ဘာဆေးဖြန်းရင်ကောင်းမလည်း ဆရာတို့။ green wayကနေလေ့လာပြီး နှမ်းကအခုမှပထမဆုံး စိုက်ဖူးတာဖြစ်လို့ပါ။
ဒီအချိန်မှာ အီးအမ် သို့မဟုတ် ငါးအမိုင်နိုအက်စစ်ဖျန်ပေးပါ၊ဖျန်းတဲ့အခါမှာအရွက်အောက်မျက်နှာပြင်ကိုဖျန်းပါ၊ရွှဲရွှဲစိုအောင်ဖျန်းပါ၊မနက်၈နာရီမှ၁၁နာရီအတွင်းဖျန်းပါ၊ညနေပိုင်းမဖျန်းပါနဲ့။ပိုးကာကွယ်ဆေးအနေနဲ့တမာဆေးဖျန်းပေးပါ။နောက်ဆုံးကြားဝင်ချိန်မှာ ပုလဲ၂၈ပေါင်ကျွေးပေးပါ။အပွင့်လိုက်လာပြီဆိုရင်တော့ ပုလဲ+လက်ချား ပွင့်သီးအားကောင်းဆေးဖျန်းပေးပါ။အခုချိန် အပင်တွေကြပ်နေရင် အပင်မှုန်းပေးပါ။ထွန်စိပ်နဲ့ကန့်လန့်ဖြတ်တိုက်ပြီးမှုန်းနိုင်ပါတယ်။အပင်မှုန်းတာကိုမနှမျောပါနဲ့ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့ရေအပင်ကတလသားပါဘာလိုအပ်နေလဲဗျ
ဖြေကြားချက် 2 ခု
အမှာကြီးမှားသွားပီလားမသိဘူးဗျာ ကောင်းစေချင်လို့ရေသွင်းလိုက်မှအပင်လေးတေငိုက်ကြလာတယ်ဘလိုလုပ်ရမလဲဗျာ
ဖြေကြားချက် 5 ခု
ငါးအမိုင်လိုနဲ့ မူလအီးအမ်တွေကဘယ်လောက်ကြာကြာအထားခံပါလဲခင်ဗျ
ဖြေကြားချက် 2 ခု
သဘာ၀ရွက်ဖျန်းနည်းေလးေပြာပါ နှမ်းခင်းအတွက်
ဖြေကြားချက် 4 ခု
ပုလဲ လက်ချားကို မိုးမရွာဘဲ နေပဲ ပူနေချိန် ဖျန်းလို့ရလားဆာ ငါးအမိုင်နိုအက်စစ်က ဘယ်မှာဝယ်ရလဲ
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။