Ma Tin Tin Nwe
စိုက်ပျိုးရေးပညာရှင် · မတူပီ
သဘာဝပိုးသတ်ဆေး ဖျန်းပါ ကြက်သွန်ဖြူ - ဆေးရွက်ကြီး - ငရုပ်သီးစိမ်း - ဂျင်း - 50 သားစီ EM ဖျော်ရည် 1-လီတာ ရေ 50-လီတာ ဖျော်ပြီး 1-ပတ်ထားဖျန်းပါ အိမ်စားစိုက်ခင်းအသေးမို့လျှော့ဖျော်လိုပါက အထက်ပါ အချိုးအတိုင်း ဖျော်ပါ ဥပမာ အထက်ပါပစ္စည်းများ ၂၅ကျပ်သားစီဆိုပါက ရေကို ၂၅လီတာထည့်ပါ EM ဖျော်ရည်ကတော့ မလျှော့လည်းရပါတယ်
ပဲတောင့်ရှည်ပါအညွှန့်မှာပုံပါအတိုင်းဖြစ်နေလို့ဘာကောင်လေးတွေလဲဆရာတို့ဘာဆေးသုံးရမလဲ
လိုက်ကောက်ပြီးဖျက်ဆီပါ အကောင်းဆုံးကာကွယ်နည်းပါ
ပျိုးခင်းမှာ ဥတွေကျပြီး ပုံမှာပြထားတဲ့အတိုင်း စပါးရွက်တွေခြောက်ကုန်လို့ပါ ။ ဘာဥတွေဆိုတာလည်း မသိပါဘူး။ကျေးဇူးပြုပြီး ဖြေကြားပေးကြပါဦးဗျာ။ ပိုးဥက နှစ်မျိုးတွေ့တာပါ
ပေါင်းအရင်ရှင်းပါ။ပြီးမှကျွေးတာပိုကောင်းပါတယ်။ ဒါပေမဲ့စပါးပင်သက်တမ်းအရ ကြည့်ပါ။ ပုလဲတစ်ခါမှမကျွေးရသေးဘဲအခုမှကျွေးမှာဆိုရင် စပါးပင်သက်တမ်းကလည်းအနှံထွက်ခါနီးနေရင် ပုလဲအရင်ကျွေးပြီး တပြိုင်တည်းပေါင်းလိုက်နှုတ်ပါ
စပါးပင်တွေကြားပေါင်းပင်တွေရှိနေလျှင် ပုလဲမြေဆီ ကို ကျွေးသင့်မကျွေးသင့် ပြောပေးပါခင်မျာ။
ရတော့ရပါတယ်ရှင့်၊ဆားရေစိမ်နည်းကတော့ ကုန်ကျစရိတ်နည်းပြီး၊လူကိုအန္တရာယ်ဖြစ်စေမှုနည်းပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဆက်သွယ်ပြီး မျိုးသန့် RS,CSတို့ကို စိုက်ပျိုးတာ အကောင်းဆုံးပါရှင့်
ဆရာတို့ဆရာမတို့ ခင်ဗျာ ဒီနှစ်စပါးတွေမှာ မှိုသီးတွေအရမ်းပါလို့ စပါးမှိုသီးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် ဘာတွေကြိုတင်လုပ်ဆောင်သင့်ပါသလဲခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်
၁။အဲဒီစပါးကိုမျိုးအဖြစ်ပြန်မသုံးပါနဲ့။ ၂။နောက်နှစ် စပါးပျိုးထောင်မည်ဆိုပါက မိမိသုံးမည့် စပါး မျိုးကို နေလှန်း၊သန့်စင်ပါ။ ၃။မျိုးစပါးကို ဆားရေစိမ်ပါ အဖျင်းအမှော်များကိုဖယ်ထုတ်ပါ။ ၄။ ဆားအငံဓါတ်များကုန်တဲ့ထိ ရေကောင်းဖြင့် ပြန်ဆေးပါ။ ၅။ပြီးမှ မျိုးစိမ်ပါ။ (မျိုးကောင်း/သန့်ကို စိုက်ပျိုးရေးဦးစီးဌာန နှင့်ချိတ်ဆက်ပြီ၀ယ်ပါ၊ ဆားရေစိမ်နည်းကိုလည်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရဲ့အကူအညီယူ ပြီးဆောင်ရွက်ပါရှင့်။)
ဆရာတို့ဆရာမတို့ ခင်ဗျာ ဒီနှစ်စပါးတွေမှာ မှိုသီးတွေအရမ်းပါလို့ စပါးမှိုသီးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် ဘာတွေကြိုတင်လုပ်ဆောင်သင့်ပါသလဲခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်
ဒီလို ဆစ်ပိုးဥမြုံတွေကောက်ပြီး ဖျက်ဆီးပစ်တာ အကောင်းဆုံးပါ
ဆစ်ပိုးအမြစ်ပြတ်အောင်ဘယ်လိုကာကွယ်ရမလဲဆရာတို့
ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း၊ထုံးဘို၊မန္တလေး တွင် မှာယူနိုင်ပါသည်။
EM ဘယ်လိုနေရာမျိုးမှာဝယ်လို့ရလဲ မြေသြဇာရောင်းနေရာမှာလား၊ဆေးဆိုင်မှား သိရင်ပြောပေးပါ။
မျို းစေ့ထားစရာမလိုပါ သားတက် ဖဲ့စိုက်၍ရပါသည် အပင်ခြေက သားစို့လေးတွေ ဖဲ့ပြီး ဘောင်လေးဖြင့်ပြန်ပျို းပါ
ဂန်ဓမာ မျိုးခံထားတာပါ အစေ့အောင်ဖို ဘာတေလုပ်ပေးရမလဲဆရာတို့
မေးမြန်းသူစိုက်ထားတဲ့စနစ်က အတန်းလိုက်လားကျဲပက်လား။အတန်းလိုက် ဆိုပါက တန်းကြား×ပင်ကြားကို ၄၃၅၆၀ စတုရန်းပေနဲ့စားပါ။ တန်းကြား ×ပင်ကြား သည် လက်မဖြစ်နေ၍ ယူနစ်ညှိပြီးမှစားပါ။ ပြီးက ၁ဧကကောက်ကွက်ရပါမည် ။ရပါက အထက်ပါပုံထဲရှိပုံသေနည်းတွင်အစားထိုး တွက်ပါ။ အနီးစပ်ဆုံး ခန့်မှန်းအထွက်ရပါမည်။
စပါးတစ်နှံမှာ စပါးစေ့၁၀၀လောက်တော့ပါတယ် အပင်ပွားအနေနဲ့ ၈ပင်လောက်တော့ရှိတယ်တစ်ဧ ထွက်နှုန်းခန့်မှန်းတွက်လို့ရလား တွက်နည်းလေးရှိရင်အလင်းပြပေးပါဗျာ
စပါးတစ်နှံမှာ စပါးစေ့၁၀၀လောက်တော့ပါတယ် အပင်ပွားအနေနဲ့ ၈ပင်လောက်တော့ရှိတယ်တစ်ဧ ထွက်နှုန်းခန့်မှန်းတွက်လို့ရလား တွက်နည်းလေးရှိရင်အလင်းပြပေးပါဗျာ