ဖြေကြားချက် ၃ ခု
ဓါတုမြေဩဇာတွေ မရှိခင်က သဘာဝအတိုင်းဖြစ်ပေါ်လာသော မြေဩဇာများကို အသုံးပြုခဲ့ကြပါတယ်။ ကောင်းသောရေဆင်းနှင့်ပြည့်စုံသောမြေများကို ရွေးချယ်စိုက်ပျိုးခဲ့ကြပါတယ်။ယနေ့စိုက်ပျိုးမှုအသွင်သဏ္ဌာန်နှင့်တော့ များစွာခြားနားပါတယ်။ လယ်ကို မိုးမကျမှိ မြေဆွေးမျာချပေးခြင်းတွင်လည်း စပါးရိပ်ပြီး နောက်ကျမိုးလက်ကျန်များရွာသွန်းချိန်တွင် မြေလှန်းပေးပြီ နွာချီးနှင့် ေမြဆွေးများကို လှည်းများဖြင့် လယ်ထဲသို့ ချခြင်း၊ကျွဲနွားဖြင့် ယှဉ်တွဲ၍ လယ်ယာစိုက်ပျိုးစနစ်ကိုခင်းကျင်းခြင်းကြောင့်၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးသည် အပြန်အလှန် ဒွန်တွဲလျက်ရှိခြင်း၊နွားများအတွက် သီခြားစားကျက်မြေထားရှိခြင်းတို့သည် ယနေ့မြေယာစနစ်နှင့် များစွာခြားနားပါသည်။မြေယာတို့၏ စနစ်အခင်းကျင်းသည် သူတလူငါတမင်းစနစ်မျိုးမဟုတ်ခြင်း၊ဗုဒ္ဓဘာသာလူမှုစနစ်ကိုကျင့်သုံးခြင်းနှင့်ယှဉ်လျက် စုစည်းထားသော ဘုံဝါဒသဘောတရားရှိခြင်းကြောင့် မြစ်ချောင်း အင်းအိုင်မှစ၍ တောတောင်မြေယာအားလုံးသည် သူ့သဘာဝ သူ့အကျင့်တရား သူသဘောနှင့်သူ အကြောင်းအကျိုးဥပဒေသတို့ရှိကြသည်။စနစ်ပြောင်းခေတ်ပြောင်းတို့သည် မိမိတိုင်းပြည်၏ အရှိတရားတိုင်းကိုအခြေပြုရခြင်းကြောင့် ဝိဝါဒ ဗဟုသဘောပြုခြင်းတို့သည်လည်း ယနေ့နှင့်တော့ မတူညီနိုင်ပါ။
ဟုတ်ဖြေပေးတာကျေးဇူးပါဒါပေမယ့်စိမ်းကြည့်မယ်
မေးလို့သာဖြေရတယ်..အော်ဂဲနစ်သီးနှံစစ်စစ်ဖြစ်ဖို့မလွယ်ဘူးဗျ။နည်းပညာ တိုးတက်တဲ့နိုင်ငံတွေတောင်အနည်းအကျဥ်းဘဲလုပ်နိုင်သေးတယ်။မြေ,မျိုး,စိုက်ပျိုးနည်းပညာ အစစအရာရာ တိကျမှန်ကန်စွာလုပ်ဆောင်ရပါတယ်။စစ်ဆေးခံရပါတယ်။အသိအမှတ်ပြုလက်မှတ်ရအောင်ဆောင်ရွက်ရပါတယ်။အထွက်နှုန်းကလည်းထက်ဝက်နှုန်းလောက်ကျသွားတာကြောင့်စွန့်စားမှုတွေရှိပါတယ်။စပါးသီးနှံဆိုရင်အစားများများစားတာကြောင့်လိုအပ်တဲ့အာဟာရဓာတ်ကျွေးမှအထွက်ကောင်းနိုင်တာပါ။အော်ဂဲနစ်နည်းနဲ့စိုက်မရဘူးလို့မပြောလိုပါ။စိုက်၍ရပါတယ်။စွန့်စားလုပ်ဆောင်ရမှာရယ်,စျေးကွက်မရှိသေးတာရယ်ကြောင့်အချိန်ကာလတစ်ခုအထိကြာဦးမယ်ထင်တယ်။
ဆက်စပ်မေးခွန်းများ
စပါးအထွက်တိုးအောင်ဘယ်လိုလုပ်ကမလဲ့
ဖြေကြားချက် 5 ခု
စပါးကို ပင်ကြား တန်းကြား ဘယ်နှစ်လက်မ ခြားရင်အကောင်းဆုံးလဲ
ဖြေကြားချက် 2 ခု
စပါးအခြောက်ကြဲရင်စိပ်တာကောင်းသလားကျဲတာကောင်းသား
ဖြေကြားချက် 2 ခု
ကျွန်တော်မေးချင်တာလေး ရှိနေလို့ အခု မိုးစပါး စိုက်ပျိုးချိန်တွင် တံတန်ကြဲနဲ့ စမ်းသပ်ချင်လို့ ဘယ်လိုအခြေနေမျိုး...
ဖြေကြားချက် 2 ခု
စပါးစိုက်ပျိုးနည်းလေးရှင်းပြပေးပါ မြေအမျိုးစား ကတော့ မြေနီ မြေသြဇာမထည့်လျှင် မဖြစ်ထွန်းတော့ အခြေအနေမျိုးပါ...
ဖြေကြားချက် 0 ခု