သံပုရာပင်လို့တော့ပြောတာဘဲ ဟုတ်မဟုတ်နဲ့ နေရောင် ကြိုက်မကြိုက်သိချင်လို့ပါခင်ဗျ မြေဩဇာဘယ်ချိန် လောက်ကျွေးရလဲခင်...
သံပုရာပင်လို့တော့ပြောတာဘဲ ဟုတ်မဟုတ်နဲ့ နေရောင် ကြိုက်မကြိုက်သိချင်လို့ပါခင်ဗျ မြေဩဇာဘယ်ချိန် လောက်ကျွေးရလဲခင်ဗျ
သံပုရာပင်လို့တော့ပြောတာဘဲ ဟုတ်မဟုတ်နဲ့ နေရောင် ကြိုက်မကြိုက်သိချင်လို့ပါခင်ဗျ မြေဩဇာဘယ်ချိန် လောက်ကျွေးရလဲခင်ဗျ
ကျေးဇူးပါဗျ
သံပုရာကနေရောင်ကြိုက်ပါတယ်။လောင်းရိပ်ကျရင်သီးပွင့်မှုအားနည်းပါတယ်။ဒီအရွယ်မှာငါးအမိုင်နိုအက်စစ်ဖျန်းပေးပါ။
သံပရာက အပူအားပေးတဲ့အပင်ပါရှင့်။ ဒါကြောင့်မြေသြဇာ ကျွေးရာမှာလည်း အပူဓာတ်များတဲ့ဘနွားချေး ကြက်ချေး စတာတွေ ကျွေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးတော့ဂရုစိုက်ပါရှင့်။ ပြီးတော့ သံပရာ စစိုက်တဲ့အချိန်မှာ ၂ပေပတ်လည်ကျင်းတစ်ကျင်းကို နွားချေး ဒါမှမဟုတ် ကြက်ချေး တစ်တင်းခန့် နဲ့ NPKနို့ဆီဗူးတစ်ဝက်ခန့်ကို အပေါ်ယံမြေကြီးနဲ့ရောပြီး ထည့်ကျွေးသင့်ပါတယ်။ ပြီးရင် စိုက်ပြီး ၆လလောက်အကြာမှာတော့ နွားချေးကြက်ချေး ၁တင်းလောက် ထပ်ကျွေးသင့်ပါတယ်။ NPK ထပ်ထည့်ချင်လည်း ထည့်နိုင်ပါတယ်ရှင့်။ သံပရာက ရေပေးနိုင်ရင် တစ်နှစ်ပတ်လုံးစိုက်နိုင်တယ်လို့ သိရပါတယ်ရှင့်။
ဘာမှမဖြစ်ပါဘူး။ရပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တစ်ပင်လုံးအသီးတွေအဲ့လိုဖြစ်နေလို့....ဘာဆေးဖြန်းရင်ပျောက်လဲဗျ
ဖြေကြားချက် 3 ခု
သံပုရာ အသေးမျိုး အပွင့်လည်းပွင့် အသီးလည်းသီး အောင် ဘာဆေးဖျန်းရမလဲ။
ဖြေကြားချက် 2 ခု
အရွက်တွေလိပ်နေပြီး အပင်တွေကညှိုးနေလို့ပါ ခင်ဗျား||ဘာဆေးဖျန်းရမလဲ ခင်ဗျား။ကူညီပေးပါအုံး။
ဖြေကြားချက် 1 ခု
ဟော်လန်သံပုရာပျိူးပင်ရောင်းတဲ့နေပြည်တော်သံပုရာခြံလိပ်စာနဲ့ဖုန်းနံပါတ်သိပါရစေရှင် စမ်းရွာဒေါက်တာနီလာချစ်ပြည်...
ဖြေကြားချက် 0 ခု
သံပုရာပင်ဘယ်လိုစိုက်ရသလဲပြောကြပါဦးဆရာတို့
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။