အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၆ နှစ် က · ယင်းမာပင်

ပုံမှာပါတဲ့အဖြူလုံးတွေကရောဂါလားပိုးမွှားလား

ပိုးမွှားရောဂါ ကွမ်း
Post image
3

ဖြေကြားချက် ၃ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

အဲ့ အဖြူလုံးလေးတွေက ရောဂါလည်းမဟုတ် ပိုးမွှား မဟုတ်ပါ။ ကွမ်းပင်တွေအပါအ၀င် အချို့သစ်ပျော့ပင်တွေမှာ သူတို့မကြိုက်တဲ့ ဖိအားတစ်ခုခုကို ခံနေရပီဆိုရင် အဲ့လို အဖြူလုံးလေးတွေ ထုတ်လေ့ရှိတယ်။trichome လို့ ခေါ်တာပေါ့ အဓိကအားဖြင့် အောက်ပါ အချက်သုံးချက်ကြောင့် ထုတ်ပါတယ် (၁)နေအရမ်းပူပီး ပတ်၀န်းကျင်အပူချိန် မြင့်လွန်းနေရင် ကွမ်းပင်က သူ့အပင်ကနေ ရေငွေ့ပျံမှုကို ဟန့်တားလျော့ချဖို့ အဲ့ trichome လေးတွေကို ထုတ်ပီး ကာကွယ်ပါတယ် (၂) လေအရမ်းတိုက်ရင်လည်း ပင်ငွေ့ပျံမှု များနိုင်တာကြောင့် ကွမ်းပင်အနေနဲ့ ရေဆုံးရှုံးမှုနည်းအောင် trichome လေးတွေ ထုတ်ပီး ခုခံပါတယ် (၃) ကိုယ့်အပင်မှာ ပိုးမွှားရောဂါ ကျနေလား စစ်ဆေးကြည့်လိုက်ပါ။ စုပ်စားပိုး၊အရွက်စားပိုး ကျရောက်နေမယ်ဆိုရင် အပင်အနေနဲ့ အဲ့ဒီပိုးတွေဖျက်ဆီးမှုကိုကာကွယ်လျော့ချဖို့အတွက် trichome လေးတွေ ထုတ်ပါတယ်။ အဲ့ဒီ့trichome လေးတွေကြောင့် အပင်ရဲ့ အထွက်နှုန်းကိို မထိခိုက်နိုင်တဲ့အတွက် ဆေးဖြန်းစရာမလိုဘဲ လက်ကလေးနဲ့ ဖယ်လိုက်ရုံဖြင့် ရပါတယ်ရှင့်။ သိထားတာလေးကို ကိုယ်သိသလို ပြန်မျှဝေပေးတာပါရှင့်။ အမှားပါရင်လည်း ပြန်ပြင်ပေးနိုင်ပါတယ်ရှင့်။

1,466 လွန်ခဲ့သော ၆ နှစ် က

ပျဥလေးတေပါ ရေပျင်းပျက်းလေးဖျန်းရင်ပျောက်သွားမှာပါ

174 လွန်ခဲ့သော ၆ နှစ် က

ဟုပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။