အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,044
လွန်ခဲ့သော ၆ နှစ် က · ယင်းမာပင်

မှိုပျိုးတာ၇ရက်ရှိပါပီ မှိုသန္ဓေဥကမှိုကျင်းထောင့်တနေရာလောက်မှာပဲတွေ့ရတယ်မှိုအပေါက်ပျက်တော့တာလားဗျ အခုမှအစအစမ်း...

မှိုပျိုးတာ၇ရက်ရှိပါပီ မှိုသန္ဓေဥကမှိုကျင်းထောင့်တနေရာလောက်မှာပဲတွေ့ရတယ်မှိုအပေါက်ပျက်တော့တာလားဗျ အခုမှအစအစမ်းပျိုးမို့ပါ

စိုက်ပျိုး ဗဟုသုတ မှို (ကောက်ရိုးမှို)
5

ဖြေကြားချက် ၅ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

လုပ်သင့်ပါတယ် မှိုသန္ဓေသား စထွက်နေပြီဆိုတော့ အလင်းရောင်လည်း လိုလာပြီ ဖြစ်တာမလို့ ပလပ်စတစ်ကို တစ်နေ့နှစ်ခါလောက် အချိန်နဲ့လှန်ပေးလို့ရပါတယ် ကောက်ရိုးဖြစ်ဖြစ်ခပ်ပါးပါးအုပ်ပေးထားပြီးတော့ ရေကို အစိုဓာတ်ရှိနေသေးရင်ရေမွှားလေတွေဖျန်းပေးလို့ရပါတယ် မှိုလုံးလေးတွေက ပူလွန်းပြီး ချွေးထိရင်လည်း ပျက်စီးတတ်တယ်ရေများရင်ပျက်စီးတတ်တယ် အရမ်းဂရုစိုက်ပေးရပါတယ်

1,044 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါပလပ်စတစ်လှပ်တာတို့ရေဖျန်းတာတို့လုပ်ရမလားဗျအစိုဓာက်ကတော့ကောင်းပါတယ်ဗျ

100,154 လွန်ခဲ့သော ၆ နှစ် က

အထွက်နောက်ကျတာလည်းဖြစ်နိုင်ပါတယ် အပူချိန်နဲ့ ရေ မမျှတတဲ့ အခါမှာ နောက်ကျတတ်ပါတယ် ခုနှစ်ရက်ပဲရှိသေးလို့ခဏစောင့်ကြည့်ပေးပါရှင့်

1,044 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်သိလိုတာကဆက်လက်မှိုဘောင်ကိုဆက်လက်ပြုစုသင့်သေးလားကိုပါ

100,154 လွန်ခဲ့သော ၆ နှစ် က

လိုအပ်တဲ့ အပူချိန်နဲ့ အစိုဓာတ်မရလို့ မှိုမျှင်ပွားများမှု နည်းတာလို့ ထင်ပါတယ်ရှင့်။ မှိုစိုက်ပြီး ၇ရက် မြောက်နေ့မှာ အစိုဓာတ်ကို ၇၅ ရာခိုင်နှုန်း ရအောင် မှိုဘောင်ကြားက ရေမြောင်းထဲကို တစ်နေ့ ၂ ကြိမ် ရေလောင်းထည့်ပေးရပါမယ်။ အပူချိန်ကိုလည်း ၃၂-၃၄ ဒီဂရီ စင်တီဂရိတ်မှာ ထိန်းထားဖို့ အုပ်ထားတဲ့ ပလပ်စတစ်ပေါ် ရေလောင်းပေးတာတွေ၊ အလင်းနဲ့ လေ၀င်လေထွက် ကောင်းအောင် တစ်နေ့ကို မိနစ် ၂၀လောက် ဖွင့်ပေးတာတွေ လုပ်ပေးရပါမယ် ရှင့်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။