ဒီမြေမျိုးမှာခုချိန်မြေပဲစိုက်လို့ရနိုင်မလားဗျ။ တောင်စောင်းတော့ကျတယ်။ စမ်းစိုက်ကြည့်ချင်လို့ပါ။
စိုက်ပါ မ်ုက်တယ်
သိခြင့္ရလို႔ေက်းဇူးတင္ပါတယ္ဗ်
မြေပဲဟာ မြေအမျိုးအစားမရွေးဖြစ်ထွန်းဖို့ခက်ခဲပါတယ်။လေထဲမှာပန်းပွင့်ပြီးစွယ်ဖြစ်..စွယ်ကမြေအောက်ဆင်းပြီးမှမြေပဲတောင့်ဖြစ်တာမို့ နုံးပါတဲ့မြေတွေ(နုံးမြေ,သဲနုံးမြေ,နုံးစနယ် မြေ) မှာစိုက်ပျိုးဖြစ်ထွန်းပါတယ်။စွယ်ချချိန်မှာ မြေကတင်းပြီးကျပ်မနေရပါဘူး။ထယ်ရေးနက်နက်..ထွန်ရေးညက်ညက်လုပ်ပေးရပါတယ်။ဒါကြောင့်ကိုစောဆာယူစေးရဲ့မြေအနေအထားကနုန်းဆန်တဲ့မြေဆိုရင်စိုက်နိုင်ပါတယ်။အခုချိန်စိုက်နိုင်ပါပြီ(နည်းနည်းတော့နောက်ကျနေပါပြီ)
မြေပဲကို နုံးမြေနှင့် သဲနုံးမြေတို့မှာစိုက်ရန် အသင့်တော်ဆုံး မြေအမျိုးအစားများဖြစ်ပါတယ်။ ရေထုတ်ရန်လွယ်ကူပြီး ရေစိမ့်စီးဆင်းမှုကောင်း မွန်သော မြေဖြစ်သင့်ပါတယ်။ မြေအချဉ်အငန်ကိန်း pH ၅.၀ ထက်ကျော်သောမြေတွင် ပိုမို စိုက် ပျိုးဖြစ်ထွန်းကြောင်း သိရပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲကိုဘယ်လိုစိုက်ပျု ိရင်အကောင်းဆုံးဖြစ်နိုင်သလဲ
ဖြေကြားချက် 1 ခု
ဆရာ ဆရာမ. များ ခင်ဗျာ မြေပဲ ရေဆင်း ၁၁. ဘယ်လမှာ စိုက်ရင် အဆင်မလဲခင်ဗျာ မကွေးတိုင်း ဒေသကြီး ပခုက္ကူ မြို့နယ် စဘေ...
ဖြေကြားချက် 2 ခု
မိုုးမြေပဲဘယ်ချိန်စစိုက်တာလဲဘယ်ချိန်ရမလဲ
ဖြေကြားချက် 2 ခု
အခုရာသီစိုက်ချင်တယ်?
ဖြေကြားချက် 1 ခု
မြေပဲကိုမိုးဦးအချိန်စိုက်လို့ရလားဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။