အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,649
လွန်ခဲ့သော ၆ နှစ် က · မြောင်

စားဝတ်နေရေး ပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့မှို ဖောက်နည်းလေးကို တင်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းဟာ အလွယ်ကူဆုံး...

စားဝတ်နေရေး ပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့မှို ဖောက်နည်းလေးကို တင်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင်နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်း စီးပွားဖြစ်ထုပ်လုပ်ရောင်းချနိုင်ပါတယ်။ ယနေ့ မှိုတစ်ပိဿာဈေးဟာလည်း ၁သောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါတယ်။အရေးကြီးတာက နည်းသိဖို့ပါဘဲ။ သဘာဝနည်းဖြစ်တာကြောင့် ဓာတုဗေဒဆေးဝါး ကင်းတာကြောင့် စားသုံးသူများအန္တရယ် မရှိယုံသာမက အနံအရသာဟာလည်း သဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။ နည်းမှာ ပါဝင်ပစ္စည်း ၃မျိုးသာရှိပြီး မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရလွယ်ပါတယ်။ ၁။ ခြတောင်ပို့ အတွင်းပိုင်းမှ မြေသား၂၀သားခန့်။ ၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ်ကီလို) ၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ဘဲ ဖြစ်ပါတယ်။ ပထမဦးစွာ တောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ်ခုထဲ မှာရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ထို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာ ကုန်တဲ့အထိ မွှေပေးရပါမယ်။ ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။ ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမှာပါ။ ၇ ရက်ကျော်တဲ့အခါ ဇလုံရဲ့ မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက်လာတာကို တွေ့ရပါမယ်။ အဲဒါဟာ မှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများအား ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေအပေါ် နှံစပ်အောင်ချထားပေးပြီး ထားရပါမယ်။ မှိုမျိုးစေ့များ ချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှိုတို့ကို လွယိကူစွာ စိတ်ခူး စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။ အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါတယ်။ (အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၄င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များ ရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။

စိုက်ပျိုးနည်း မှို (ငွေနှင်းမှို)
Post image
Post image
Post image

ဖြေကြားချက် ၀ ခု

ဖြေဆိုထားခြင်း မရှိသေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။