အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
893
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

အပွင့်တွေခြောက်​နေလို့အသီးလဲအတင်နည်းနေတယ်ဘာလုပ်သင့်လဲလမ်းညွန့်ပေးကြပါအုန်းဆရာတို့

ပိုးမွှားရောဂါ နှမ်း နှမ်းပင်ပြုစုခြင်း
Post image
Post image
3

ဖြေကြားချက် ၃ ခု

124 လွန်ခဲ့သော ၆ နှစ် က

နှမ်းပွင့်ကအခုလိုလေးအပင်ကပ်ခြောက်နေတာနောက်ကအသီးကပ်ပါလာတာဗျဘာမစိုးရိမ်စရာမရှိပါဘူးအပွင့်စိမ်းတေအောက်ဖွေးနေအောင်ကြွေနေရင်သာအသီးအတင်နည်းတာပါအခုလိုအပွင့်လေးတေခြောက်နေတာအသီးတင်တဲ့လက်ခဏာပါပညာရှင်မဟုတ်ပါဘူးဗျာတောင်သူပါအတွေ့အကြုံမျှဝေတာပါဗျာ

893 လွန်ခဲ့သော ၆ နှစ် က

ဖျန်းရေပေးလို့ပုလဲကကျွေးရင်ကောင်းသလားဗျာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အောက်အစိုဓာတ်ကလည်းမရှိ..နေအပူရှိန်ကလည်းပြင်းရင် အပွင့်တွေခြောက်ပြီးကြွေတတ်ပါတယ်။နှမ်းပင်ကရေဝပ်တာမကြိုက်ပေမဲ့အစိုဓာတ်တော့လိုအပ်ပါတယ်။အထူးသဖြင့်အပင်ကြီးထွားစဥ်ကာလ..ပန်းပွင့်ချိန်နဲ့ အသီးဝင်ချိန်မှာအစိုဓာတ်ရှိမှ ပွင့်​သီးမှုကောင်းနိုင်တာပါ။အခုဒီအချိန်မှာလုပ်သင့်တာက..ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း + လက်ချားအမှုန့် ၄ဇွန်းနှုန်းနဲ့ တစ်ဧကကိုအနည်းဆုံး ၅ပုံးဖျန်းပေးပါ။နောက်၅ရက်အကြာမှာထပ်ဖျန်းပေးပါ။ဖျန်းတဲ့အခါမှာ မနက်၈နာရီနဲ့၁၁နာရီအတွင်း ရွဲရွဲဖျန်းပေးပါ။အရွက်အောက်မျက်နှာပြင်ကိုသာဖျန်းရမှာမို့ နော်ဇယ်ခေါင်းကိုပက်လက်အနေအထားနဲ့ဖျန်းရမှာပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။