အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · ရေး

အိမ်မှာ မီးဖိုချောင် စွန့်ပစ်ပစ္စည်းနဲ့မြေဆွေးလုပ်ချင်လို့ ဘယ်လိုလုပ်ရတယ်ဆိုတာ အကြံဉာဏ်ပေးပါအုံးခင်ဗျား

စိုက်ပျိုး ဗဟုသုတ
4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အလျား.အနံ.အနက်.၃ပေပတ်လည်ကျင်းတူးပါ။ထိုကျင်းထဲကို ဟင်းသီးဟင်းရွက်စွန့်ပစ်ပစ္စည်းများကိုနေ့စဥ်ထည့်ပေးပါ (ပလတ်စတစ်များမပါစေရ)ပြီးရင် ဆန်ဆေးရည်လောင်းချပေးပါ။အိမ်ခြံဝင်းအတွင်းကြွေကျနေသောသစ်ရွက်များလည်းထည့်နိုင်ပါတယ်။သစ်သီးပုပ်,အိုးခွက်ပုဂံဆေးရည်များလည်း​ထည့်နိုင်ပါတယ်။ကောင်းမွန်သောမြေဆွေးများရလာပါလိမ့်မယ်။မီးဖိုချောင်စွန့်ပစ်ပစ္စည်းဖြစ်တဲ့ သား/ငါး..အရိုး/အမြီး/ကလီစာများကိုတော့ ဓားနဲ့နုတ်နုတ်စင်းပြီးဆီပုံးအဝါ(အခွံ)ထဲထည့်ပါ။ အဲဒီအထဲကိုထန်းလျက်၁ပိဿာခန့်ထည့်ထားပါ။အဖုံးကိုလုံအောင်ပိတ်ခါအေး၍မှောင်ပြီးခြောက်သောနေရာတွင်ထားပါ။သားငါးစွန့်ပစ်ပစ္စည်းတွေကိုရရှိတဲ့အခါတိုင်းထည့်ပေးပါ။အဖုံးကိုလုံအောင်ပြန်ပိတ်ထားပါ။၂လ..၃လ​ ကြာတဲ့အခါစစ်ရည်ကိုစစ်ယူပြီး ဗူး/ပုလင်းထဲထည့်ထားပါ။​ရေတစ်ဂါလံကို စစ်ရည်၃ဇွန်းရောပြီး အပင်ကြီးထွားစဥ်ကာလတလျောက်ပက်ဖျန်းနိုင်ပါတယ်။စစ်ဖတ်များကိုအပင်ခြေတွင်ပုံပေးခြင်း သို့မဟုတ် မြေဆွေးကျင်းထဲထည့်ပေးနိုင်ပါတယ်။

79,224 လွန်ခဲ့သော ၆ နှစ် က

အပြာရောင်စာတန်းလေးကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်ရှင့်

79,224 လွန်ခဲ့သော ၆ နှစ် က
79,224 လွန်ခဲ့သော ၆ နှစ် က

ဒီပုံလေးလို ဥယျဉ်အသေးစားလေးလုပ်လို့ရပါတယ်။ သူကတော့ မြေဆွေးပုံတင်မကပဲ သီးပင်စားပင်ပါစိုက်လို့ရတဲ့ပုံစံပါ။ပြုလုပ်နည်းကိုတော့ ဒီဆောင်းပါးမှာဖတ်နိုင်ပါတယ်ရှင့်။ပဉ္စလက် ဉယျာဉ်လေးများ လုပ်ရအောင်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပုံပါ အတိုင်း အပင်တွေ ခြောက်လာလို့ပါ..... ဘာတွေ လိုအပ်လို့ပါလဲ ခဗျ.....

ဖြေကြားချက် 2 ခု

စိုက်ပျိုးဖို့အတွက် မြေပြုပြင်ပုံနှင့် စိုက်ပျိုးမှုနည်းစနစ်များ သိချင်လို့ပါခင်ဗျ အတွေ့အကြုံရှိသုများ မျှဝေ...

ဖြေကြားချက် 2 ခု

အပင်မစိုက်ခင် ကိုယ့်မြေကြီးမှာ ဘာအပင်နဲ့ သင့်တော်သလဲ သိနိင်ရန် မြေကြီး ကို ဘာတွေ စမ်းသပ် စစ်ဆေးခြင်း များပြု...

ဖြေကြားချက် 3 ခု

ပဲတီစိမ်းခင်းကပထမအကြိမ်ဆွတ်နေပါပြီ အပင်တဝက်လောက်က ဝါလိုက်လာလို့ပါ ရေပေးလို့ရပါသလား အပင်အားဆေးပေးသင့်ပါသလား ဆေး...

ဖြေကြားချက် 2 ခု

ဒန့်သလွန်ရွက်တွေ ပုံထဲကလို ဝါလာပြီး ခြောက်သွားတာ ဘာလိုအပ်လို့ပါလဲခင်ဗျ ကူညီပေးကြပါဦး

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။