ဖြေကြားချက် ၅ ခု
စိုက်ပျိုးတဲ့အပိုင်းကတော့ မြေကိုအကျယ်6လက်မလောက်အကျယ်တူးပြီး ကျင်းအနက်ကို 5လက်လောက်တူးရင်အဆင်ပြေပါတယ် လက်ခံမြေသားမကောင်းလို့မြေဆွေးထည့်ပြီးစိုက်ဖို့လိုအပ်ရင်တော့ ကျင်းအကျယ်ကိုပြောင်လဲန်ုင်ပါတယ် ပျိုးပင်ချပြီဆိုရင်တော့ ပျိုးထုပ်ရဲအပေါ်ပိုင်းကို ကျင်းရဲ့ 0levelအထက် 1လက်မ သိုမဟုတ် 2လက်မခန့်ဖော်ထားပေးပါ အပင်လေရှူမြစ်အားလုံးမြုတ်အောင်မစိုက်ရပါ အမျာဆုံးမြေကြီးနဲ့levelလောက်ထိဘဲရပါတယ် ပျိုးပင်ချမဲ့မြေဟာရေဝပ်တဲ့မြေမဖြစ်ရပါ အလို စိုက်ပြီးရင်တော့ တပါတ်လောက်နေရင်မာလာမြိုင်ဆိုဒ်ပါနဲ့ မန်ကိုဇက်လေးတကြီမ်လောက်တွဲဖျန်းပေးပါ နောက်လတွေမှာလိုအပ်ရင်ဖျန်းပါ အစာကိုတော့တလသားလောက်မှ အနည်းငယ်စတင်ကျွေပါ အပင်ခြေမှာပုံကျွေးခြင်းမပြုရပါ အပင်နဲ့အနည်းငယ်ခွားပြီးပတ်လည်ကျွေး ပါ အပင်တနှစ်သားလောက်ထိ ယူရီးယား တမျိုးတည်းကျွေးလို့ရပါတယ် သဘာဝမြေသြဇာကတော့အဆင်ပြေသလိုကျွေးလိုရပါတယ် နောက်နှစ်တွေမှာNpkပါတဲ့ ကွန်ပေါင်းမြေသြဇာ သုံးလတကြိမ် သို့မဟုတ် လေးလတကြမ်ကျွေးခြင်းဖြင့်အသီသီးတဲ့အထိထိန်းသိမ်းသွားမယ်ဆိုရင် အပင်ကောင်းပြီအသီးတင်ပါတယ်ခင်ဗျာ
ကွမ်းသီးမျိုးစေ့ကိုအရင်ဆုံး4.6ပျိုအိတ်လေးတွေနဲ့စတင်ပျိုးထောင်ပါတယ် မျိုးစေ့လေးတွေအပင်ပေါက်လာပြီးဒဏ်ခံနိုင်လောက်တဲ့အချိန်မှာ ယူရီးယားအနည်းငယ်ကျွေးပေးရပါတယ် အပင်အနေထားပေါ်မူတည်ပြီးနောက်ထပ်ကျွေပေးတာမျိုးလည်ရှိပါတယ် ကျနော်ပျိုးတဲ့အချိန်ကတော့ သကြန်ပြီးလောက်ကစပြီးပျိုးပါတယ် 6လပိုင်းလောက်ဆိုရင်စိုက်လို့အဆင်ပြေတဲ့အပင်တွေဖြစ်နေပါပြီ စပျိုးတဲ့အချိန်ကနေစိုက်ပျိုးလို့ရတဲ့အခြေနေထိ ယူရီးယား1ကြိမ်မှသုံးကြိမ်အနည်ငယ်စီလိုအပ်သလိုကျွေးပေးရသလို မာလာမြိုင်ဆိုက်ပါ နဲ့မန်ကိုဇက် စတဲ့ကာကွယ်ဆေးကိုလည်းတလနှစ်ကြိမ်ဖြန်းပေးပါတယ် ဒါမှရောင်းရင်ဘဲဖြစ်ဖြစ် ကိုယ်တိုင်စိုက်ရင်ဘဲဖြစ်ဖြစ် ကောင်းမွန်တဲ့ပျိုးပင်လေးတွေကိုရမှာပါ မြေဆွေးကိုတော့ မြေကြီး နွားချေး နုန်းသဲ ဖွဲပြာရယ်ကိုရောစပ်အသုံးပြုထားပါတယ်
ကွမ်းသီးပင်စိုက်နည်းလေဝေမျှပေးပါလားခင်ဗျ
သိပ်တော့မမှတ်မိဘူး ချည်ငင်ကွမ်းသီး အိုးပေါက်ကွမ်းသီး ဖင်ရှည်။ ဖင်ဝိုင်း သလောက်ပဲ မှတ်မိတယ် ရှစ်မျိုးလောက်တော့ရှိမယ်ထင်တယ် မိုးကျရင်စစ်ုက်တော့တာပဲ အရိုင်းစိုက်7နနှစ်မြေဩဇာထည်စိုက်5နှစ်ဆြိရင်သီးပီ
ဆက်စပ်မေးခွန်းများ
အိမ်က ကွမ်းသီးပင်က စိုက်ထားတာ၃နှစ်ကျော်ပါပြီ အသီးလဲ စ သီးနေပေမဲ့ အသီးမတင်ဘူးဖြစ်နေပါတယ် ဘယ်လိုကြောင့်လဲဆိုတာ...
ဖြေကြားချက် 1 ခု
ကွမ်းသီးပင် အပူခံနိုင်အောင်ဘာဆေးသုံးရင်ကောင်းမလဲ
ဖြေကြားချက် 2 ခု
အခုကွမ်းသီးဈေးကျနေတယ် နောက်ထပ်ကွမ်းသီးစေိးအခြေအနေဘယ်လိုရှိလာနိုင်ပါသလဲခင်ဗျား ဆရာသမားများဖြေပေးကြပါဦး
ဖြေကြားချက် 2 ခု
ကွမ်းပင်ကအပွင့် ပွင့်ပြီးအသီးမသီဘဲကြွေကြသွားတယ်ဗျဘာဖြစ်လို့လဲမသိလို့ပါဗျ
ဖြေကြားချက် 4 ခု
မကျကာဒေးမီးယားစိုကျမလိုစြေး ကှကျ လေးသိခငြျပါတယျ
ဖြေကြားချက် 0 ခု