အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ဆရာကြီးများ ​ကော်​ဖီစိုက်​နည်​း​လေးတင်​ပြ​ပေးပါဦး စာအုပ်​စင်​ထဲမှာလဲ အ​ခြောက်​လှမ်​းနည်​းဘဲ​တွေ့တယ်

စိုက်ပျိုးနည်း စက်မှုသီးနှံ

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ကော်ဖီ စိုက်တော့မယ်ဆို Sea level ကိုသိရပာမယ် ကိုယ့်မြေနေရာက ပင်လယ်ပြင်ထက် အမြင့်ပေ ဘယ်လောက်ရှိသလဲပော့ ကော်ဖီမှာ အမြင့်ပေ ၃၀၀၀ ကျော်မှ စိုက်ပျိုးလို့အဆင်ပြေနိုင်မယ့် အာရေဘီးကား မျိုးရယ် ၃၀၀၀ အောက် မြေပြန်လွင်ပြင်အထိ စိုက်လို့ရမယ့် ရိုဘတ်စတား ရယ်ဆိုပြီး ၂ မျိုးရှိပာတယ် အာရေဘီကား မျိုးကတော့ အရည်အသွေးပိုကောင်းပာတယ် နောက်တစ်ခုက ကော်ဖီဟာ အရိပ်ကြိုက်ပါတယ် အရိပ်မရှိရင် အဆင်မပြေပာဘူး ကော်ဖီစိုက်တော့မယ်ဆိုရင်တော့ အရိပ်ရပင်တွေကို ကြိုတင်စိုက်ထားရင်ပိုကောင်းပာတယ် ပြင်ဦးလွင်မှာတော့ စီးပွားဖြစ် စိုက်တဲ့မျိုးတွေက အာရေဘီးကားမျိုး တွေပာ 8667 5175 SL34 စတဲ့မျိုးတွေများပာတယ် SL 34 ကတော့ အရည်အသွေးပိုင်းပိုကောင်းပာတယ် အထွက်နှုုန်းကတော့ 8667 ကကိုမမီပါဘူး ရိုဘတ်စတား မျိုးတွေကိုတော့ ကျနော်မသိပါဘူး ကော်ဖီစိုက်တော့မယ်ဆိုရင် ပျိုးခင်းအရင်လုပ်ရပါမယ် ပျိုးအိပ် ကို ၄"x ၆" ဆိုဒ် တွေထဲမြေထည့်ပြီး ၁လ လောက်နှပ်ထားပာ မြေဆွေးအချ်ုးအစားကတော့ မြေကြီး ၆တောင်း နွားချေး ၂ တောင်းစပ်ပါ စိုက်မယ့်ဧက တွက်ပါ ပင်ကြားတန်းကြား ၆ပေ ၃ပေ ဆိုရင် စိုက်ကျင်းပေါင်း ၂၃၀၀ လောက်ရှိနိုင်ပြီး ၇ပေ ၄ပေ စိုက်မယ်ဆိုရင် စိုက်ကျင်းပေါင်း ၁၅၀၀ လောက်ရှိပါမယ် တစ်ကျင်းကို ၂ ပင်စိုက်မလား ၃ ပင်စိုက်မလား ကိုယ်တိုင်ဆုံးဖြတ်ပါ တစ်ကျင်း၃ပင်ကို ၆x၃ နဲ့စိုက်မယ်ဆိုရင် တစ်ဧက အပင်ပေါင်း ၇၀၀၀ လောက်လိုပါမယ် ပျိုးထောင်နည်း ၃ပေ အကျယ် ၁ပေ အမြင့် အရှည် ပေ၂၀ ခန့် ပျိုးဘောင်ပြုလုပ်ပါ ပျိုးဘောင်ပေါ်ဖုံးရန် ကောက်ရိုး စုဆောင်းထားပါ ကော်ဖီစေ့များကို တစ်စေ့နှင့်တစ်စေ့ ၁လက်မခွဲစီ ခြားပြီး ချပါ တစ်တန်းနှင့်တစ်တန်းကို ၂လက်မ ခြားပါ အပေါ်မှ သဲနှင့်ဖွဲပြာ ကို အစေ့များလုံအောင်ဖုံးပေးပြီး ကောက်ရိုးဖုံးအုပ်ပြီး ရေလောင်းပာ ၁လ ခန့်ကြာပာက ကော်ဖီစေ့များအပင်ပေါက်လာပါမည် ၁လခွဲခန့်ကြာပါက အစေ့ရွက်များ ကောင်းစွာပြန့်ကားသွားပါက