သော်ဇင်
စိုက်ပျိုးရေးပညာရှင် · အုတ်ဖို
@မောပ်တိုးတတ် ယေဘုယျအားဖြင့် ပိုးသတ်ဆေး အက်စီတာမီပရစ် (Acetamiprid 25%) နှင့် ကယ်လ်စီယမ်ဘိုရွန် ရွက်ဖျန်းအားဆေးတို့သည် တွဲဖက်အသုံးပြုနိုင်သော်လည်း ဂန္ဓမာပန်းပွင့်နေချိန်တွင် တွဲဖျန်းခြင်းထက် သီးခြားခွဲဖျန်းခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကယ်လ်စီယမ်ပါဝင်သော အားဆေးသည် ရေ၏ အငန်ဓာတ် (pH) ကို မြင့်တက်စေပြီး ပိုးသတ်ဆေးအာနိသင်ကို လျော့ကျစေနိုင်သည့်အပြင် ပန်းပွင့်ဖတ်လေးများကို လောင်ကျွမ်းစေနိုင်သောကြောင့် ဖြစ်ပါတယ်။ ထို့ပြင် အက်စီတာမီပရစ် အမှုန့်ဆေးသည် ပန်းပွင့်အတွင်းပိုင်းထဲသို့ ဝင်ရောက်ပါက အဖြူရောင်အကွက်များ စွဲကပ်ကျန်ရစ်စေပြီး ပန်းအလှပျက်ကာ ဈေးကွက်တန်ဖိုး ကျဆင်းစေနိုင်ပါတယ်။ ထို့ကြောင့် အားဆေးကို အရင်ဖျန်းပြီး ၂ ရက်မှ ၃ ရက်ခြားကာ ပိုးသတ်ဆေးကို သီးသန့်ဖျန်းပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဂန္ဓမာပန်းပွင့်ရင်ပိုးသတ်ဆေးအက်စီတာမီပရစ်25အမှုန့်ကယ်စီယမ်ဘိုရွန်နဲ့တွဲဖျန်းရလား
@hhz ပုံပါ မတ်ပဲပင်သည် ဘက်တီးရီးယား ရွက်ခြောက်ရောဂါ (Common Bacterial Blight) ကျရောက်နေခြင်း ဖြစ်ပါတယ်။ အရွက်ပေါ်တွင် အလယ်၌ အညိုရောင်ခြောက်ပြီး ဘေးပတ်လည်၌ အဝါရောင်အနားကွပ် ဝန်းရံနေသည့် အကွက်များ ဖြစ်ပေါ်နေခြင်းမှာ Xanthomonas ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။ အစိုဓာတ်များခြင်း၊ နှင်းကျများခြင်းနှင့် ရောဂါပါမျိုးစေ့မှတစ်ဆင့် လျင်မြန်စွာ ကူးစက်တတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန် သာမန်မှိုသတ်ဆေးများဖြင့် မထိရောက်နိုင်ဘဲ ကော့ပါး (Copper) အခြေခံဆေးများ သို့မဟုတ် Kasugamycin ၊ Bismerthiazole၊ Oxolinic acid ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးများကို ၇ ရက်မှ ၁၀ ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးရပါမယ်။ ဆေးတစ်ခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးပေးပါ။ထို့အပြင် မနက်ခင်း နှင်းစိုနေချိန် အခင်းထဲဝင်ရောက်ခြင်းနှင့် နိုက်ထရိုဂျင်ပါ ရွက်ဖျန်းမြေဩဇာ အလွန်အကျွံဖျန်းခြင်းတို့ကို ခေတ္တနားထားပါ။အပင်ခံနိုင်ရည်အား ကောင်းမွန်စေရန် ပိုတက်စီယမ် (Potash) ဓာတ်ပါဝင်သောရွက်ဖျန်း မြေဩဇာကို ဖျန်းပေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
မင်္ဂလာပါ ဆရာတို့ စိုက်ခင်း အဲ့လို ဖြစ်နေပါတယ် ဘာများ ဖြစ်တာလဲခင်ဗျာ
