နှင်းဆီစိုက်ချင်လို့ပါ အရင်ဆုံးမြေဘယ်လိုပြုပြင်တာ အကောင်းဆုံးလဲဗျ အခုမှစစိုက်မှာမို့လို့ပါဗျ။
နှင်းဆီပင်ရဲ့ နေ့စဉ်လိုအပ်ချက်က ရေပဲဖြစ်ပါတယ်။နှင်းဆီစိုက်ပျိုးသူသည် နေ့စဉ် ရေပေးရန်အဆင်ပြေနိုင်သော နေရာ၌သာလျှင် စီးပွါးဖြစ်နှင်းဆီစိုက်ပျိုးရန် သင့်တော်သောနေရာဖြစ်သည်။နှင်းဆီပင်ကို မြေအစိုဓါတ်ကိုထိန်းချုပ်ပေးသော မြေဩဇာများဖြစ်သော နွာချီးဆွေး ကြက်ချီးနှင့်ဓါတုမြေဩဇာများကိုအသုံးပြုနိုင်ပြီး။လေလွင့်ဆုံးရှုံးမှုနည်းစေရန် ကိုင်းကူးကိုင်းဆက်မျိုးများကို အရိပ်ထဲတွင်ပျိုးအိပ်ထည့်ပြီး ပျိုးထောင်၍ အောင်မြင်ကောင်းမြတ်သော အပင်သန့်များကိုသာ ရွေချယ်ပြီး စိုက်ကွက်သို့ ပြောင်ရွေ့စိုက်ပျိုးသော နည်းစနစ်မျိုးကို ကျင့်သုံးနိုင်သည်။
နှင်းဆီကို မစိုက်ခင် တစ်လလောက်တည်းကမြေ ကြိုပြင်ပေးရပါမယ်။မြေက်ု ထယ်ထိုးချိန်မှာ နွားချေး တစ်ဧကလှည်း၃စီး၊(လင်းနို့ချေး၊ကြက်ချေး)ဆိုပါက ၃ အိတ်ထည့်ပေးပါ။ရနိုင်တဲ့တစ်မျိုးပဲထည့်ပါ။ဓာတုဆေးဆိုရင်တော့ မြေပြင်ဆေးကို တစ်ဧက အိတ်သေးဆို ၃ အိတ်၊အိတ်ကြီးဆို တစ်အိတ်ထညိ့ပေးပါ၊ထွန်ယက်ပြီးမြေကို တစ်လလောက်နှပ်ထားပြီးစိုက်ပျိုးနိုင်ပါပြီ။မြေက ရေဆင်းကောင်းဖို့တော့လိုပါတယ်
ဆက်စပ်မေးခွန်းများ
အဲ့ဒါဘာပိုးကျတာလဲရှင့် ကာကွယ်ရမယ့်နည်းလမ်းလည်းသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ဒီဆေးနာမည်ဘယ်လိုခေါ်လည်းဗျသိရင်ပြောပြပေူပါလား
ဖြေကြားချက် 1 ခု
နှင်းဆီပန်းကအရွက် ပိုးကိုက်ပြီး ထွက်လာမယ်အရွက်ဖူးလေးတွေကခြောက်သွားပါတယ်ရှင့် ဝယ်လာပြီးအိုးမှာစိုက်ထားပါတယ် နေ...
ဖြေကြားချက် 1 ခု
နှင်းဆီပင်လေးတွေစိုက်ထားပါတယ် ညဘတ်တို ကျိုင်းကေါင်လေးတွေက အရွက်တွေလာလာစားပါတယ် ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 2 ခု
အကိုင်းစိုက်အပင် အမြစ်ထွက်အောင်ဘာဆေးသုံးရပါသလဲ။ ဥပမာ။နှင်းဆီ၊စက္ကူပန်း
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။