အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးအုန်းဆွေ

ဦးအုန်းဆွေ

တောင်သူ · ဂွ

4,234
လွန်ခဲ့သော ၆ နှစ် က

ရေမြေ ရာသီဥတုမရွေး ပေါက်ပါတယ်။ ဒါပေမဲ့ ပူအိုက်စိုစွတ်တဲနေရာဒေသ တွေမှာ အပင်ပေါက်မှုနည်းပါတယ်။

ဘိုစားပဲက ရာသီမရွေး ဒေသမရွေး စိုက်လို့ရလားဗျ ရှင်းပြပေးပါအုံး

လွန်ခဲ့သော ၆ နှစ် က

မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းနဲ့အောက်ပိုင်း ဒေသမှာ ပုံမှန်သရက် ပန်းပွင့်ချိန်က အစောဆုံး နိုဝင်ဘာလဖြစ်ပြီးတော့ ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာပန်းဖြိုင်ဖြိုင်ပွင့်တဲ့အချိန်တွဖြစ်ပါတယ်။ သရက်ပင်အခေါက်ခွာမယ်ဆိုရင်တော့ ပန်းမပွင့်ခင် ၄ လလောက်အလိုလောက်မှာ အကျယ်တစ်လက်မခန့် အခေါက်ခွာရင် ပိုကောင်းပါတယ်။ အခေါက်ခွာတာရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုအား ရပ်တန့်ပစ်ရန်နှင့် အခေါက်ခွာထားသော ကိုင်း၏ အထက်ပိုင်းတွင် ကာဘိုဟိုက်ဒရိုတ် ပမာဏ များလာရန် ဖြစ်တယ်။ တစ်ခုသတိထားရမှာ အခေါက်ခွာတဲ့အချိန်မှာ သရက်ပင်ဟာ အရွက်ရင့်နေတာမျိုး ကြီးထွားမှု ရပ်တန့်နေတာမျိုး ဖြစ်သင့်ပါတယ်။ သရက်ပင် အခေါက်ခွာတာက စောစောသီးတယ်ဆိုပေမဲ့ ရာသီဥတုနဲ့လဲ ဆိုင်ပါသေးတယ်ဗျ။

သရက်ကို စောစောသီးစေခြင်ရင်အခေါက်ခွာထားဆိုလို့ အခေါင်တွေခွာထားလိုက်တာ ပြီးတော့ အရွက်တွေရင့်နေတဲ့အချိန် သရက်ရာသီမရောက်ခင်ကတည်းကလုပ်ရမယ်ဆိုလို့ဒီလကုန်ရင်လုပ်မလို့အတင်ပြေမလားဗျ

လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးသူက အာဟာရ မြေသြဇာ မျိုးကို ပက်ဖျန်း ပေးခြင်း၊ အမြစ်များ ဆီသို့ လောင်းပေး ခြင်းဖြင့် ပံ့ပိုး ကြသည်။ ဤသို့ပြု လုပ်ကြ ရာတွင် သစ်ခွပင်များကို အစာလုံးဝကျွေးရန် မလိုဟူသော အဆိုမျိုးမှာ ၎င်းင်းတို့ကို နေ့စဉ် မပြတ်ကျွေး သောသူမျိုး အထိ ကွဲပြားမှု ကြီးမားစွာရှိနေသည်။ တချို့ကလည်း သစ်ခွပင် များ၏ ကြီးထွားမှု အဆင့်တချို့၌သာ အစာ ကျွေးခြင်းမျိုး လည်းရှိပါသည်။ အဦးပိုင်းကာလ သစ်ခွစိုက်ပျိုး သူများက နွားချေး အစို၊ နွားချေး အခြောက် များကို တိုက်ရိုက် အသုံးပြု သကဲ့သို့၊ တချို့က ရေစိမ်ပြီး စိမ်ရည်၊ စစ်ရည် ကိုသာ ပက်ဖျန်း ပေးကြသည်။ တချို့ ကလည်း ထိုနွားချေး များကို ရေစိမ်၊ ကဇော်ဖောက် အပုပ်ခံ ပြီးမှ စစ်ရည်ကို ပက်ဖျန်းခြင်းပြုလုပ်ကြသည်။ အလားတူ ပင် ကြက်ချေး၊ လင်းနို့ချေး၊ ငှက်ချေးများကို လည်း သစ်ခွများကို အစာကျွေးရာတွင် ကျယ်ပြန့်စွာအသံုးပြုခဲ့ကြသည်။ စင်ကာပူ၊ မလေးရှားနိုင်ငံများ၏ အဦးပိုင်းသစ်ခွစိုက် ပျိုးသူများကလည်း ဝက်ချေးများကို အမြောက်အများအသံုးပြုခဲ့သည်။ သို့သော် သိပ္ပံနည်းကျ အာဟာရစားသုံးစနစ်ကို သိ လာကြသောအခါ ထိုကဲ့သို့သော သဘာဝ မြေသြဇာများကို ဖော ဖော သီသီ အသုံးပြု သောစနစ် များကို စွန့်လွှတ် ခဲ့ကြသည်။ ထိုသို့ တိရစ္ဆာန် ချေးများနှင့် သဘာဝမြေ သြဇာ များကို အတိုင်းအဆမရှိ အသုံးပြုခြင်းေြကာင့် ရောဂါအမျိုးမျို ကျရောက်နိုင်သော အဖြစ်မျိုးကို သိပြီးသောအခါ၌ ထိုသို့အစာ မကျွေးတော့ခြင်း ဖြစ်သည်။ ဗနီလာ သစ်ခွပင် များကို နိုက်ထရိုဂျင် ဝး ၁၀ နှင့် ၈၀ ppm (သန်းပုံ- pant per million) နှင့် ပိုတက်စီယမ်ကို ဝး ၇ နှင့် ၄၀ppm ကျွေး၍ လေ့လာရာတွင် နိုက်ထရိုဂျင် နှင့် ပိုတက်စီယမ် နှစ်မျိုးလုံးရရှိသော အပင် များမှာ ပို၍ကြီး ထွားနှုန်း ကောင်းကြောင်း တွေ့ရှိ ရသည်။ နိုက်ထရိုဂျင် များသော အပင် များ၏ အရွက် များမှာ ပိုစိမ်း သော်လည်းပိုတက်စီယမ်မှာကား အရွက်များအပေါ် သက်ရောက်မှုမတွေ့ရပေ။ နိုက်ထရိုဂျင်ကို ကျွေးရာတွင် အသွင် သုံးမျိုးဖြင့် စမ်းသပ်ကျွေးကြည့်ခဲ့ကြသည်။ ယူရီးယားမှာ အေမိုက်နိုက်ထရိုဂျင် အမျိုး အစားဖြစ်သည်။ နိုက်ထရိုဂျင်အသွင်နောက်တစ်မျိုး ဖြစ်သော အမိုးနီးယမ်းနိုက်ထရိတ်က၊ နိုက်ထရိတ် မြေသြဇာများထက်၊ ပိုကောင်းကြောင်း တွေ့ရသော်လည်း၊ ဗင်ဒါ မျိုးစုတွင်ကား နိုက်ထရိတ်များကပိုကောင်း ကြောင်း