@ကျော်ထွန်း ခရမ်းချဉ်စိုက်ပျိုးရာတွင် အမြစ်ဖွဲ့စည်းမှု ကောင်းမွန်ပြီး အပင်သန်မာစေရန်အတွက် မြေခံအဖြစ် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို အချိုးကျ ပေါင်းစပ်ထည့်သွင်းခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ တစ်ဧကလျှင် ကောင်းစွာဆွေးမြည့်ပြီးသား နွားချေး သို့မဟုတ် ကြက်ချေး တင်း ၂၀၀ မှ ၃၀၀ ခန့်နှင့်အတူ အမြစ်ကြီးထွားစေရန် တီစူပါ (TSP) ၁ အိတ်မှ ၁ အိတ်ခွဲ၊ ကွန်ပေါင်း (၁၅:၁၅:၁၅) ၁ အိတ်နှင့် ပိုတက်ရှ် (MOP) အိတ်ဝက်ခန့်ကို ရောစပ်ထည့်ပေးသင့်ပါတယ်။ ထို့အပြင် အသီးဖင်ပုပ်ရောဂါကို ကြိုတင်ကာကွယ်ရန် ဂျစ်ပဆမ်ကို မြေပြင်ချိန်တွင် ထည့်သွင်းပြီး မြေသားနှင့် သမအောင် ရောမွှေကာ အပေါ်မှ မြေဆွေးအပါးလွှာဖုံးအုပ်ပြီးမှသာ စိုက်ပျိုးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
သီးနှံအတွက် မြေသြဇာမြေခံ ဘာအကောင်းဆုံးလဲ
@အောင်အောင် ပဲပင်ကြီးနေပြီဆိုရင် ပေါင်းသတ်ဆေး မဖျန်းသင့်တော့ပါဘူးခင်ဗျာ။ ပေါင်းသတ်ဆေးတွေဟာ အပင်ငယ်စဉ်မှာပဲ ပက်ဖျန်းဖို့ ထုတ်လုပ်ထားတာဖြစ်ပြီး အပင်ကြီးချိန်မှာ ဖျန်းမိရင် အရွက်ဝါတာ၊ အညွန့်တုံ့တာနဲ့ ပန်းပွင့်အသီးတင်နှုန်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ပေါင်းပင်တွေကလည်း ရင့်မာနေပြီဖြစ်လို့ ဆေးအာနိသင် မထိရောက်ဘဲ ပဲပင်သာ ဆေးလောင်ပျက်စီးတတ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ လူအားနဲ့ ပေါင်းနုတ်တာ၊ ပေါက်ပြားနဲ့ ကြားပေါက်ရှင်းလင်းတာက အဘေးကင်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ပဲပင်ကကြီးနေပြီပေါင်းသတ်ေးဆပတ်လို့ရသေလားခဗျာ
@Aung Lin Oo မတ်ပဲပင် မတက်ဘဲ ထိုင်နေခြင်းမှာ အာဟာရချို့တဲ့ခြင်းထက် အမြစ်ပိုင်းနှင့် မြေတွင်းအစိုဓာတ် အခြေအနေ၊ ရာသီဥတုအအေးဒဏ်ကြောင့် အဓိက ဖြစ်တတ်ပါတယ်။ အမြစ်ပွားဆေး (Humic Acid) ကို အပင်ခြေရွှဲအောင် ဖျန်းပေးရပါမယ်။ နိုက်ထရိုဂျင် (N) အချိုးများသော အားဆေး သို့မဟုတ် အမိုင်နိုအက်ဆစ် အားဆေးကို ညနေအေးချိန်တွင် ဖျန်းပေးခြင်းဖြင့် အပင်ပြန်လည် ထောင်မတ်ကြီးထွားလာမည် ဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
အပင်သိပ်မတက်လို့ပါဆာလ်ဖာတစ်ကြိမ်အပင်အားဆေးတစ်ကြိမ်ဖျန်းထားပါတယ်ဘာဆက်လုပ်ရမလည်းလမ်းညွှန်ပေးပါအုံး
@Htet Lin https://greenwaymyanmar.com/posts/Different_responses_chrysanthemum_depend_on_ light_exposure ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ခေါင်ညွှန့်က ဘယ်အချိန်မှာ စနှိမ်ရတာလဲဗျ အပင်ငယ်ငယ်လေးနဲ့ အဖူးတေဝင်နေလို့
