ဖုန်းမဏ်တိုး
စိုက်ပျိုးရေးပညာရှင် · မြောက်ဥက္ကလာပ
ငလျင်ဒဏ်သင့် မြေဆီလွှာများပြုပြင်ခြင်း • မြေဆီလွှာအတွင်းရှိမြေမှုန်များသည် ကြေကွဲပျက်စီးသွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုအချိန်တွင် ထယ်နက်နက် ထိုးခြင်းကို မပြုလုပ်သင့်ပါ။ • ဘိုကာရှီမြေသြဇာ (သို့) အော်ဂဲနစ်မြေဆွေး (သို့) နွားချေး၊ ကြက်ချေးများကို တတ်နိုင်သမျှ ထည့်သွင်းပေးပါ။ • မြေသားတည်ဆောက်မှုပိုမိုအားကောင်းစေရန် အခြားမြေပြင်ပစ္စည်းများ(ဒိုလိုမိုက်၊ ဂျစ်ပဆမ် နှင့် ဟူးမစ်အက်ဆစ် ပါဝင်သောမြေသြဇာများ)ကို ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ • မြေဆီလွှာကို ပြန်လည်စုစည်းထိန်းညှိပေးနိုင်သော သစ်စိမ်းမြေသြဇာအပင်(သို့) သက်တမ်းတို အပင်၊အမြစ်မွှေးများစွာပါရှိသည့်အပင်ငယ်များကို စိုက်ပျိုးသင့်ပါသည်။(ဥပမာ-ပဲတီစိမ်း၊မတ်ပဲ၊ ပဲကြီး၊ပိုက်ဆံလျှော် စသောပဲများနှင့်နေကြာ) • ထိုအပင်များကို သက်တမ်းရင့်သည်အထိ စိုက်ပျိုးထားရန်မလိုအပ်ပါ။ အမြစ်များအားကောင်း သည့်အချိန် ကြဲပက်ပြီး(၁-၂)လခန့်တွင် ထယ်ထိုးထွန်မွှေနိုင်ပါသည်။ • ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းအပင်များမှ အမြစ်မွှေးများသည် မြေဆီလွှာကြံ့ခိုင်မှုအတွက် အထောက်အပံ့ပေးသည်။
ငလျင်ဒဏ်ခံလိုက်ရတဲ့ တောင်သူတွေ ဆော့ဝဲအသုံးပြုသူတွေထဲ ရှိကြလားရှင့် စိုက်ခင်းထဲမှာ ဘယ်လိုပျက်စီးမှုမျိုး ကြုံတွေ့ခဲ့ရပြီး အစိမ်းရောင်လမ်းကနေ ဘယ်လိုနည်းပညာပိုင်း ကူညီပေးရမလဲဆိုတာ ပြောပြပေးသွားကြပါဦးနော်
ကိုက်ဖြတ်စားပိုး လက်ခနာ ဖြစ်တဲ့အတွက် cypermethrin, lamda cyhalothrin, emamectin benzoate စသောတစ်ခုခု ကို ညနေ ၅ နာရီနောက်ပိုင်းပင်ခြေကို ရွဲအောင်ဖန်းပါရန်
ဘယ်ဆေးဖျန်းသင့်လဲ
သက်တမ်း ၂ ပတ်နောက်ပိုင်းဆိုရပါပြီ၊ အားဆေး နဲ့ ပိုးသတ်ဆေးရောတာကတော့ ပိုးသတ်ဆေးအမျိုးအစား အေအိုင် ပေါ်မာမူတည်တဲ့အတွက် ဖြစ်နိုင်ရင်မရောစေလိုပါ ရောမယ်ဆိုလဲ ဆေးဘူးမှာ EC မဟုတ်တဲ့ ဆေးမျိုး အမှုန့်မျိုးတွေ ကိုရွေးချယ်သုံးနိုင်ပါမယ်
နမ်းအဖြူ ဂျပန်နှမ်းကိုရက်ဘယ်လောက်သားမှာ အပင်အားဖြည့်ဆေး ပက်ဖျန်းလို့ရပါလဲဗျ ။ အပင်အားဖြည့်ဆေးနဲ့အတူ ပိုးသတ်ဆေးပါထည့်လို့ရလားဗျ။
၅၈ ရက် သားဆိုရင် ငါးအမိုင်နို မဖျန်းသင့်ပါ ပန်းသိပ်မပွင့်ပဲ အပင်ဟုန်ပြီးသွားပါလိမ့်မယ် - ၀-၅၂-၃၄ သို့ ၀-၄၀-၄၀ အချိုးများ ဖျန်းနိုင်ပါသည်။ ၂၁ ၂၁ ၂၁ ထိုင်းစာကတော့ အရည်အသွေးပြည့်မှီရင်တော့ အဆင်ပြေပါလိမ့်မယ် ထပ်မလိုပါ၊
