အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
638
လွန်ခဲ့သော ၆ နှစ် က · နွားထိုးကြီး

3နှစ်သားရှိပြီ အပင်ဖြစ် နည်းနေလို့ ဘာတွေလိုအပ်လဲ ပြောပြပါအုံး စိုက်ထားတာတော့ ဘောင်တင် စိုက်ထားတာ

အပင်အာဟာရ နဂါးမောက်
Post image
Post image
Post image
Post image
2

ဖြေကြားချက် ၂ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးပြုစုပုံ လိုအပ်ချက်များနေပါတယ်။တစ်တိုင်မှာ သုံးတက်လောက်စိုက်သင့်ပါတယ်။တစ်တက်ပဲ တိုင်ပေါလွတ်ပြီး အတက်သိမ်တွေကို ဖြတ်ပေးရပါ့မယ်။အဲဒီစိုက်ပျိုးပုံကို ကျနော်သိပ်မကြိုက်ပါဘူး။ကုန်ကျများပါတယ်။ကွန်ကရက်တိုင်စိုက်ပြီး၊ သံချောင်းကို ပိုက်လုံးစွပ်ပြီး အပေါ်တမ်းကို အရင်ပြေးပြီး တိုင်အငှားလေးထည့်ပြီးစဉ်ပေါ်တင်တာက ပိုပြီးကောင်းပါတယ်။အပင်ရေလည်းမစိပ်မကျဲးစိုက်လို့ရပါတယ်။အပင်ငယ်စဉ်မှာ နောက်ချီးကို ပင်ရင်းပုံကြွေးပေးပါတယ်။မြက်များကို မြေဩဇာမထည့်ခင် ပေါက်ပြားဖြင့်ပေါက်ပြီး ကျဉ်းဘောင်ကြားမှာချထားသင့်ပါတယ်။ရေပေးအစက်ချစနစ်ကျင့်သုံးစိုက်ပျိုးခြင်းဆိုရင် တိုင်ခေါင်းကနေပြီး ရေကိုပေးတဲ့စနစ်ကို ပြောင်းလွဲကျင်သုံးနိုင်ရင် မြေဩဇာအရည်စနစ်ကိုလည်း အသုံးပြုနိုင်တဲ့အတွက် ရေပေးဝေမှုကို ပိုမိုစနစ်ကျတဲ့ပုံစံကို ပြုလုပ်သင့်ပါတယ်။တိုင်ခေါင်ကနေ ရေပေးတဲ့စနစ်က ရေနှင်မြေဩဇာကို ပိုမိုကောင်းမွန်အောင်စနစ်ချလို့ရပါတယ်။အမြစ်သစ်ဖြစ်ထွန်းခြင်းနှင့် နွေအခါ အပင်ကို ပိုမိုကောင်းမွန်အောင် ပြုစုထိန်းသိမ်းပေးနိုင်ခြင်းကြောင့် အတက်များ နေရာယူမပွါးများခင် ကြိုတင်ဆင်ထားသင့်ပါတယ်။

80,436 လွန်ခဲ့သော ၆ နှစ် က

ပေါင်းမြက်များကိုရှင်းပေးပါဗျ။ ကောက်ရိုး၊မြက်ခြောက်ကို အပင်ခြေ ​မှာဖုံးပေးပါ။မြေဆွေး၊နွားချေးထည့်ပေးပါ။ ဒါ့ပြင် NPK (၁၆:၁၆:၈)ရှိဓာတ်မြေသြဇာလဲ ကျွေးပေးဖို့လိုပါတယ်ဗျ။ သဘာဝရွက်ဖျန်းဆေးများ၊ဝါးပေါင်းခံရည် တို့ကိုလည်း ဖျန်းပေးပါဗျ။ရေကို တစ်ပတ် တစ်ကြိမ်လောက်ပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။