တွေ့ရပြန်သည်။ အချိန်ကြာလာ သောအခါ ပိုတက်စီယမ်ချို့တဲ့မှု ဖြစ်ပေါ် လာနိုင်ပေသည်။ ၁၉၇၆ ခုနှစ်တွင် ဇာခရစ်၏ လေ့လာ ချက်အရ သစ်ခွများ၏ NPK နှင့် Mg လိုအပ် မှုမှာ ၁ ဒသမ ၂၅N; 04 P2O5 သုညဒသမ ၇၅ K2O နှင် သုည ဒသမMgO တို့ ဖြစ်သည်။ နိုက်ထရိုဂျင် ထိုပမာဏထက် တိုးပေးလျှင် လည်း ပိုကောင်း မလာပါ။အလွန်များ သွားပါက အဆိပ်ပင် ဖြစ်လာ နိုင်သည်။ သုတေသီ များက ကတ်တလေယာ သစ်ခွ များ၏ အာဟာရ စားသုံးခြင်း ကို လေ့လာရာတွင် N ကို ၅၀ppm, P2O5 နှင့် K2O ကို ၅၀ ppm ထက် ပိုမကျွေးဘဲ၊ MgO ကို ၂၅ ppm ကျွေးကြသည်။ သစ်ခွရွက် များပေါ်တွင် ရေစိမ့်ဝင်ရန် ခက်ခဲသော ဖယောင်းလွှာကျူတင် ရှိနေခြင်း ကြောင့် အရွက်များအနေနှင့် အာဟာရစုပ် ယူမှုရှိနိုင်သည်ကို သံသယဖြစ်ကြသည်။ ၁၉၆၇ ခုနှစ်တွင် ပါမောက္ခ ရှီဟန်က၊ ကတ်တလေယာထရိုင်မို့(စ်) အပင်များနှင့် သုတေသနပြုလုပ်ခဲ့သည်။ အဏုဖြူရောင် ခြည်သက်ဝင်နေသော p၃၂ ပါဝင်သည့် ဖော့ ဖိုးရစ်အက်ဆစ်ဖြင့် စမ်းသပ်ခဲ့သည်။ p ကို ၂၊ ၁၂၊ ၂၄ နှင့် ၁၂၀ နာရီအလွန်တွင် အပင် အတွင်း ရှေ့ဘက်ရှိသော ပမာဏကို ဓာတ်ခွဲစမ်းသပ်ခဲ့သည်။ ထိုသို့စမ်း သပ်ရာတွင် သစ်ခွရွက်များနှင့် ဆူဒိုဗပ်(ပင်စည်)အတွင်းသို့ ၂၄ နာရီတွင် ၃၅ ရာခိုင်နှုန်း ရောက်ရှိနေကြောင်း စမ်းသပ်တွေ့ရှိရသည်။ ဤ စမ်းသပ် မှုမှာ အရွက် များမှ အရွက်ဖျန်း မြေသြဇာများ စုပ်ယူနိုင် မှုကို အခိုင် အမာ သက်သေပြခဲ့သည်။ သစ်ခွရွက်များသည် အစာစုပ်ယူနိုင် သော်လည်း အမြစ်များက အစာစုပ်ယူရေး တွင် ပို၍အဓိကကျသည်။ သစ်ခွပင်များတွင် နှစ်စဉ်အမြစ်များ ထွက်လာသော်လည်း တစ်နှစ်၊ နှစ်နှစ်မှ လေးနှစ်အထိရှိသော သစ်ခွမြစ်များမှာလည်း အာဟာရစုပ်ယူရာ တွင် ထိရောက် လျက်ရှိသည်။ သစ်ခွအရွက်များနှင့် အမြစ်များမှ အာဟာရစုပ်ယူရာတွင် ဓာတ်ဆားများကို အဓိကစုပ်ယူသော်လည်း အပင်အတွင်း ပိုမိုလွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်ရန်၊ ချီ လိတ်များနှင့် အမိုင်နိုအက်ဆစ်များ လို အပ်ကြောင်း၊ သုတေသနပြုလုပ်ရာမှ တွေ့ရှိ ခဲ့ရသည်။ ချီလိတ်များကို စစ်စာရစ်သုတေ သနပြုလုပ်ရာမှ တွေ့ရှိရသည်။ ချီလိတ်များကို စစ်စာရစ်အက်ဆစ်၊ အက်စကောဗစ် အက်ဆစ်၊ အက်ဆစ်တစ်အက်ဆစ်များကို အသုံးပြုကြသည်။ သဘာဝအက်ဆစ်ပျော့ များအနေနှင့် ဇောင်းယားသီး၊ နာနတ်သီး ကဲ့သို့သစ်သီးရည် များကို အသုံးပြုသည်။ အမိုင်နိုအက်စစ်မျိုးကိုကား ငါးပုပ်၊ ငါး ကြေပျက်ရည်များမှ ရရှိနိုင်သည်။ ဦးဖရက်သိန်းဖေ

