ဖြေကြားချက် ၁ ခု
အသီးတင်တယ် ဆိုရင် အသီးပေါ် အပေါက်ရာတွေ့ရင် သီးလုံးထိုးယင်ကြောင့် ဖြစ်တာပါ။ Guava Fruitfly ရဲ့ အကောင်ကြီးတွေက မမှည့်တမှည့် ရင့်မှည့်နေတဲ့ အသီးပေါ်မှာ အပေါက်ဖောက်ဥပြီး ဥကပေါက်တဲ့လောက်ကောင်တွေ က အသီးအသားကို ဖျက်ဆီးပြီးမကောင်းတဲ့အနံ့ဖြစ်စေတာပါ ၁။ ဖျက်ဆီးခံရပြီး ကြွေကျအသီးတွေကို စိုက်ခင်းထဲမရှိအောင် ပြုလုပ်ပါ။ ၂။ မီသိုင်းယူဂီနော (Methyl eugenol ) နှင့် Malathion 50 EC မာလာသီယွန် ၅၀ EC ကို ဆတူရောပြီး ထောင်ချောက်တစ်ခုတွင် ၁၀ မီလီလီတာဖြင့် တစ်ဧကလျှင် ထောင်ခြောက် ၁၀ ခု အသုံးပြုပါ။ ၃။ မာလာသီယွန် ၅၀ EC ကို 0.05 % ဖြင့် အပင်တွေပေါ် ဖြန်းပါ။ ၄။ ရေတစ်လီတာလျှင် တင်လဲရည် သို့ ထန်လျှက် ၁၀g အရောတွင် ပိုးသတ်ဆေး Fenitrothion 50EC တစ် မီလီလီတာနှုန်း သို့ Malathion 50EC ၂ မီလီလီတာနှုန်း သို့ Dimethoate 40EC တစ် မီလီလီတာနှုန်း တို့မှ တခုခု ရောစပ် အဆိပ်ခဲပြုလုပ်ပြီး အသီးမမှည့်မှီ ၂ ပတ်ခြား တစ်ကြိမ်ပြုလုက်ပါ။ အသီးများအား အိတ်စွပ်ခြင်းအားဖြင့်လည်း သီးထိုးယင်ကို ကာကွယ်နိုင်ပါတယ်။ နွေအခါတွင် မြေမှာရှိတဲ့ သီးထိုးယင်ရုပ်ဖုံးမျာကို ထယ်ထိုးနေပြခြင်းဖြင့်လည်း နှိမ်နင်းနိုင်ပါတယ်။ ဒါပေမယ့် အသီးတင်ပြီး အသီးပေါ် ဘာဒါဏ်ရာမှ မတွေ့ရင် သီးလုံးဖောက်ပိုးပါ။ လောက်ကောင်ကို အသီးထဲတွေ့ရမှာပါ။ ပန်းပွင့်တဲ့အချိန်ထဲက အပွင့်မှာရှိနေခဲ့ပြီး အသီးဖြစ်တဲ့အချိန်ထိ အသီးထဲရောက်ပြီးဖျက်ဆီးတာပါ။ အခင်းထဲ ပိုးကျအသီးများ ကြွေကျနေခြင်းရှိပါက ရှင်းလင်းပါ။ ပေါင်းမြက်များက ပိုးလက်ခံပင်များဖြစ်လို့ ပေါင်းရှင်းပါ။ ပန်းစပွင့်ချိန်နဲ့အသီးတင်ချိန်တွေမှာ Malathion 50 EC 0.1 % ကို ပက်ဖျန်းပါ။ ဆေးဖျော်စပ်မှုကို ဆေးဝယ်တဲ့ဆိုင်မှာ ဖျော်စပ်နည်းမေးပြီး သုံးစွဲပါ။
ဆက်စပ်မေးခွန်းများ
အပင်အဟာရ ရရှိအောင်ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 1 ခု
EMပျော်ရည်အသုံးဝင်ပုံ
ဖြေကြားချက် 1 ခု
ကျွန်တော်ကမကွေးတိုင်း မင်းတုန်းမြို့ကပါ ကျွန်တော်တို့ဆီကစိုက်ပျိုးလို့ရတဲ့သီးနှံတွေကိုစီးပွားဖြစ်စိုက်ပျိုးပီး...
ဖြေကြားချက် 1 ခု
သင်္ဘောပင် အရွက်ဝါ အရိုးတို ဆစ်ကြားတွေ တိုနေလို့ပါအကြံပြုပါအုန်း ဆရာတို့
ဖြေကြားချက် 1 ခု
တောင်ဆောင်းတွေမှာတောပတ်ပင်ကိုဘယ်နှစ်ပေခြားသင့်သလဲ ပြီးတော့ကျင်းဘယိလောက်တူးရမှာလဲခင်ဗျာ
ဖြေကြားချက် 1 ခု