အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

အရွက်ဖြန်းအားဆေးပျော်ရည်ပြုလုပ်နည်းသိချင်ပါတယ် ခင်ဗျ ။

အပင်အာဟာရ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ကုက္ကိုသီး ရွက်ဖျန်းမြေဩဇာ ပါဝင်သောပစ္စည်း - ကုက္ကိုသီးကြိတ်ဖတ် ၁၀ ပိဿာ - ထန်းလျှက် (သို့မဟုတ်) တင်လဲရည် ၁ ပိဿာ - ရေ ၃၀ ဂါလန် - ငါးအမိုင်နိုအက်စစ် ၁ လီတာ (ရေသန့်ဘူးတစ်ဘူး) ငါးအမိုင်နိုအက်စစ် မရှိပါက ပုလဲမြေဩဇာ နို့ဆီဘူးတစ်ဝက်ခန့် ထည့်ပါ။ သို့သော် ဓါတုပစ္စည်းပါသဖြင့် ဩဂဲနစ် စိုက်ခင်းတွင် သုံးမရပါ။ ဓါတုပစ္စည်းအနည်းငယ်သုံးသော ဂျီအေပီစိုက်ခင်းတွင် သုံးနိုင်ပါသည်။ တစ်လကြာ စိမ်ပြီးသုံးပါ။ အပင်ကြီးထွားမှု အားကောင်းစေပြီး အသီးတင်မှုကောင်းကြောင်း တွေ့ရသည်။ ကုက္ကိုသီးကို ထုထောင်းရေစိမ်ပြီး မြေဆွေးပြုလုပ်ရာတွင် ထန်းလျှက်ကို တင်လဲရည်အစားသုံးနိုင်ပါသည်။ ကုက္ကိုသီး၏ အာနိသင်များကို စာရေးသူကိုယ်တိုင် ဂျုံသီးနှံတွင် သုတေသနပြုတွေ့ရှိဘူးပါသည်။ အထက်ပါ အပင်အားဆေးများကို ရေအဆ (၁၀၀) မှ (၅၀၀) ထိရောပြီး (၇) ရက်ခြားတစ်ကြိမ် ဖျန်းနိုင်ပါသည်။ အားဆေးအမျိုးမျိုးကို ရောဖျန်းနိုင်ပါသည်။ ပဲဖတ်၊ နှမ်းဖတ်၊ နွားချေးတို့ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။ လက်ခြားရွက်ဖျန်းဆေး (Borax, Na2B4O7.10H2O) ရေ (၄) ဂါလန် / (၁၀ ပိဿာ) လျှင် အမှုန့်ကြိတ်ပြီး လက်ခြားနှစ်ကျပ်ခွဲသားထည့်ဖျော်၍ အပင် ၁၅ ရက်သားမှ စ၍ ၁၀ ရက်ခြား သုံးကြိမ်ဖျန်းပါ။ ရေကိုအနည်းငယ်အပူပေး (ကြက်သိမ်းနွေးခန့်ပူအောင်) ၍ ဖျော်ရမည်။ လက်ခြားနှင့် ရေအချိုးသည် ၂၅-၂၈%ခန့်ဖြစ်သည်။ တစ်ဧက ဆေးဖျန်းပုံး (၆) ပုံးခန့်ဖျန်းပါ။ ပဲအထွက်ကို သိသာစွာ တိုးစေပါသည်။ လက်ခြားတွင် အပင်အနည်းလိုအာဟာရ ဘိုရွန်ပါဝင်ပြီး ပရေးဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။ ဘိုရွန်သည် ပဲမြစ်ဖုမှ နိုက်ထရိုဂျင် ဖမ်းယူပေးနိုင်စွမ်းအားကို တက်စေသောကြောင့် ပဲအထွက်တိုးခြင်းဖြစ်ပါသည်။ လက်ခြားတွင် ဘိုရွန် ၁၁.၃% ပါဝင်ပါသည်။ ယမ်းစိမ်း (Potassium nitrate, KNO3) အပင်တွင် နိုက်ထရိုဂျင်ဓာတ်ဖြစ်စေ၊ ပိုတက်ဆီယမ်ဓာတ်ဖြစ်စေ လိုအပ်ပါက ယမ်းစိမ်းကို ဝ.၁ % မှ ၁% ရေဖြင့် ဖျော်၍ ဆေးဖျန်းပုံးဖြင့်ဖျန်းလျှင် ဓါတ်များကို အပင်မှချက်ချင်းရရှိပြီး ပြန်ကျန်းမာလာနိုင်ပါသည်။ နိုက်ထရိုဂျင် ချို့တဲ့၍ အောက်ရွက်များဝါလာပါက ထိုသို့ဖျန်းလျှင် အလျှင်အမြန် ပြန်စိမ်းနိုင်ပါသည်။ ယမ်းစိမ်းတွင် N 13 % နှင့် K 44% ပါဝင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။