အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,102
လွန်ခဲ့သော ၆ နှစ် က · မော်လမြိုင်

မြေနိမ့်ပိုင်းမှာ ဘယ်လိုစိုက်ရမလဲ

စိုက်ပျိုးစီးပွား ကော်ဖီ

ဖြေကြားချက် ၁ ခု

80,436 လွန်ခဲ့သော ၆ နှစ် က

ကော်ဖီမစိုက်ခင် (၂) နှစ်လောက်ကြိုပြီး အရိပ် ရပင်စိုက်ထားသင့်ပါတယ်။ မြေအမျိုးအစားက တော့ အပေါ်ယံမြေသားနက်၍ ရေစီးရေလာကောင်းတဲ့မြေမျိုးဖြစ်သင့်ပါတယ်။မြေအချဥ်ငံဓာတ်(၄.၅-၅) ဖစ်သင့်ပါတယ်။မြေနိမ့်ကောဖီမျိုးဖြစ်တဲ့ ရိုဘတ်စတာကော်ဖီမျိုးကိုရွေးချယ်ပါ။ ပျိုးပင်သက်တမ်း တစ်နှစ်သားမှာ ၂ပေပတ်လည်ကျင်းတူးပြီး မြေချစိုက်ပါ။ရေသောက်မြစ်မခေါက်စေရန်သတိပြုပါ။ အပင်ပတ်လည်ကို ကောက်ရိုးဖုံးပေးပါ။ပင်ကြား တန်းကြား(၆×၈)ပေ ထားပေးပါ။ အပင်သက်တမ်း ၁-၂ နှစ်မှာ NPK (၁:၂:၁)ကို တစ်နှစ် ၃ ကြိမ်ကျွေးပေးပါ။ ၃နှစ်အထက်သက်တမ်းရှိအပင်တွေကိုတော့ NPK (၂:၁:၂) ကိုကျွေးပေးပါ။၃-၄ နှစ်ကြာရင် ပန်းစပွင့်ပြီး ပန်းပွင့်ပြီး ၈လောက်လ ကြာရင် အသီးမှည့်ပြီး ခူးစွတ်လို့ရပါပြီ။ တစ်နှစ်ကို ၂-၃ ကြိမ်သီးတတ်ကြပါတယ်။ လက်တွေ့စိုက်ဖူးခဲ့သော အတွေ့အကြုံနဲ့ အခြားဆောင်းပါးများမှ ရေးသားချက်များကို ကောက်နုတ်၍ အကျဥ်းချုပ်ဖော်ပြပေးခြင်းဖြစ်ပါတယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။