အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၆ နှစ် က · မြစ်သား

ကျွန်တော် ရွာမှာ အိမ်ဝိုင်းမြေမာပဲ အပုံပါ စိန်တလုံးသရက်ပင် အပင်၂၀ကျော်လောက်စိုက်တာ တပင်မှမဖြစ်ထွန်းပါဗျာ...

ကျွန်တော် ရွာမှာ အိမ်ဝိုင်းမြေမာပဲ အပုံပါ စိန်တလုံးသရက်ပင် အပင်၂၀ကျော်လောက်စိုက်တာ တပင်မှမဖြစ်ထွန်းပါဗျာ ဝိုင်းမြေဆိုတော့ မြေက တအားမာနေတာ တွင်းတူးပြီး အထဲကို မြေဆွေးထည့်ပြီး စိုက်တာ အကုန်လုံး အရွက်တွေညိုးပြီးသေကုန်တာ ခုတခါအဲဒိဝိုင်းမြေမာပဲ ထပ်စိုက်ချင်လို့ စိုက်ပျိုးနည်း လိုအပ်ချက်တွေအများကြီးရှိသေးလို့ ဆရာသမားအနေဖြင့် လမ်းညွှန်အကြံပေးပါအုံးလို့ တောင်းဆိုပါရစေ ကျေးဇူးတင်ပါတယ်ဗျာ

စိုက်ပျိုးနည်း သရက်
Post image

ဖြေကြားချက် ၁ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

မြေမာတဲ့အခါ တွင်းတူးစိုက်တဲ့အခါအမြစ်သစ်အစာမချက်လုပ်နိုင်ပါဘူး။ပူပြင်းတဲ့ရာသီရောက်တဲ့အခါ ရေပေးလည်း ရေစိမ့်ဝင်နိုင်မှုနဲ့ အောင်ဆီဂျင်ရှိတဲ့ လေနဲ့ အမြစ်သစ်များထိတွေ့အကြောင့်ပြုနိုင်ခြင်းမရှိခြင်းကြောင့် အပင်ခြောက်ပြီး ကြီးထွားမှုမဖြစ်ပဲ တဖြည်းဖြည်းနဲ့သေပါတယ်။စိုက်ပျိုးတဲ့အခါ ရေစိမ့်ဝင်ပြီး၊‌အောက်ဆီဂျင်နဲ့ထိတွေ့အစာချက်နိုင်ဖို့အတွက် မြေကို ပေါက်ဆွ၍ကျဉ်းဘောင်အမြင့်ပြုလုပ်ရပါမယ်။အပင်မစိုက်ခင် နွားချီး ဒါမှမဟုတ် နွားချီးမြေဆွေးကို တစ်ထောင်ခွဲခန့် အဝန်းဝိုင်းရှိသော ကျဉ်းဘောင်မြေကြီးနှင့် ဆတူရောစပ်ပေးရပါမယ်။ရေဝအောင် လောင်းပေးထားရပါ့မယ်။ပြီမှ ပျိုးပင်ကိုစိုက်ပျိုးပြီး၊ ရေမှန်မှန်လောင်းပေးရပါ့မယ်။မိုးရာသီရောက်ခါနီးတိုင်းမှာ မြေဩဇာအဖြစ် နွားချီးကြက်ချီးနှင့် မြေဆွေးတို့ကိုထည့်သွင်းပေရပါ့မယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။