ဖြေကြားချက် ၁ ခု
အစေ့များကို သင့်တော်သောပုံး၊ပုလင်း၊သေတ္တာအတွင်း သဲ၊လွှစာ စသည့်အခံပစ္စည်းများအကြား အလွှာလိုက်စီပြီး အစိုဓာတ်နှင့် အအေးဓာတ်ကို ပြိုင်တူပေးခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ရာတွင် အစေ့၏ အရွယ်ပမာဏနှင့် သဘာဝအပေါ်မူတည်၍ လုပ်ဆောင်သည့်ပုံ သဏ္ဌာန်ကွဲပြား နိုင်ပါသည်။ ဤသို့ပြုလုပ်စဉ်ကာလအတွင်း ပင်လောင်းအတွင်း၊ဇီဝကမ္မများပြောင်းလဲပြီး ပင်လောင်းများ ရင့်ကျက်နိုးကြားလာသည်။ အသီးအတွင်းရှိနေသော အညှောက်ပေါက် တားဆီးပစ္စည်းများ (Germination inhibitor) ဓာတ်ပျက်ပျောက်ဆုံးခြင်းကြောင့် အချို့သော အစေ့များမှ ထို(Stratification) ကာလအတွင်း၌ပင် အညှောက်ပေါက်လာ တတ်ကြသည်။ ကျွန်းသီးများမြေသို့ကျကျခြင်း၊ အညှောက်မပေါက်ခြင်းမှာ ဝန်းကျင်တစ်ခုအတွင်း ကျွန်းပင်ငယ်အခြေချ ရှင်သန်ရေးတွင် မရောရာ၊ မသေချာမှုများကိုရှောင်ရှားခြင်းဖြစ်သည်။ ကျွန်းသီးများ၏ အညှောက်ပေါက်မာယာသည် ဤကမ္ဘာတွင်ကျွန်းမျိုးနွယ် တည်တံ့ရေးအတွက် အထောက်အကူဖြစ်စေသော ယန္တရားတစ်မျိုးသာ ဖြစ်သည်။ နှိုးဆွပစ္စည်းများဖြစ်သော ပိုတက်စီယမ် နိုက်ထရိတ်(Potassium Nitrate)၊ သိုင်အိုယူရီးယား(Thiourea)၊ လစ်တိုစင်(Litosen)ကဲ့သို့သော နှိုးဆွပစ္စည်းများသည်လည်း ကျွန်းသီးများ အညှောက်ပေါက်ခြင်းကို အထောက်အကူများစွာဖြစ်စေနိုင်ပါသည်။ အောင်မြင်သော အညှောက်ပေါက်ခြင်းသည် ကျွန်းပျိုးပင်များထုတ်လုပ်ခြင်း၏ အဓိကကျသော အချက်ဖြစ်ရုံမက ကျွန်းစီးပွားဖြစ်စိုက်ပျိုးရေး ၏ရှေးဦးလိုအပ်ချက် ဖြစ်သည်။ ကိုးကား - ဦးဖရက်သိန်းဖေ
ဆက်စပ်မေးခွန်းများ
ဝါပင် နှင့်ပက်သက်တာလေး အသေးစိတ်သိချင်လို့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်
ဖြေကြားချက် 1 ခု
လက်ဖက်ပြုစုပုံများကိုသိလိုပါတယ်
ဖြေကြားချက် 1 ခု
Can you tell me the name of disease and plant?
ဖြေကြားချက် 1 ခု
လျှော်ဖြူပင်စျေးကွက်အတက်အကျ အခြေအနေသိချင်ပါတယ်။
ဖြေကြားချက် 1 ခု
လျှော်ဖြူ ခြံ အငှါးလုပ်လို့တဲ့ ကုမ္ပဏီ ရှိရင်သိချင်ပါတယ်
ဖြေကြားချက် 0 ခု