ရေပန်းထွက်ပါတယ်။မြေပြင်မှာ ရေမတင်ပါ။စိမ့်အားကောင်းပါတယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ရနိုင်ရင်တော့နုံးမြေ/မြေစေးတွေချပေးပါ။နွားချေးဆွေး,မြေဆွေး,သစ်ရွက်ဆွေးတွေထည့်ပေးပါ။သစ်စိမ်းမြေသြဇာအသုံးပြုပါ။ဥပမာ..ကုက္ကိုရွက်, ဘောစကိုင်းရွက်,ညံရွက်,ဒန့်ကျွဲအရွက် တွေချပေးပါ။သဲဆန်မြေဆိုတော့အာဟာရဓာတ်တွေကအလွန်နည်းပါးနေပါတယ်။

111,325 လွန်ခဲ့သော ၆ နှစ် က

မိုးတွင်းမှာ ရေဘယ်လောက်ရှိလဲ။ဘယ်လောက်ကျယ်ဝန်းလဲ။မြေပြင်ကို ပုံတင်ပါလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။