မတ်ပဲ58ရက်သားရှိပါပြီ အသီးအပွင့်အတွက် ရှေ့အချိုုးမပါဘဲ နောက်အချိုးများတာနဲံ ငါးအမှိုင်နိုနဲ့တွဲရမလား ရှေ့ချိုုးနည်းနောက်ချိုးများတာတစ်ခုထဲပဲဖြန်းရမလားဗျ လွန်ခဲ့တဲ့ခြောက်ရက်လောက်ကတော့ထိုင်းစာနဲ့21-21-21အချိုး အစိမ်းရောင်ထုပ်ရယ် transform2ရယ် emamectin benzoate+lambda cyhalothrinသုံးမျိုးတွဲထားပါတယ်ဗျ
ရွက်ထွင်းပိုးဒါဏ်ရာ လဲ တွေရ သလို အဟာရ သို့ ရေ ချို့တဲ့တာလဲ ကြောင့်ဝါတာဖြစ်နိုင်ပါတယ် ထို့အတွက် ပုလဲ တစ်ဇွန်းကို ရေ ၁ ဂါလံ (ရေသန့်ဘူး ၁ လီတာ ၄ ဘူး မှာ) ဖျော်ဖြန်းစေလိုပါတယ်၊ ပိုးအတွက်ကတော့ အပင်ငယ်သေးတဲ့ အတွက် ရယ် အပင်ဘယ်လောက့်များများ ဖြစ်နေတာလဲ မသိတာကြောင့် လောလောဆယ် ဖျန်းရန် မလိုအပ်သေးပါ
အပင်လေးတွေ ဝါလေးလို့ပါ ဘယ်လိုကုသရမလဲ ဆရာတို့ ကူညီကြပါအူံး
အောက်ပါ အပြာရောင်စာတမ်းကို နိုပ်ပြီး လေ့လာနိုင်ပါတယ် - ငွေနှင်းမှိုစိုက်ပျိုးနည်း ( Pleurotus app)
ငွေနှင်းမှိုစနစ်တကျစိုက်ပျိုးခြင်း
Thiamethoxam သိုင်ရာမီသောက်ဇင် အေအိုင် ကို မိုးလင်းခါစ အချိန်ဖျန်းပေးစေလိုပါတယ်။
ဘာရောဂါကျတာလဲခင်ဗျ။ ဘာဆေးသုံးရမလဲခင်ဗျ။ #သခွားမွေး
မှိုမျှင် သီးသန့်ပါသော အရည် က ရောဂါသတ်တဲ့နေရာတွင် အထောက်အကူမပြုပါ။
ဈေးကွက်မှာရောင်းနေတဲ့ ထရိုင်ကိုပါဝါကလေ ထရိုင်ကိုဒါးမားမှိုမျှင်ပါတာလား မှိုစပိုးသက်သက် ထည့်ထားတာလားဗျ။
ဇီဝ (သက်ရှိတွေကို) မွေးမြူအသုံးချပြီး စိုက်ပျိုးရေး မှာ အသုံးချတာမျိုးတွေကို စိတ်ဝင် စားတဲ့ အတွက် များစွာသဘောကျပါတယ်။ အင်းစက်တွေထက် အီးအမ်/ ထရိုဂိုဒါးမားမှို/ တီကျစ်စာ စသော မြေဆီလွှာ အသားပေးတွေ လောက့်သာ လက်ရှိခေါတ်စနစ် နဲ့ကိုက်ညီပါမယ်၊ အင်းဆက်တွေကတော့ ကျွန်တော် တစ်ဦးထဲ အမြင်အရတော့ လက်ရှိမှာ လက်တွေ့ အကျိုးရှိရှိ အသုံးမချနိုင်လောက်ပါ၊ အကြောင်း အရင်း (၁) မွေးမြူမည့် အင်းဆက် ကို ရင်းမြစ် (ဥ, သားလောင်း) များကို မည်သို့ ရှာဖွေ ဝယ်ယူပါမည် နည်း ? (၂) ထိုအင်းဆက်များ သည် မိမိ ဘေး အခင်းမှ ပိုးသတ်ဆေးသုံးမှုများကြောင့် ဆုံးရှုံးနိုင်ပါသည်။ သို့သော် အလုံပိတ် ပတ်ဝန်းကျင် ရှိသော ဖန်လုံ ပလစတိတ် ပိုက် အုပ် အလုံပိတ် နေရာ greenhouse များနှင့် စိုက်ပျိုးထားသော အပင်များနှင့်သာ သင့်တော်ပါမည်။
လက်တွေ့အကျိုးရှိရှိပြန်သူံးလို့ရမယ့်ဟာ ဥပမာပေါ့ အင်းစက်ဆို ဘယ်လိုအင်းစက်တွေက စိုက်ပျိုးရေးအတွက်အကျိုးပြုလဲ ဘယ်အင်းစက်ကို မွေးမြူသင့်လဲ
အေအိုင် အမည် မှာ zole နဲ့ဆုံးတာတွေ အတော် အကုန်နီးပါးရပါတယ် ဥပမာ hexaconazole, propiconazole, tebuconazole, difenoconazole, epoxiconazole စသည်ဖြင့် တစ်ခုခု ပိုထိ့ရောက်စေချင်ရင် တော့ Azoxystrobin နဲ့ တွဲတာသုံးနိုင်ပါတယ် ဥပမာ difenoconazole + azoxystrobin အတွဲ
စပါးမှိုသီး ရောဂါကို နှိမ်နင်းဖို့ ဆေးအမည်ကို ပြောပြပါ Please