ခိုင်မြဲ
စိုက်ပျိုးရေးပညာရှင် · ဆားလင်းကြီး
ရောဂါရတဲ့ အရွက်တွေကို ညှပ်ထုတ်ပစ်ပြီး ဝေးဝေးလွင့်ပစ်လိုက်ပါ။ ဒီရာသီက မှိုကြိုက်တဲ့ရာသီမဟုတ်တော့ အပင်အားရှိအောင်ပဲ မြေဆွေးထည့်ပေးထားပါ။
တတ်သိနားလည်သော မိတ်ဆွေတို့ခင်မျ ကျနော့်ကြက်မောက်ပင် ၁ ပင် ၂ ပင် မှာယခုပုံပါအတိုင်းအရွက်များဖြစ်နေလို့ပါ ကြက်မောက်မှာလည်း ဒူးရင်းလိုမှိုရောဂါဖြစ်နိုင်ပါသလား ရှင်းပြပေးကြပါခင်မျ
ထုံးဒုထ္ထာသုတ်ရင် ရပါတယ်။ အပင်အရမ်းမမြင့်ချင်ရင်တော့ ခေါင်ညွှန့်ပါ ဖြတ်လို့ရပါတယ်။ကျွန်တော်ကတော့ ဒီအရွယ် ခေါင်ညွှန့်မဖြတ်သင့်သေးဘူးထင်တာပဲ။ ကိုယ်တိုင်ဆုံးဖြတ်ပါ။
ဒူးရင်းကိုင်းဖြတ်ရာတွင် ပင်မအညွန့်ကိုပါတိပေးရပါသလားခင်မျှ နောက်ပြီးဖြတ်ကိုင်းများမှိုသတ်ဆေးသုတ်ရာတွင် ဘယ်မှိုသတ်ဆေးမဆိုရပါသလားခင်မျဖြေကြားပေးကြပါခင်မျ
ကိစ္စမရှိပါဘူး။ အိမ်ကြားမှာဆိုတော့ နေရောင်မရလို့ နေရာကို သူ့သဘာဝအတိုင်း အပေါ်မြန်မြန်တက်ပြီး ရှာတာပါ။ နေရောင်ရပြီး အစာကောင်းကောင်းချက်လာရင် ပင်စည်ဖွံ့ဖြိုးဖို့ဘက်ကို သူ့အလိုလိုပြန်လှည့်လာပါလိမ့်မယ်။
စောင်းလျားပင်က ပင်စည်ကအရမ်းသေးနေလို့ပါ။ ဒီအတိုင်းထားသင့်လား၊ဒါမှမဟုတ် ပင်စည်ကြီးထွားအောင်လုပ်သင့်လားဆရာတို့.. ပင်စည်ကြီးထွားအောင်လုပ်ရမယ်ဆိုရင် ဘာဆေးသုံးရမလဲဆိုတာဖြေပေးပါဦး ဆရာတို့.. (အပင်နာမည်က စောင်းလျားပင်ရှာမတွေ့လို့ စတော်ဘယ်ရီဟု အစာထိုးထားပါတယ်) ကျေးဇူးပါ ဆရာတို့.....
အခုက အဆိပ်သင့်မှု အဆင့်နဲ့သွားပါတယ်။ ပုလင်းတွေရဲ့အောက်မှာ နံပါတ်နဲ့ ဖော်ပြပေးထားထားပါတယ်ဗျ။
မဂ်လာပါဆရာတို့ခင်ဗျာ ပိုးသတ်ဆေးဗူးတွေမှာ အဆိပ်ပြင်းမှုကို တချို့က လူအရိုးခေါင်းပုံနဲ့ညွှန်ပြကြပါတယ်ခင်ဗျာ တချို့က အရောင်နဲ့ဖော်ပြကြပါတယ် အနီရောင်ကတော့ အဆိပ်အပြင်းဆုံးလို့ လေ့လာထားပြီး ဒုတိယ တတိယအပြင်းဆုံးအရောင်တွေကို သိချင်လို့ပါဆရာ ကျေးဇူးတင်ပါတယ်
နောက်က ၂ ပိုင်း၊ မျိုးပွားအင်္ဂါဖွံ့ဖြိုးချိန်နဲ့ ရင့်မှည့်ချိန်က သူ့ကာလက ဘယ်နှစ်ရက်သားဖြစ်ဖြစ် မပြောင်းလဲပါဘူး။ ဒါကြောင့် ရှေ့ရက်ကို လျေ့ာပြီး တွက်နိုင်ပါတယ်။ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း ဒီစာအုပ် တော်တော်ကောင်းပါတယ်ဗျ။
ရက်၉၀စပါးမျိုး မြေဩဇာကျွေးနည်းလေး သိချင်လို့ပါရှင့်
၃၀၀ တောင်မှ မရချင်သေးဘူး။ စောင့်လို့ရရင် စောင့်စေချင်ပါတယ်။
ဈေးနှုန်းလေးသိပါရစေ
ဟုတ် ရေလိုအပ်ချက်ကတော့ ခဏစောင့်ကြည့်ဖို့လိုမယ်ထင်တယ်ပါ။ အပင်နည်းနည်းရလာမှ ရေလိုက်စေချင်ပါတယ်။
ရေလိုအပ်လား ဘယ်ချိန်မာ ထည့်သင့်လဲ အပင်က ၁၅ ရက်သားပါ
ရပါတယ်။ ရေရရှိဖို့က အဓိကပါ။
နောက်လလောက် စိုက်ဖို့စီစဥ်ထားပါတယ်ခင်မျာ 111 ပါ စောသေးလားဆရာတို့
သီးခြား ဖြန်းစေချင်ပါတယ်။
ပုလဲနဲ့လက်ချားကို ပိုးသတ်ဆေးနဲ့ရောဖျန်းလို့ရပါသလား
မရပါဘူး။ အာနိသင်လျော့နိုင်တယ်။ အချင်းချင်းဓာတ်ပြုပြီး အပင်ကို လောင်နိုင်ပါတယ်။
မှိုဆေးနှင့် ပိုးသတ်ဆေး ရောစပ်အသုံးပြုလို့ရပါသလား