အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,582
လွန်ခဲ့သော ၆ နှစ် က · သာစည်

30×30သရက်ခင်းထဲမှာစိုက်ချင်ပါတယ် ကျင်းအနေအထား အောက်ခံမြေဆွေး နဲ့ရေပေးသွင်းမှု သိချင်ပ့တယ် စိုက်ကျိုးနည်းထဲမှာ...

30×30သရက်ခင်းထဲမှာစိုက်ချင်ပါတယ် ကျင်းအနေအထား အောက်ခံမြေဆွေး နဲ့ရေပေးသွင်းမှု သိချင်ပ့တယ် စိုက်ကျိုးနည်းထဲမှာကျကျင်းအရွယ်အစားနဲ့အောက်ခံမြေဆွေးအကြောင်းမပါခို့ပါ

စိုက်ပျိုးနည်း ဂွေးသီး
1

ဖြေကြားချက် ၁ ခု

79,224 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးခြင်း ရေဆင်းကောင်းသည့် မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပြီး အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသတွင် ကောင်းစွာကြီးထွားနိုင်ပါသည်။ ပင်ခြားတန်းခြားအကွာအဝေး ၁၀ ပေ မှ ပေ ၂၀ အတွင်းထား၍ စိုက်ပျိုးသင့်ပါသည်။ အစေ့မှ တိုက်ရိုက်စိုက်ပျိုးပါက အနက် ၂ လက်မခန့်ထား၍ စိုက်ပျိုးသင့်ပါသည်။ အစေ့မှ တိုက်ရိုက်စိုက်ပျိုးပါက ၄ ပတ်အကြာတွင် မျိုးညှောင့်ပေါက်နိုင်ပြီး ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။ မြေသြဇာကျွေးခြင်း မြေသြဇာလိုအပ်မှုနည်းသော အပင်ဖြစ်သော်လည်း စီးပွားဖြစ်စိုက်ပျိုးပါက မြေသြဇာထည့်သွင်းရန် လိုအပ်ပါသည်။ အပင်ငယ်စဥ်တွင် ကွန်ပေါင်းမြေသြဇာ ၁၀၀ ဂရမ်ကို ၂-၃ လ ခြားတစ်ကြိမ် ထည့်သွင်းရန် လိုအပ်ပါသည်။ အပင်ကြီးထွားလာသည်နှင့်အမျှ မြေသြဇာပမာဏကို တိုးထည့်ပေးရန် လိုအပ်ပါသည်။ အပင်သက်တမ်းရင့်လာပါက တစ်နှစ်လျှင် မြေသြဇာပမာဏ ၁ ကီလိုဂရမ် ၂ ကြိမ် မှ ၄ ကြိမ်ကျွေးနိုင်ပါသည်။ သို့သော် မြေသြဇာပမာဏ ၁ ကီလိုဂရမ်ထက် မပိုစေရန် သတိပြုရပါမည်။ ဂွေးသီးစိုက်ပျိုးနည်း ဆောင်းပါးအပြည့်အစုံဖတ်ချင်ရင် ဒီစာတန်းလေးကိုနှိပ်ပါရှင့်။ ဒါကတော့ ဂွေးပင်ကို ပြုစုနည်းပါ။ ကြားညှပ်စိုက်ချင်တာဆိုတော့ ဂွေးပင်နဲ့ သရက်ပင်နဲ့က အပင်ကြီးမျိုးအတူတူဖြစ်လို့ အဆင်ပြေနိုင်မလားဆိုတာ လေ့လာကြည့်ရပါမယ်ရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။