အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,334
လွန်ခဲ့သော ၆ နှစ် က

သပြေကိုင်းကူးနည်းလေး ပြောပေးကြပါဦးခမျ?

စိုက်ပျိုးနည်း သပြေ
2

ဖြေကြားချက် ၂ ခု

1,334 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

80,436 လွန်ခဲ့သော ၆ နှစ် က

‌ယခုပြောပြမည့်နည်းမှာ သပ်ထိုးကိုင်းကူးနည်းဖြစ်ပြီး အောက်ခံ ပျိုးပင်များဝယ်ရန်လဲ လိုအပ်ပါတယ်။ အောက်ခံပျိုးပင်ရွေးချယ်ခြင်းက အရေးကြီးပြီး ရောဂါကင်းကာ နှစ်ခြင်းပေါက်ပျိုးပင်ဖြစ်သင့်ပါတယ်။အညာဘက်က ပင်စည်နီကျင့်ကျင့်ရောင်ရှိတဲ့ အောင်သပြေပင်ကိုသုံးသင့်ပါတယ်။ ပထမဆုံး မိမိကိုင်းကူးချင်တဲ့ မိခင်ပင်မှ အရွက်ရင့်ပြီးအဖျားကိုင်းမာများကို ၆လက်မခန့်ဖြတ်ယူပါ။ ထို့နောက် အောက်ခံပျိုးပင်များကို ၄ လက်မချန်၍ထိပ်ပိုင်းဖြတ်ပေးပြီး ဖြတ်ထားတဲ့နေရာမှ အလည်တည့်တည့် တစ်လက်မခန့် ခွဲချပါ။ မျိုးကိုင်းဖြတ်များကို V ပုံသဏ္ဍန်သပ်၍ တစ်လက်မခန့် ခွဲထားသောအောက်ခံပျိုးပင်မှာ အလည်တည့်တည့်ထိုးထည့်ပါ။ ထို့နောက် စားပွဲခင်းဖြတ်ပိုင်းစဖြင့် ဆက်ထားတဲ့နေရာလုံအောင် စည်းပတ်ပေးပါ။ ၎င်းကိုင်းကူးထားသောအပင်များကို ပလက်စတစ်အ​ကြည် မိုးကာအောက် မြေကြီးအစိုဓာတ်ပေး၍ ထားပေးပါ။ အောက်ခံပျိုးပင်များမှ ထွက်လာသည့် အတက်များဖြတ်ပေးပါ။နှစ်လခန့်အကြာတွင် မျိုးကိုင်းမှ အညွှန့်များထွက်လာပါက အမိုးအောက်မှ ထုတ်ပေးပါ။ ၂ပေလောက် အပင်အရွယ်ရောက်ပါက မြေချစိုက်လို့ရပါပြီ။ ဤနည်းကိုDrအုန်းမြင့်ရေးသော ဆောင်းပါးမှ အကျဥ်းချုပ်ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။