ပျိုးအိပ်ထဲသို့ပြောင်းပါ ပျိုးခင်းတွင် ၈လခန့်ထားပြီးပါက စိုက်ခင်းအတွင်းသို့ ပြောင်းရွှေ့စိုက်နိုင်ပါပြီ စိုက်ခင်းပြုပြင်ခြင်း ကော်ဖီစိုက်ရန်အတွက် မြေပြင်ညီညာနေရန်မလိုပါ တောင်ကုန်းတောင်စောင်းဖြစ်ပါက ကွန်တိုလိုင်းများဖော်ပြီးစိုက်နိုင်ပါသည်။ စိုက်ကျင်းကို ၂ပေအကျယ် ၂ပေ အနက် တစ်ချို့က ၂ပေ အကျယ် ၁ပေခွဲအနက် တူးကြပါတယ် စိုက်ကျင်းတူးတဲ့မြေကို နွားချေးန့ သမအောင်ရောမွှေပြီး စိုက်ကျင်းထဲပြန်ထည့်ကာ ကော်ဖီပင်ကိုစိုက်ပါတယ် အရိပ်ရပင်ကို စောပြီးစိုက်မယ်ဆိုရင် ခါတော်မှီ ကိုစိုက်ပါတယ် အရိပ်ပင်နဲ့ မှ အတူတူစိုက်မယ်ဆိုရင် ကသစ်ပင်များကိုတွဲဖက်စိုက်ပါတယ် ကသစ်ပင်က အကြီးမြန်ပြီးအရိပ် ပေးနေတဲ့အခိျိန်မှာ ခါတော်မှီ က တဖြေးဖြေးကြီးလာပြီး အရိပ်ပေးမှာပာ အစ်ကိုတို့ သထုံမှာဆိုရင် ဒူရင်း ကွမ်းသီး ကြက်မောက်သီး စတဲ့ အပင်တွေကြား/အောက်တွေမှာ စိုက်နိုင်ပါတယ် ကော်ဖီစိုက်တော့မယ်ဆိုရင် မျိုး အရွေးမမှားဖို့နဲ့ မျိုးစေ့ အရည်အသွေးကောင်းဖို့လိုပါတယ် ကော်ဖီမျိုးစေ့ က မကောင်းရင် လုံးဝ အပင်မပေါက်ပါဘူး မျိုးထားမယ့်ကော်ဖီစေ့ကို ကော်ဖီပင်ကနေခူးပြီးတာနဲ့ အခွံချွတ်ရပာမယ် ပြီးရင် ရေထဲ တစ်ညစိမ်ပြီး နောက်နေ့ကျရင် အစေ့အပေါ်မှာရှိနေတဲ့ အကျိအချွဲတွေကို ဇကာနဲ့တိုက်ချ ဆေးကြောရပါမယ် အကျိအချွဲတွေပြောင်သွားရင် အရိပ်ထဲမှာ တစ်ပါတ်ခန့် အခြောက်ခံရပါမယ် အခြောက်ခံပြီးရင် ရလာတဲ့ကော်ဖီစေ့ကို ပြာအနုမီးဖိုပြာ (ဖွဲပြာမဟုတ်ပါ) နဲ့ ထမင်းရည်နဲ့ ရောပြီး ကော်ဖီစေ့တွေကို လူးနယ်ထားပါ ၁လ လောက်ဆိုရင် ပျိုးဘောင်ပေါ်မှာ ပျိုးထောင်ပါ နောက်ကျပါက အပင်ပေါက်နှုန်းကျသွားတတ်ပါတယ် စိုက်ပျိုးပြီး ၃နှစ်သားအထိ အပင်ပြုစုခြင်း ပြုလုပ်ရပါမယ် ဓာတ်မြေသြဇာကတော့ ယူရီးယား တီစူပါ ပိုတက်ကို ၂ း ၁း ၁/၂ နှုန်းစကျွေးပါတယ် ၃နှစ် ၄နှစ်ဆို အသီးစသီးပါမယ် ခြွေပစ်လိုက်ပါ အသီးထားပါက အပင်နာသွားတတ်ပါတယ် အသီးစယူမယ့် ၅နှစ်သားကျရင်တော့ ၁၅း၁၅း၁၅း နဲ့ ၁၂း၁၂း၁၇ မြေသြဇာတွေကျွေးနိုင်ပါတယ် ကော်ဖီဟာ သင်္ကြန် April မှာပန်းပွင့်ပြီး ဒီဇင်ဘာ ဇန်နဝါရီ မှာမှည့်ပါတယ် ပန်းပွင့်ချိန်မှာ ရေအလိုအပ်ဆုံးပါ ရေမရပာက အသီးမတင်နိုင်ပါ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။