အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇော်ဖြိုးအောင်

ဇော်ဖြိုးအောင်

စိုက်ပျိုးရေးပညာရှင် · ကျိုက်လတ်

12,540
လွန်ခဲ့သော ၃ လ က

mepiquat chloride က စပါးမှာတော့ မလိုအပ်ဘူးလို့ ယူဆပါတယ်။ အချိုးအစား၊နဲ့ အခြေအနေတွေ လွဲသွားရင်လဲ ကောင်းကျိုးထက် ဆိုးကျိုးကပိုများနိုင်ပါတယ်။ အပင်လဲမှာစိုးရင်တော့ ပုလဲ N အလွန်အကျွံ သုံးစွဲမှုကို ဂရုစိုက်ပါ။ potash မြေဩဇာ ပြည့်ဝလုံလောက်အောင်သုံးပေးပါ။ လို့ အကြံပြုချင်ပါတယ် ခင်ဗျာ။ ကျွန်တော့်ယူဆချက်ပါခင်ဗျာ။ နီးစပ်တဲ့ စိုက်ပျိုးရေး ဝန်ထမ်းများကိုလဲတိုင်ပင်ပြီး အကြံဉာဏ်ယူပါခင်ဗျာ။

ဆရာခင်ဗျာ ကျွန်တော်စပါးမျိုးကဘေးကြားတောင်ပျံမျိုးပါ နှစ်စဉ်ရာသီဥတုကြောင့်ယိုင်လဲမှု့ဖြစ်ပါတယ် ယခုဆေး mepiquat chloride ကိုဖျန်းလို့အဆင်ပြေနိုင်မလား ဘယ်အချိန် ဘယ်လိုဖျန်းရမယ်ဆိုတာ သိချင်ပါတယ်ခင်ဗျာ

လွန်ခဲ့သော ၁ နှစ် က

မြစ်ဖုနီမတုတ်ကျတာဖြစ်ပါမယ်ခင်ဗျာ။ ကျောက်မှုန့် နဲ့ carbosulfan ‌အဆိပ်ပါတဲ့ ဖျူရာဒန်လိုမြေတွင်းပိုးသတ်ဆေးထုပ်နဲ့ ရောပြီးကျဲပါ။ ဖြစ်တာဆိုးရွားရင် carbosulfan ဆေးအဆိပ်ပါတဲ့ ပိုးသတ်ဆေးဖျန်းဆေးကိုပါ နှုန်းထားမှန်ကန်စွာ သုံးပါခင်ဗျာ။

စပါးအမြစ်မှာ စိမ်းစားဥလို တေဖြစ်နေတာ ကျဲခင်းရက်၂၀ရှိပါပီ ကျောက်မှုန့်ကျဲရင်ရနိုင်လားဗျ ဆေးပဲဖျန်းရမလား ပညာရှင်များဖြေပေးပါအူး

စပါးမြစ်ဖုရောဂါ
လွန်ခဲ့သော ၁ နှစ် က

P:K အချိုးမြင့်တဲ့ ‌အားဆေးထဲက သုံးပေးပါ။ လှေးပိုး၊ပွင့်ထွေးပိုး ကျရောက်မှုမရှိစေရန်ဂရုစိုက်သတိပြုပါခင်ဗျာ။

ဆရာတို့မတ်ပဲပန်းစပွင့်ချိန်ဘာအားဆေးတွေလိုအပ်လဲဗျ

မတ်ပဲပန်းပွင့်ချိန်အာဟာရ
လွန်ခဲ့သော ၁ နှစ် က

P K အချိုးမြင့်တဲ့အားဆေးဆိုရင် အဆင်ပြေပါတယ်။ ဈေးကွက်ထဲမှာ P အချိူး 50% ကျော်အထိထွက်နေတာတွေလဲရှိပါတယ်။ P:K , 52:34 အချိူးတွေလဲရပါတယ်။ အဲထက်နည်းနည်းလျော့တဲ့အချိုးလဲသုံးလို့ရပါတယ်။ အဓိကက ပွင့်တဲ့ပန်းတွေ ပွင့်ထွေး၊လှေးပိုး ကျရောက်ဖျက်စီးမှုမရှိအောင်လဲဂရုစိုက်ပါခင်ဗျာ။