သစ်ခွကိုအဟာရထည့်နည်းသိချင်ပါတယ်။

လွန်ခဲ့သော ၆ နှစ် က

ကျောက်ဖရုံက ပူနွေး တဲ့ ရာသီဥတု ကြိုက်ပါတယ် ။ ဒါပေမဲ့ အပင်အတွက် စိုက်ပျိုးလို့ အကောင်းဆုံး အပူချိန်ကတော့ ၂၈ ဒီဂရီ ကနေ ၃၁ ဒီဂရီ က အကောင်းဆုံးပါ။

ကျောက်ဖရုံကိုအပူချိန်၃၆ဒီဂရီမှာစိုက်လို့အောက်မြင်ပါ့မလား

လွန်ခဲ့သော ၆ နှစ် က

ဘယ်လိုပိုးအမျိုးအစားလဲ။ ပိုးပေါ်မူတည်ပြီးတော့ ကာကွယ်နှိမ်နင်းနည်းတွေရှိပါတယ်။

စပါးမှာပိုးအရမ်းကျလာရင်ဘယ်လိုလုပ်ရမလည်း

စပါးဖြုတ်ပိုး
လွန်ခဲ့သော ၆ နှစ် က

ပဲရာဇာသည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့၏ ရာသီဥတုနှင့် စိုက်ပျိုးမှု ဖြစ်ထွန်းပါသည်။ အစောပိုင်းပူအိုက်စွတ်စိုမှုကို လိုအပ်၍နောက်ပိုင်းအချိန်တွင် မိုးနှင်းရရှိမှုကို ကြိုက် နှစ်သက်သော သီးနှံအမျိုးအစားဖြစ်ပါသည်။ ပဲရာဇာကို အောက်တိုဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အတွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ ပဲရာဇာကို စိုက်ပျိုးရာတွင် တန်းကြား (၁.၅) ပေမှ (၂) ပေအထိ အကွာအဝေးထား၍ ပင်ကြားမှာ (၆) လက်မမှ (၈) လက်မထိထား၍ စိုက်ပျိုးပါသည်။ အပင်များရှင်သန်ဖြစ်ထွန်းရန်အတွက် သံထွန်ဖြင့် ကြားလိုက်ခြင်း၊ ပေါင်းသင်းခြင်းများပြုလုပ်ပေးရပါသည်။ ပဲရာဇာကို ဖေဖေါ်ဝါရီလ (၁၅) ရက်မှ မတ်လ (၁၅) ရက်ကာလအတွင်း ရိတ်သိမ်းကြပါသည်။ ရိတ်သိမ်းမှုတွင် ရာသီအပူ၊ အအေးကိုမီ၍ရင့်မှည့်မှုအလိုက် အနည်းငယ်အချိန်ကာလ ကွာခြားတတ် ပါသည်။ ပဲရာဇာ၏အသက်ရက်မှာ (၁ဝဝ) မှ (၁၂ဝ) ရက်ခန့် ရှိပြီး ပွင့်ရက်ကာလမှာ (၄ဝ) မှ (၄၅) ရက်နေ့ခန့်ဖြစ်တတ်ပါသည်။

ပဲနီလေး သို့မဟုတ် ပဲရာဇာ စိုက်ပျိုးနည်း နှင့် အထွက်ကောင်းအောင်ပြုစုနည်းသိချင်ပါတယ်။အကြံပေးကြပါ ကျေးဇူးပါ

လွန်ခဲ့သော ၆ နှစ် က

ရေငွေ့ပြန်မှုနည်းအောင် လုပ်ရပါမယ်။ ရေထုတ်ပြီးတော့ လေဝင်လေထွက်ကောင်းအောင်လည်း ပြုလုပ်ပေးဖို့ လိုပါတယ်။

လယ်တွေမှာဖြုတ်ညိုတွေကျနေတယ် ရေထုတ်ထားပေမဲ့အကုန်မထွက်ဘူးဗျဆေးကပိုင်ဒီနဲ့ဆိုင်လာဖျန်းထားတယ်ပြီးတော့မြေဆီကG-21နဲ့ဓါတ်ဆားတစ်ချိုးနုန်းမြေကောင်း၃ထုပ်နုန်းတစ်ဧကအတွက်ပေါ့နောက်ထပ်လိုအပ်ချက်လေးသိချင်ပါတယ်

စပါးဖြုတ်ပိုး
လွန်ခဲ့သော ၆ နှစ် က

မြေပဒေသာကျွန်းက စိုက်ပျိုးရေးဆေးဆိုင်မှာ မေးဝယ်လို့ရပါတယ်။

ပိုးကပ်ကော် ရန်ကုန်ဘယ်ဆိုင်တွေမှာရောင်းလဲ။

လွန်ခဲ့သော ၇ နှစ် က

ဆာလဖာ ကော့ပါးပါတဲ့ မှိုသတ်ဆေး သုံးပါ

ဘာလုပ်ရမှာလည်း

လွန်ခဲ့သော ၇ နှစ် က

ယင်ဖြူကြောင်ဖြစ်တာပါ

ဘာလုပ်ရမှာလည်း

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။