အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · မိုးကောင်း

နှမ်းသီးနှံကို မိုးရာသီမှာ စိုက်ပျိုးလို့ရပါသလားခဗျ

စိုက်ပျိုး ရေ နှမ်း နှမ်းစိုက်ချိန်
4

ဖြေကြားချက် ၄ ခု

116 လွန်ခဲ့သော ၆ နှစ် က

ရပါတယ်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

နေရာဒေသရဲ့ရာသီဥတုပေါ်မူတည်ပါတယ်။မိုးကောင်းမှာမိုးရာသီမိုးများလား။နှမ်းပင်ရဲ့သဘာဝက ရေဝပ်တာ.မိုးများတာမကြိုက်ဘူး။မိုးကမြေစိုရုံရွာရင်ကြိုက်တယ်။ ​မြေအစိုဓာတ်အမြဲရှိနေရင်အပင်ဖြစ်ထွန်းမှုကောင်းတယ်။နောက်တစ်ခု..နှမ်းကအလင်းရောင်နဲ့နေပူတာကိုကြိုက်တယ်။သက်တမ်းကရက်၉၀..၉၅ရက်ရှိတယ်။အဲဒီတော့နှမ်းပင်ရဲ့သဘောသဘာဝကိုသိပြီဆိုရင် မိုးရာသီမှာစိုက်သင့်မစိုက်သင့်သုံးသပ်ကြည့်ပါ။ရိတ်သိမ်းချိန်မှာမိုးရွာရင်မဖြစ်တာကြောင့်မိုးကောင်းမှာအခုချိန်စိုက်မယ်ဆိုရင်သြဂုတ်လကုန်ခန့်မှာရိတ်သိမ်းရပါမယ်။အဲဒီအချိန်မိုးကောင်းမှာမိုးလွတ်ပြီလား။မိုးနှမ်းကိုမကွေး.မန္တလေး.စစ်ကိုင်း.ဒေသတွေမှာစိုက်ပျိုးလေ့ရှိပါတယ်။မိုးနည်းဒေသတွေဖြစ်တာမို့ပါ။ဒါကြောင့်ကိုယ့်ဒေသရဲ့မိုးရွာသွန်းလေ့ရှိတဲ့အလေ့အထကိုလေ့လာမှတ်သားပြီးသီးနှံတွေကိုစိုက်ပျိုးပါလို့အကြံပေးပါရစေ။

116 လွန်ခဲ့သော ၆ နှစ် က

ရတယ်

80,436 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ နှမ်းကို မိုးဦး၊မိုးလယ်၊မိုးနှောင်း ဆိုပြီး မိုးရာသီမှာ စိုက်ပျိုးကြပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။