အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,225
လွန်ခဲ့သော ၆ နှစ် က · ပေါက်

စပျစ်သီး က. သြဂက်လ စတင်ဘာလတွေမှာ မှည့်အားနည်းကြပါတယ် ဓာတုမှည့်ဆေးတွေရှိပေမဲ့ သဘာဝနည်းနဲ့ မှည့်အားကောင်းဖို့...

စပျစ်သီး က. သြဂက်လ စတင်ဘာလတွေမှာ မှည့်အားနည်းကြပါတယ် ဓာတုမှည့်ဆေးတွေရှိပေမဲ့ သဘာဝနည်းနဲ့ မှည့်အားကောင်းဖို့ ဘယ်လိုပြင်ဆင်ဆောင်ရွက်လို့ရနိုင်ပါသလဲ ကျွန်တော့ရဲ့ိိမိတ်ဆွေ ပညာရှင်များ ကျေးဇူးပြုပြီး ဖြေ​းြကားပေးကြပါလားခင်ဗျာ။

ခေတ်သစ်စိုက်ပျိုးရေး စပျစ်
Post image
5

ဖြေကြားချက် ၅ ခု

348 လွန်ခဲ့သော ၆ နှစ် က

စပျစ်ဘယ်လမှစိုက်ပျိုးရလဲ‌‌အိမ်မှာစိုက်ကြည့်ချင်လို့ပါ‌ဖြေပေးပေးပါ

5,225 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ကိုထွန်းထွန်းဝင်ရေ... ပန်းသီး,သစ်တော်သီး, စတော်ဘယ်ရီသီး, ဂေါ်ဖီထုပ်.ပန်းဂေါ်ဖီနဲ့စပျစ်..စတာတွေဟာဓာတုဆေးသုံးမှအဆင်ပြေတဲ့သီးနှံတွေဖြစ်တာကြောင့်ဓာတ်ကြွင်းအာနိသင်မကျန်အောင်တော့ဆင်ချင်အသုံးပြုရပါမယ်။စပျစ်ကမှိုရောဂါကျလွယ်ပြီးကျရင်လည်းကူးဆက်မှုလျှင်မြန်တာကြောင့် ဆေးအမြဲသုံးရပါတယ်။ဒါကြောင့်စပျစ်ကိုအော်ဂဲနစ်သီးနှံအနေနဲ့စိုက်ပျိုးထုတ်လုပ်ဖို့ လောလောဆယ်မလွယ်ကူသေးပါဘူး။အော်ဂဲနစ်စိုက်ပျိုးရေးဆောင်ပုဒ်တစ်ခုရှိပါတယ်။Feed the soil not the plant(အပင်ကိုအစာမကျွေးပါနဲ့..မြေကြီးကိုအစာကျွေးပါ)။ဒါကြောင့်မြေကြီးကိုကောင်းမွန်အောင်ပြုပြင်ပေးရပါမယ်။သဘာဝမြေဆွေး၊သစ်စိမ်းမြေသြဇာ၊အပင်အကြွင်း အကျန်တွေထည့်ပေးရပါမယ်။ငါးအမိုင်နိုအက်စစ်(ငါးအပုပ်ရည်)၊ဆားခါး(စပျစ်ပင်အတွက်လိုအပ်သောအနည်းလိုအာဟာရ..မဂ္ဂနီဆီယမ်ဆာလ်ဖိတ်)အသုံးပြုသင့်ပါတယ်။ထုံး+ဒုတ္ထာ..ထုံးကန့်ဆေးတွေကတော့ ဓာတုဓာတ်ကြွင်းနည်းသော မှိုရောဂါကာကွယ်​ဆေးတွေမို့သုံးသင့်ပါတယ်။အပင်ပေါ်မှာစပျစ်သီးမှည့်အားကောင်းဖို့ သဘာဝဆေး ရှာမတွေ့သေးပါ။

464 လွန်ခဲ့သော ၆ နှစ် က

မှည့်အားကောင်းပါတယ် အဲ့ဒီလတွေဆို

174 လွန်ခဲ့သော ၆ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။