အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
812
လွန်ခဲ့သော ၆ နှစ် က · ပွင့်ဖြူ

တမာပိုးသတ်ဆေးလုပ်နည်းလေးပြောပြပေးကြပါလားဆရာတို့ခင်ဗျာ

ပိုးမွှားရောဂါ နှမ်း ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
3

ဖြေကြားချက် ၃ ခု

812 လွန်ခဲ့သော ၆ နှစ် က

ရေလေးဂါလံဆေးဖြန်းပုံတစ်ပုံးတွင်ဆေးရည်နှုန်းထားဘယ်လောက်ထည့်ရပါမလဲဆရာထွန်းရာဇာခင်ဗျာ

116 လွန်ခဲ့သော ၆ နှစ် က

ဆေးတဖုံမှာနှစ်ပုံးစာရမှာလား

80,436 လွန်ခဲ့သော ၆ နှစ် က

အလွယ်တကူလုပ်လို့ရတဲ့ တမာရွက်နဲ့ ပိုးသတ်ဆေးလုပ်နည်း (၁) တမာရွက် ၂ ပိဿာခန့်ခူးပါ။ (၂) တမာရွက်တွေကို နုတ်နုတ်စင်းပါ။ (၃) တမာရွက်များကိုပုံးထဲထည့်၍ ရေ ၄ ဂါလံရောပြီး အဖုံးအုပ်ပါ။ (၄) တမာရွက်စိမ်ရည်ကို ၃ ရက်ထားပါ။ (၅) တမာရွက်စိမ်ရည်ကို ပိတ်ပါးသို့မဟုတ် ရေစစ်ဖြင့်စစ်ယူပါ။ (၆) တမာရွက်စ်ိမ်ရည် ထဲသို့ အိမ်သုံးဆီ ၆ ကျပ်သား၊ ပန်းကန်ဆေးဆပ်ပြာရည် ၆ ကျပ်သား ခန့်မှန်းပြီးထည့်ပါ။ (၇) တမာဆေးရွက်စိမ်ရည်အရောအနှောကို ရေ ၄ ဂါလံဖြင့် ရောပြီး ဆေးအဖြစ် ပက်ဖျန်း အသုံးပြုနိုင်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။