ကောက်ရိုးမှို ကိုပျိုးပေရင် ၃ ရက် မြောက်နေမှာဖွင့်ပေးတယ်ဒါပေးဘာဆက်လုပ်ဦးမလဲ
အော် ဟုတ်ကဲ့ ပါ ဆရာ
အစိုဓာတ်ကိုချိန်ဆပြီးရေလောင်းပေးရပါမယ်ရှင့်။ ရေလောင်းတဲ့အခါ ရေဖြန်းကရားနဲ့ ငြင်ငြင်သာသာလောင်းပေးရပါမယ်။ အားဆေးထည့်ချင်ရင်လည်း ရေလောင်းတဲ့အချိန်မှာ ထည့်လောင်းပေးရပါမယ်။ ရေလောင်းပြီးရင် အရင်အုပ်ထားတဲ့အတိုင်းပြန်အုပ်ပေးရပါမယ်။ ပြီးတော့ တစ်နေ့တစ်ခါလောက် လေသွင်းပေးတာတွေ ၁၀မိနစ်လောက်အလင်းပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ပြီးရင်တော့ အရင်အတိုင်းပဲ ပြန်အုပ်ပေးထားတာပါ။ ပလပ်စတစ် အုပ်မယ်ဆိုရင် အောက်ခြေဘက်လေးမှာ နည်းနည်းလေး ဟထားပေးရပါမယ်။ မှိုမျှင်မဖြစ်ခင်တော့ အလင်းလုံးဝပိတ်ထားပေးဖို့ လိုပေမယ့် မှိုသန္ဓေအောင်ဖို့ အချိန်မှာတော့ အလင်းပေးဖို့ လိုအပ်ပါတယ်ရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကောက်ရိုးမှိုပျိုးပုံနည်း အပေါ်မှာနွားချေးခြောက်ပြီရင်ဘာထည့်ရမလဲ
ဖြေကြားချက် 0 ခု
မှို မျိုးကို ပဲမှော် နှင့်ပျိုး လလိုက်ရင်ပေါက်နိုင်မလာ
ဖြေကြားချက် 5 ခု
မှိုစိုက်နည်းလေးသိချင်ပါတယ်
ဖြေကြားချက် 5 ခု
ကောက်ရိုးမှိုစိုက်နည်းနှင့် မျိုးစေ့ထုပ်ဘယ်မှာရနိုင်မလဲ သိချင်ပါတယ်ခင်ဗျာ...
ဖြေကြားချက် 13 ခု
ဖောက်ထားတယ်သုံးရက်ရှိပြီအခြေနေလေးပြောပြကျပါဦး
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။