အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိုးထက်
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

လုပ်ကြပါအုံးဆရာတို့အပွင့်တွေအရင်းကနေအကုန်ကြွေကြကုန်ပီဘာဖြစ်တာလဲအပွင့်ဆွဲခွာလိုက်ရင်အသီးလေးတွေပါသွားတယ်တခင်းလုံးလဲဖွေးကျမ်းနေတာပဲဆရာသမားတိုအကြံပြုပါအုံးတနေတချားပိုဆိုလာတယ်

ပိုးမွှားရောဂါ နှမ်း နှမ်းပန်းပွင့်ကြွေခြင်းပြဿနာ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,447 လွန်ခဲ့သော ၆ နှစ် က

ပုလဲ+လက်ချား ပွင့်သီးအားကောင်းဆေး ဖျန်းပေးပါ။(ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း +လက်ချား ၄ဇွန်းနှုန်း ဖျန်းပေးပါ)

U Aye Naing
U Aye Naing အတည်ပြုပြီး 180,447 လွန်ခဲ့သော ၆ နှစ် က

အာဟာရချို့တဲ့ရင်,ရေအစိုဓာတ်လိုအပ်နေရင်,လေထုအပူချိန်မြင့်မားနေရင်,လေပြင်းတိုက်နေရင်....အပွင့်တွေကြွေတတ်ပါတယ်။နောက်အပွင့်တွေအသီးတင်အောင် ရေသွင်းပေးပါလား။ရေနည်းနည်းနဲ့မြန်မြန်လေးပေါ့။အပင်တွေကပွင့်ဦးကြွေတတ်တာမို့စိတ်မပျက်ပါနဲ့။ပန်းပွင့်ချိန်နဲ့သီးကင်းဝင်ချိန်တွေမှာ အစိုဓာတ်လိုအပ်တာမို့ ဒါကိုဆောင်ရွက်နိုင်မယ်ဆိုရင် ပွင့်သီးတွေကောင်းလာပါလိမ့်မယ်။

ညီညီ
ညီညီ 111,352 လွန်ခဲ့သော ၆ နှစ် က

ရေမှန်မှန်သွင်းပေးဖို့လိုပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာသမားများဖြေကြားပေးပါအုံးဗျ အဖူးလေးတေကမပွင့်ပဲကြွေကျနေလို့ ဘယ်လိုလုပ်ရမလဲဗျ

ဖြေကြားချက် 4 ခု

အသီးမတင်ပဲအပွင့်တွေကြွေနေလို့ဘာအပ်လို့လည်းပြေားပြပေးပါဆရာသမားတို့

ဖြေကြားချက် 6 ခု

နှမ်းပင်တွေကသီးပွင့်အားဆေးဖြန်ပီနောက်ပိုင်းအပွင့်အရမ်းကြွေနေတယ်ကြွေတဲ့အပွင့်ကလဲအဖူးသာသာပဲရှိသေးတယ်ဘာကြောင်ဆရာ...

ဖြေကြားချက် 6 ခု

နှမ်းမှာအရွက်အပင်ရဲ့စိမ်းရောင်တောက်ပမူ့ဘာမှပြောစရာမရှိပါဘူးအပွင့်တွေကကြွေလိုက်နေတယ်နောက်ပီအပွင်တွေမှာအမဲပြောက်...

ဖြေကြားချက် 1 ခု

နှမ်းပင်းကအပွင့်မတင်ပဲကြွေကျနေပါတယ်ကယ်လ်ဆီယံနဲ့ဘိုရွန်ပါတဲ့အသီးပွင့်ရွက်ဖျန်းအားဆေးသုံးရင်ကောင်မလားအပွင့်တွင်း...

ဖြေကြားချက် 4 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။