အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,276
လွန်ခဲ့သော ၆ နှစ် က · တောင်တွင်းကြီး

နိုက်ထရိုဂျင်နဲ့ ဆာဖာတွဲသုံးရင်း မြေပျက်စီးလားအပင်ထိခိုက်လားဘာဖြစ်မလဲဖြေကြားပေးပါအုံး

မြေဆီလွှာ အာလူး

ဖြေကြားချက် ၂ ခု

174 လွန်ခဲ့သော ၆ နှစ် က

နိုက်ထရိုဂျင်ဓာတ်ဆုံးရှုံးမှုနည်းအောင်ဆာလဖာကိုတွဲပြီးသုံးပေးရတာပါ။ဆာလဖာကအနည်းလိုအဟာရဓာတ်ပါ။တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းသင့်တင့်မျှတအောင်သုံးသင့်ပါတယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နိုက်တြိုဂျင်နဲ့ဆာလ်ဖာတွဲသုံးရင်မြေပျက်စီးတယ်ဆိုတာကိုမကြားမိသေးပါဘူး။အဲ..ဆာလ်ဖာများရင်တော့ အပင်သေတတ်ပါတယ်..ဆာလ်ဖာအဆိပ်သင့်(ကန့်အဆိပ်သင့်)မှုတွေဖြစ်တတ်ပါတယ်။ အပင်အတွက် အသင့်တင့်တော့လိုအပ်တာပေါ့ဗျာ။ပဲမျိုးရင်းဝင်အပင်တွေ မြစ်ဖုအား ကောင်းစေဖို့ရယ်,ပရိုတင်းဓာတ်တွေဖြစ်လာဖို့ရယ်,အစေ့အဆံပြည့်ဝဖို့ရယ်...စတာတွေအတွက် ဆာလ်ဖာလိုအပ်ပါတယ်။ဂျစ်ပဆမ်ကျောက်မှုန့်မှာဆိုရင် ထုံးဓာတ်(ကယ်လ်ဆီယမ်)နဲ့ကန့်ဓာတ်(ဆာလ်ဖာ)ပါဝင်ပါတယ်။ နိုက်တြိုဂျင်,​ဖော့စဖိတ်,ပိုတက်ဓာတ်တွေနီးပါအပင်ကဆာလ်ဖာကိုစားသုံးပါတယ်။ ဒါကြောင့် ဂျစ်ပဆမ်ကိုနှစ်စဥ်သုံးစွဲသင့်ပါတယ်။နိုက်တြိုဂျင်ကိုနှစ်စဥ်သုံးစွဲပြီးလွန်ကဲရင်မြေပျက်တတ်ပါတယ်။(ပုလဲအသုံးများသောဆေးရွက်ကြီးစိုက်ခင်းမြေများကျပ်ခဲပြီးပျက်စီးတာလက်တွေ့ပါ)။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။