ဖြေကြားချက် ၁ ခု
နှမ်းသီးနှံကိုလောင်းကစားသီးနှံလို့ခေါ်ကြတယ်။ရာသီဥတုပေါ်မူတည်ပြီးအပင်ဖြစ်ထွန်းမှုပြောင်းလဲသွားနိုင်တဲ့သီးနှံမျိုးပေါ့။နှမ်းသီးနှံကအလင်းရောင်နဲ့အပူရှိန်ရှိရင်ပိုဖြစ်ထွန်းတယ်။ရေဝပ်တာမကြိုက်ပေမဲ့အစိုဓာတ်တော့လိုအပ်တယ်။ဒါကြောင့်အခုလိုနွေနှမ်း/မိုးကြိုနှမ်းစိုက်ရင် ရေသွင်းစိုက်နိုင်မှအဆင်ပြေမှာပါ။ရေကလည်းမသွင်းနိုင်..နွေရာသီရဲ့အပူရှိန်ကလည်းပြင်း..ဆိုတော့အပင်ငုတ်တုတ်ဖြစ်တော့တာပေါ့။ဒါကြောင့် ရိတ်တော့ဖင်တရွတ်..သီးတော့နှစ်လုံးပြွတ်လို့ရှေးကပြောခဲ့ကြတာပေါ့။နွေနှမ်းကိုစိုက်မယ်ဆိုရင်ရေသွင်းနိုင်မှစိုက်ပါ။ရေအဆင်မပြေရင်မစိုက်ပါနဲ့။အခုစိုက်ခင်းကအပင်မမြင့်ရတာမို့..ဘယ်နှစ်ရက်သားရှိပြီလဲ..ရောဂါကြောင့်လား..ရေနဲ့ရာသီဥတုကြောင့်လား..ပိုမိုသိရှိနိုင်အောင်ဓာတ်ပုံရိုက်ပြီးပြန်တင်ပြပေးပါလား။
ဆက်စပ်မေးခွန်းများ
အပင်တိုင်းအညိုရောင်အရွက်ရိုးနားမှာဖြစ်နေတာဘာကြောင်လဲဘာလိုအပ်ချက်တွေရှိနေလဲဆိုတာဖြေကြားပေးကြပါအုံးဆရာတို့
ဖြေကြားချက် 3 ခု
ပိုးမွှားရောဂါများကိုသိချင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 1 ခု
နှမ်းခင်၁၄သားပါ ပိုတွေတားစားလို့ အင်တွေချိပီဝါသွားလို့ပါ ဘာစေဆးသုံးရမလဲ ခင်ဗျ
ဖြေကြားချက် 4 ခု
အရွက််တွေထွတ်နေလို့ဘာဆေးသုံးရမလဲခင်ဗျာ
ဖြေကြားချက် 3 ခု
ကျွန်တော့်လယ်ထဲကနှမ်းပင်လေးတွေ အခုလိုဖြစ်နေလို့ ဘာရောဂါ ပိုးကျရောက်နေပါသလဲ ဘယ်လိုဆေးတွေအသုံးပြုရမလဲဗျ
ဖြေကြားချက် 1 ခု