@Htet Lin ပုံမှန်အားဖြင့် ဂန္ဓမာပန်းပင်များကို စိုက်ပျိုးပြီး (၃) ပတ်မှ (၄) ပတ်အကြာ၊ အပင်အမြင့် (၆) လက်မခန့်နှင့် အရွက် (၅-၆) ရွက်စုံချိန်တွင် ခေါင်ညွန့် စတင်နှိမ်ပေးရပါတယ်။ လက်ရှိတွင် အပင်ငယ်ငယ်နှင့် အဖူးစောဝင်နေရခြင်းမှာ ပျိုးပင်ရင့်နေခြင်း၊ နေ့တာတိုခြင်း (နေရောင်ခြည်ရချိန်နည်းခြင်း) သို့မဟုတ် ရေနှင့် နိုက်ထရိုဂျင်အာဟာရ ပြတ်လပ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။အခုကနိုဝင်ဘာလထဲ ရောက် နေပြီမို့ နေ့တာတိုခြင်း (နေရောင်ခြည်ရချိန်နည်းခြင်း) ကြောင့် အပင်ငယ်ငယ်နဲ့အဖူးဝင်တာပါ။ဘေးတက်များ အားကောင်းစွာ ပြန်ထွက်လာစေရန် အစိုဓာတ်မှန်မှန်ပေးပြီး နိုက်ထရိုဂျင် (ပုလဲဓာတ်) များသော မြေဩဇာ သို့မဟုတ် ရွက်ဖျန်းအားဆေးများကို အသုံးပြု၍ အပင်ပိုင်းကြီးထွားမှုကို ပြန်လည်အားပေးရန် လိုအပ်ပါတယ်။ ဂန္ဓမာပန်းခင်းကို ညမီးထွန်းပေးခြင်းဖြင့်လည်း ပင်ပိုင်းကြီးထွားချိန်ကို ဆွဲဆန့်နိုင်ပါတယ်။ ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း
ခေါင်ညွှန့်က ဘယ်အချိန်မှာ စနှိမ်ရတာလဲဗျ အပင်ငယ်ငယ်လေးနဲ့ အဖူးတေဝင်နေလို့
@Htay Lin Aung ခရမ်းချဉ်ပင်ရဲ့ အရိုးတံအဆစ်နေရာကို အတွင်းကနေ ဝိုင်းပတ်လှိုက်စားပြီး ထိလိုက်ရုံနဲ့ ကျိုးကျစေတာဟာ ပင်စည်ထိုးပိုး (သို့) အဆစ်ပိုး ကြောင့်ပါ။ ပိုးလောက်ကောင်က ပင်စည်ထဲ ရောက်နေပြီဖြစ်လို့ အရင်ဆုံး ကျိုးကျနေတဲ့ အကိုင်းတွေကို ဖြတ်တောက်ပြီး အခင်းပြင်ပမှာ မီးရှို့ဖျက်ဆီးပစ်ပါ။ ပြီးရင်တော့ အပင်ထဲထိ စိမ့်ဝင်နိုင်တဲ့ ပင်လုံးပြန့်ပိုးသတ်ဆေးတွေဖြစ်တဲ့ အီမာမက်တင် ဘန်ဇိုရိတ် (Emamectin Benzoate) ဒါမှမဟုတ် ကလိုရန်ထရာနီလီပရိုး (Chlorantraniliprole) ၊ဖစ်ပရိုနေး (Fipronil) ပါဝင်တဲ့ ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း ဖျန်းပေးရပါမယ်။ ဆေးဖျန်းတဲ့အခါ အရွက်တင်မကဘဲ ပင်စည်နဲ့ အဆစ်နေရာတွေကိုပါ ဆေးရည်ရွှဲစိုနေအောင် သေချာဖျန်းပေးဖို့ လိုပါတယ်ဗျ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆရာရေ ခရမ်းချဥ်ပင် အရိုးတံလေးမှာ ဝိုင်းပတ်ပြီး ကြိုးထိန်းရင် လက်နက် ထိုင် ကျိုးသွားတယ်ဗျာ ဒါကတော့ အဆစ်ပိုးလို့ခေါ်ကြတာဗျ ဘာဆေးပတ်ရမလဲဗျ
@ဦးချစ်ခင် ချယ်ရီသီးပင် (Sweet/Sour Cherry) စိုက်ပျိုးနည်းကိုမေးတာလား၊ချယ်ရီပန်းပင် (Sakura) ကိုမေးတာလား တစ်ချက်ပြန်ဖြေပေးထားပါဦးဗျ
ကြင်ဥအမိုင်နိုပြုလုပ်နည်းလေးတင်ပေးပါဆရာ
@ဦးချစ်ခင် စိုက်ပျိုးနည်းကိုတော့ ဆောင်းပါးရေးသားပြီးရင် တင်ပေးသွားပါမယ်ခင်ဗျာ
ကြင်ဥအမိုင်နိုပြုလုပ်နည်းလေးတင်ပေးပါဆရာ