Thu Ra Nyi Nyi
အခြား · အောင်လံ
ခရုအမိုင်နိုအက်စစ်လုပ်သုံးလို့ ရပါတယ် https://greenwaymyanmar.com/posts/making_snail_amino_acid
အပင်အာဟာဖျန်းဆေးအမိုင်နိုအက်စစ်ကိုရွှေခရုဖြင့်လုပ်လို့ရနိုင်လားဗျ။ရွှေခရုတွေအရမ်းပေါနေလို့ပါ။
နွားခေျးခြောက်တွေကို မြန်မြန်ဆွေးမြေ့စေချင်ရင် ထန်းလျက်ရည် ဖွဲနု ဆန်ကွဲ ပြောင်းဆန်မှုန့် စတာတွေ သုံးလို့ရပါတယ်
အုန်းသီးရင့်ရင့်အရည် ၃လီတာနဲ့ တင်လဲရည် ၁ပိဿာ ကို လေလုံပုံးထဲထည့်ပြီ ၃၀ရက်လောက်အလုံပိတ်ထားပြီး ရလာတဲ့အရည်ဟာ နွာချေးအခြောက်များကို ဆွေးမြည့်အောင်ပြုလုပ်တဲ့နေရာမှာ အကျိုးပြုနိုင်ပါသလား? ရေ နဲ့ အချိုးဘယ်လောက် ရောစပ်အသုံးပြုသင့်ပါသလဲ?
အကယ်၍များ စလင်းမျိုး ဆိုရင်တော့ အရွက် စယူလို့ရတဲ့ အရွယ်လောက်မှ ဖြတ်စေချင်ပါတယ် ခေါင်နှိမ် ပြီးရင် တလလောက် အားတိတ်ပြီး အထနေှးသွားတတ်လို့ပါ အပင် အားကောင်းနေတဲ့ချိန် မိုးရာသီ နေသာတဲ့ ရက်တွေမှာ ဖြတ်လို့ အဆင်ပြေပါတယ် ခေါင်ညွန့်ဖြတ်ပြီးရင် ဘော်ဒိုမစ်ချား ဖြန်းပေးပါ
ကွမ်းရွက်ပင် စိုက်ပြီး ခေါင်ညွန့်ချိုးတာကို အပင်သက်တမ်း ဘယ်လောက်ကြာရင် ချိုးပေးရပါသလဲ သိချင်ပါတယ်။
ကွမ်းခြံတွေမှာ ဒုက္ခပေးလေ့ရှိတဲ့ မွှားပင့်ကူနီကတော့ အရွယ်အစားအားဖြင့် ၀.၅ မီလီ ဝန်းကျင်ရှိပြီး မြင်နိုင်ပါတယ် အရွက်မျက်နှာပြင်အောက်မှာ နေလေ့ရှိပြီး ပွားများ ပျံ့နှံ့တာမြန်တဲ့ အတွက် နှိမ်နှင်းရခက်ပါတယ် နွေရာသီလို ပူပြင်းတဲ့ အချိန်မှာ ကျရောက်တတ်ပြီးတော့ မိုးဖြိုင်ဖြိုင်ရွာတဲ့ အချိန်လောက် ရောက်ရင် အလိုလိုအလျောက် ပါးသွားပါတယ်
ဘယ်စုပ်စားပိုးတွေက သာမာန်မျက်စိနဲ့မမြင်နိုင်တာလဲခင်ဗျာ။ မွှားပင့်ကူနီဟာလည်း သာမာန်မျက်စိနဲ့မမြင်နိုင်ဘူးလို့ မှတ်သားဖူးလို့ပါ။
ကယ်လ်ဆီယမ်ကာဘွန်နိတ်က ဈေးလဲပိုကြီးသလို မဖောက်ထုံးထက် ပမာဏ အများကြီး ပိုထည့်ပေးဖို့လိုပါတယ်
လယ်မြေရဲ ချဉ်ငန်ကိန်းကPH.5အောက်ရောက်နေပါတယ်ခင်ဗျားထုံးနဲပြင်ရမယ်လို့ပညာရှင်းတွေကပြေားကြတယ် ၊ကယ် ဆီယမ်နဲလား ။ကယ်ဆီယမ်ကာဗွန်နိတ် နဲလားပညာရှင်းများဖြေကြားပေးစေချင်ပါတယ်ခင် ဗျား