အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

စပါးခင်းထဲမှာ ကြွက်ဖလောင်းလေးတွေ က စပါးတွေကို ဖျက်စီးနေပါတယ် ဘယ်လိုနှိမ်နင်းရမလဲ ဖြေကြားပေးပါးဦး ဆရာတို့

ပိုးမွှားရောဂါ နှံစား သီးနှံ

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ကြွက်ဖလောင်းတွေက ည ပိုင်းမှာ များသောအားဖြင့် လှုပ်ရှားသွားလာ ပြီး ကျင်းတိမ်တိမ်တူးပါတယ် အမှိုက်တွေ သို့ ပက်ကြားအက်တွေမှာ အစုအဝေးနဲ့ နေထိုင်ကြပါတယ် နေရာအနှံသွားလာစားသောက်တတ် ပြီး တကြိမ် သားပေါက်ရင် ၃-၁၂ကောင် ရှိပါတယ် ၁။ သန့်ရှင်းရေးပါ ပေါင်းပင်ရှင်းပါ။ ၂။ ကြွက်ကာသုံးခြင်း ကျင်းထဲရေလောင်းခြင်း ကျင်းတူးဖမ်းခြင်း လုပ်နိုင်ပါတယ် မျှားစာထောင်ခြောက်တွေ သုံးရင်လည်းရပါတယ် ၃။ ကျရောက်မှု ဆိုးပါက 5 - 8 g ရှိတဲ့ အသင့်သုံး ဇင့်ဖော့စဖိတိ ကြွက်သတ်ဆေးများ တခဲနှင့်တစ်ခဲ ခြေလှမ်း ၁၀ လှမ်းအကွာအဝေး ကြွက် ဖလောင်းတွေရဲ့ ပုန်းခိုတဲ့နေရာ ကြွက်ပြေးလမ်း တွေမှာ ဆေးချရပါမယ် ဒီအချိန်က စပါးစိုက်ပြီးစအချိန်မို့ ဆေးချဖို့ အသင့်တော်ဆုံးအချိန် ဖြစ်ပါတယ် ဆေးချပြီး ၂ ရက်အကြာမှာ ဆေးချခြင်း အကျိုးသက်ရောက်မှုကို စစ်ဆေးရပါမယ် ကြွက်လှုပ်ရှားမှု ဆက်တွေ့ရပါက တဖြည်းဖြည်းသေစေတဲ့ကြွက်သတ်ဆေးကို ထပ်ပြီး ချရပါမယ် တကွင်းတစ်စပ်တည်း စုပေါင်း ပြုလုပ်ရပါမယ် ကြွက်ဆေး Acute poison ဆိုတဲ့ ဇင့်ဖော့စဖိုဒ် ဟာ ဈေးသက်သာပြီ အဆိပ်ပြင်းပါတယ် ကြွက်တွေကို အကောင်ရဲ့အရွယ်အစားပေါ်မူတည်ပြီ နာရီပိုင်းအတွင်း သေစေပါတယ် ဒါပေမယ် ကြွက်က စားမိတဲ့ ပမာဏ နည်းမယ်ဆိုရင် မသေပါဘူး ကြွက်တွေကို နာကျင်မှုတွေ ခံစား စေပါတယ် ဒါဆိုရင် အဲဒီ ဆေးကို တခြားကြွက်တွေ လာမစားတော့ပါဘူး အချင်းချင်း သတိပေးမှု မြန်တဲ့ကြွက်တွေရဲ့ ဓလေ့ကြောင့်ပါ ဒါကြောင့် ဒီဆေးတကြိမ်အသုံးပြုပြီးရင် ၄-၆ ပတ်မှ နောက်တကြိမ် အသုံးပြု သင့်ပါတယ် နောက်တမျိုးက စားပြီး ၇ ရက်ကြာမှ သေတဲကြွက်သတ်ဆေးပါ ဆက်တိုက်အသုံးပြုနိုင်ပါတယ် မန္တလာ ၁ နဲ့ မန္တလာ ၂ ပါ ကြွက်ဆေးချပြီး ကြွက်မျိုးစိတ်တခု မရှိတော့ရင် နောက်ထပ်မျိုးစိတ် တစ်ခု ရောက်လာတတ်တာကြောင့်( ဥပမာ ကြွက်ဖလောင်းမျိုးစိတ် မရှိတော့ရင် ကြွက်ဝမ်းဖြူ မြေကြွက် တမျိုးမျိုး ) ၂ ပတ်တခါ စောင့်ကြည့်ဖို့ လိုပါတယ် ငှက်နားတိုင်ကို ၅ ဧက လျှင် တခု နှုန်း လုပ်ထားသင့်ပါတယ် ညငှက်မိသားစုတွေ ရှိနေခြင်းအားဖြင့် ကြွက် ဦးရေ ထိန်းချုပ်နိုင်ပါတယ် လတ်ဆတ်တဲ့ သင်္ဘောသီးအစိမ်း အနေတော်လှီးပြီး တစ်ဧက ၅ လုံးနှုန်း ကြွက်သွားလာတတ်တဲ့နေရာ ကန်သင်းရိုးတွေမှာ ကြဲထားခြင်းဖြင့် လည်း ထိန်းချုပ်နိုင်ပါတယ် ကြွက်တွေကို မသေစေပါဘူး ဒါပေမယ့် ကြွက်တွေရဲ့ ဖျက်ဆီးမှုကို (သင်္ဘောသီးရဲ့အစေးက ကြွက်ပါးစပ်မှာ အနာ ပေါက်စေခြင်းဖြင့် ) လျော့ကျစေပါတယ် ကြွက်တွေက စားဖို့အတွက် ကိုက်ဖြတ်ရသလို အသက်ရှင်ဖို့အတွက် ( ကြွက်တွေရဲ့ရှေ့သွား တဖြည်းဖြည်းရှည်လာပြီး အောက်မေးရိုးကို ထိုးကာ သေဆုံးနိုင်လို့ ရှေ့သွား မရှည်ရန် ကိုက်ဖြတ်တာ) ကိုက်ဖြတ် ရတာကြောင့် မကိုက်နိုင်ခြင်းအားဖြင့် တဖြည်းဖြည်း နှိမ်နင်းတာပါ ကြွက်ဟာ တစ်ကြိမ်တည်း နှိမ်နင်းခြင်းဖြင့် အကျိုးထိရောက်မည်မဟုတ်သလို တစုတပေါင်းနဲ့ နှိမ်နင်းတာမျိုး မဟုတ်ရင်လည်း အကျိုးသ်ရောက်မှု ရှိမည်မဟုတ်ပါ။ သဘာဝလေ့လာပြီး နည်းအမျိုးမျိုးနဲ့ နှိမ်နင်း မှ အဆင်ပြေမှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။