အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,335
လွန်ခဲ့သော ၈ နှစ် က · သင်္ဃန်းကျွန်း

စပါးမှိုသီးရောဂါအကြောင်း

ပိုးမွှားရောဂါ စပါး စပါးမှိုသီးရောဂါ
Post image

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ရောဂါဖြစ်စေသောသက်ရှိကတော့-Ustilaginoidea virens လို့ခေါ်တဲ့မှိုကြောင့်ဖြစ်တာပါ။ ရောဂါလက္ခဏာ စပါးစေ့များတွင် ပုံမှန်ထက်၂ဆခန့်ကြီးမားပြီးအစိမ်းရောင်၊စိမ်းဝါရောင်မှိုအစုအခဲများဖုံးအုပ်ပြီးမှိုသီးများအဖြစ်တွေ့ရပါတယ်။ မှိုသီးများရင့်လွန်းချိန်တွင် စိမ်းညိုညိုအရောင်ပြောင်းသွားပါတယ်။ ရောဂါသံသရာ ရောဂါရစပါးစေ့များသည် လယ်ကွက်ထဲ၌ ကြွေကျကျန်ရစ်ခဲ့ကာ နောက်စပါးစိုက်ပြီးနောက် ပန်းပွင့်ချိန်တိုင်အောင် ရောဂါဖြစ်စေသော်မှိုသည် ရှင်သန်နေပြီးစပါးပွင်းများပေါ်သို့ ရောက်ရှိကာ ရောဂါဖြစ်စေသည်။ လေတိုက်ခြင်းဖြင့်အခြားအပင်းများသို့ကူးစက်စေသည်။ ကာကွယ်နှိမ်နင်းနည်း -ရောဂါကျစိုက်ခင်းမှ မျိုးစေ့များကို ပြန်မသုံးပါနှင့် -မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးနဲ့လူးနယ်ပြီးမှစိုက်ပါ -အနှံမထွက်မှီရက်အနည်းငယ်အလိုတွင် မျိုသတဆေးဖြန်းပါ။ ai- Propiconazole, Azoxystrobin, Benomyl, Carbendazimကိုသုံးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။