အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ကြာအင်းဆိပ်ကြီး

Hemp ကိုဘတော့များ စိုက်ခွင့်ရနိုင်မလဲဗျာ ???

စိုက်ပျိုး ရေ ရော်ဘာ
4

ဖြေကြားချက် ၄ ခု

1,511 လွန်ခဲ့သော ၆ နှစ် က

အခုတော့ မူးယစ်ဆေးအနွယ်ထဲမှာပဲ ရှိသေးလို့ မျိုးစေ့ဥပဒေနဲ့ ဖမ်းလို့ရပါတယ် ပိုသိဖို့ဆိုရင် hemp Myanmar Facebook page တွေကို follow လုပ်ကြည်ပါအက်ု

1,511 လွန်ခဲ့သော ၆ နှစ် က

Hemp ဆိုတာ သဘာဝကပေးတဲ့ အခိုင်ဆုံးအမျှင်တမျိုး ဖြစ်ပြီးတော့ နည်းလမ်း (၅၀,၀၀၀) ကျော် အသုံးပြုလို့ရပါတယ်။ Hemp စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ တစ်ဧကလျှင် လျှော်မျှင်အခြာက် (၃-၈) တန်ခန့် ထွက်ပါတယ်။ ဒါဟာ သာမာန်လျှော်မျှင်ပင်တွေထက် (၄) ဆလောက် သာပါတယ်။ စိုက်ပျိုးရာတွင်လည်း ပိုးသတ်ဆေးတို့ မြေဩဇာတို့ သုံးဖို့ မလိုပါဘူး။ #ပင်စည်မှရရှိသောပစ္စည်းများ ချည်မျှင်နှင့်အထည်များ - အဝတ်အထည် - လက်ဆွဲအိပ်များ - ကလေးသေးခံဝတ်များ - ဖိနပ်များ - ရက်ထည်အချောစား - ဂျင်းထည်များ စက္ကူအသုံးအဆောင်များ - ပုံနှိပ်စက္ကူ - သတင်းစာစက္ကူ - ကတ္ထူစက္ကူ - ပါကင်ထုတ်စက္ကူ စက်မှုလုပ်ငန်းသုံး ချည်မျှင်နှင့်အထည်များ - ကြိုး - ကင်းဗတ်စ - ကော်ဇော - ဇာအထည်များ - လျှာထိုးများ - ပုံသွင်းသည့်မိုများ အဆောက်အဦးဆိုင်ရာ ပစ္စည်းများ - ကြိတ်သားပြားများ - လျှပ်ကာပစ္စည်းများ - ဓာတုချည်မျှင် - ဖန်မျှင်ထည်အစားထိုးပစ္စည်းများ #အစေ့မှရရှိသောပစ္စည်းများ စက်မှုလုပ်ငန်းသုံး ပစ္စည်းများ - ဆီဆေးများ - ချိပ်ဆေးများ - ဆေးမှင်များ - လောင်စာ - ဖျော်ရည် - အပေါ်ယံသုတ်ဆေးများ အစားအစာများ - အစေ့စီ - အစေ့မှရသော အသားဓါတ်အမှုန့် - ဖြည့်စွက်စာများ အလှကုန်ပစ္စည်းများ - ဆပ်ပြာ - ခေါင်းလျှော်ရည် - အရေပြားလိမ်းဆေးများ - ပရုတ်ဆီများ - အခြားအလှကုန်များ #အရွက်မှရရှိသောပစ္စည်းများ - တိရိစ္ဆာန်အိပ်ယာအခင်းများ - သစ်ရွက်ဆွေးမြေဩဇာ #အမြစ်မှရရှိသောပစ္စည်းများ - သဘာဝမြေဩဇာ - အဆစ်ရောင်၊ အဆစ်နာ၊ ကြွက်သားနာကျင်ခြင်း နှင့် နှင်းခူရောဂါတို့အတွက် ဆေးဝါးများတို့ပဲဖြစ်ပါတယ်။ ဒီတော့ Hemp ဟာ Bio friendly product များစွာထုတ်လုပ် နိုင်ပြီးတိုင်းပြည်ဝင်ငွေ တောင်သူတွေရဲ့အကျိုး စီးပွားတိုးတက်စေရန် ကိုထောက်ရှုပြီး ကျနော်တို့မြန်မာနိုင်ငံမှာလည်း ဆေးခြောက်အနွယ်ဝင် Hemp စိုက်ပျိုးထုတ်လုပ် န်ုင်မယ်ဆို နောက်ဆုံးအဆင့် ဘိန်းအစားထိုးသီးနှံ အဖြစ် စိုက်ပျိုးခွင့်သာရရှိမယ်ဆိုရင် နောက်ကျနေတဲ့တိုင်းပြည်ရဲ့ စီးပွားရေး နဲ့စိုက်ပျိုးရေးကဏ္ဍတွေဟာပြန်လည်ဦးမော့လာမှာပဲ လို့ယူဆပါကြောင်း

116 လွန်ခဲ့သော ၆ နှစ် က

hempဆိုတာဘာပင်ကိူ​ပြောတာလဲ

1,511 လွန်ခဲ့သော ၆ နှစ် က

ဥပဒေ အရင်ထွက်လိမ့်မယ်အကို ဥပဒေထွက်ပြီး နောက်တစ်နှစ်မှာ နည်းဥပဒေထွက်မယ်။ ပြီးရင် စိုက်ပဲ။ ရှိပြီးသား ယစ်မျိုးဥပဒေကနေ ခွဲထုတ်တာလည်း ဖြစ်နိုင်မယ်။ နောက် သုံးနှစ်ပေါ့။( နီးစပ်ရာ မျိုးစေ့ရှိရင် စပ်လုပ်ကြည့်ထားသင့်ပြီ။ လုပ်နှင့်ထားမိအောင်။@)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။