အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၆ နှစ် က · မိုးကုတ်

မြေဆီတွေခမ်းသွားရင်ဘယ်လိုလုပ်ပေးရမလဲသိချင်ပါတယ်ရှင့်

မြေဆီလွှာ ပန်းဂေါ်ဖီ
1

ဖြေကြားချက် ၁ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

နွားချီးများများထည့်သွင်းစိုက်ပျိုးခြင်းနှင့် မြေလှပ်၍စိုက်ပျိုးပေးခြင်းတို့သည် မြေဆီလွှာခန်းခြောက်ခြင်းကို ပြုပြင်ထိန်းချုပ်ပေးနိုင်ပါသည်။စိုက်ပျိုးမြေကို ကျွဲနွားတို့၏ စာကျက်မြေအဖြစ်အသုံးပြုခြင်းမှရှာင်ရှားခြင်းနှင့် မြေဆီလွာမာကြောလာခြင်းကို တတ်နိုင်သမျှထိန်းချုပ်စိုက်ပျိုးခြင်း၊ မာကျော၍ဆတ်သောမြေများသည် မြေတွင်းအမြစ်တိုးဝင်အစာချက်နိုင်မှုကို လျောပါးသွားခြင်းကြောင့် မြေဆီလွှာခန်းခြောက်မှု လက္ခဏာများဖြစ်ပေါ်လာသည်။ဓါတုမြေဩဇာများကို မလိုအပ်ပဲ အချိုးနုန်းပိုမိုအသုံးချခြင်းသည်လည်း၊မြေကြီးဖြစ်တည်မှုကို ပြောင်းလွဲစေတတ်သည်။တချို့ဒေသများတွင် ထိုသို့ မာကြော၍အပေါ်ယံမြေဆီလွှာပျက်စီးနေသော စိုက်ပျိုးမြေကွက်များပေါ်တွင် ကျွဲနွားတို့၏ အိပ်ခြံများပြုလုပ်၍ တကွက်ချင်းစီအကွက်ချကာ ကျွဲချီးနွားချီးများကို ဖြစ်စေလျက် ‌ထိုမြေကို စိုက်ကွက်ပြန်လည်ဖန်တီးကြပြီး၊အပေါ်ယံမြေလွှာကို ပြန်လည်ပြုပြင်စနစ်ချခြင်းများကိုပြုလုပ်ဆောင်ရွက် စိုက်ပျိုးကြသည်။ထိုနည်းသည် လွယ်ကူအကျိုးဖြစ်သော နည်းလမ်းများဖြစ်သည်။အကောင်းဆုံးကတော့ စိုက်ပျိုးမြေ မပျက်စီးအောင် စနစ်တကျဆောင်ရွက်စိုက်ပျိုးခြင်းက အကောင်းဆုံးဖြစ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။