မတ်ပဲ အသီးအပွင်အတွက် p kဘယ်လောက်အချိုးပါတာတွေက အသင်တော်ဆုံးလဲဗျ ဆရာသမားများပြောပြပေးပါအုံဗျ🙏🏻🙏🏻

မတ်ပဲပန်းပွင့်ချိန်အာဟာရ
လွန်ခဲ့သော ၁ နှစ် က

buprofezin ဆေးအဆိပ်က ထိသေ၊စားသေ အာနိသင်ရှိပါတယ်။ ဖလံ၊ရွက်စားပိုး၊ရွက်ဖြတ်ပိုး၊စတဲ့ပို့လောက်ကောင်များအတွက် သုံးနိုင်ပါတယ်။

buprofezinပိုးသတ်ဆေးကဘယ်လိုပိုးတွေအတွက်ဖျန်းတဲ့ဆေးလဲ။

စိုက်ပျိုးဗဟုသုတ
လွန်ခဲ့သော ၁ နှစ် က

ရောဖျန်းလို့ရပါတယ်ခင်ဗျာ။ ဆေးကိုသေချာပျော်အောင်မွှေပါ။

ဆရာကြီးခင်ဗျာ စူပါပါဝါမှိုင်း(​အေဇိုစတီဇိုဘင်+ဒိုင်ဖန်ကိုနာ​ဇော)၊ ပရိုမက်တင်(ပရိုဖီနို​ဖော့+အဘာမက်တင်)၊ဒိုင်နိုတီဖျူရမ်၊ပိုင်မီထရိုဇင်း၊ ​ရောပက်လို့ရပါသလား​ပြောပြ​ပေးပါဦး။ ​နောက်၃ရက်ကြာမှအပင်အား​ဆေး+အသီးအား​ဆေး ​ရောပက်မလားလို့ပါ။ သက်ရက်က၄၀​လောက်ရှိပါပီ။ အပွင့်​တွေလဲစလိုက်လာပါပီ။ ဖားဥမှို၊သံ​ချေး၊ရွက်​ပြောက်၊အသီးပုတ်အတွက် မှို​ဆေးတကြိမ်ဝင်ချင်လို့ပါ

မတ်ပဲဆေးဖျန်းချိန်
လွန်ခဲ့သော ၁ နှစ် က

Emamectin benzoate, Thiamethoxin, Fipronil. ဆေးအတွဲတွေသုံးပါ။ ပိုးကျရောက်မှုအပေါ်မူတည်ပြီး ထိရောက်တဲ့ဆေးနှုန်းထားကိုသုံးပါ။

ပွင့်ထွေးပိုး ငမြောင်တောင် သီလုံးဖောက် လှေးပိုးတို့အတွက် ဘယ်Aiကအကောင်းဆုံးလဲ ဆရာသမားတို့

ပိုးသတ်ဆေးအေအိုင်များ
လွန်ခဲ့သော ၁ နှစ် က

Emamectin benzoate , ဆေးအဆိပ်ပါတဲ့ ဆေးအတွဲတွေ သုံးလို့ရပါတယ်။ ရွက်ဖျန်းအားဆေးနဲ့လဲရောစပ်သုံးနိုင်ပါတယ်။

ကုလားပဲ ဖူးပန်းဝေနေပါပီဗျ ။ သီးလုံးဖောက်ဖိုး ကာကွယ်ရန်အတွက် ပိုးသတ်ဆေးဘယ်AI နဲ့လအဆင်ပြေမလဲခင်ဗျ။ P/ K များတဲ့ ရွတ်ဖျန်းအားဆေးနဲ့တွဲပတ်ချင်လို့ပါ။ အပွင့်ပန်းတွေ ပိုးသတ်ဆေးကြောင့် လောင်နိုင်ပါသလားခင်ဗျ။

ကုလားပဲ သီးလုံးဖောက်ပိုး
လွန်ခဲ့သော ၁ နှစ် က

အပင်ကြီးထွားချိန် အပင်အားဆေးနဲ့တစ်ကြိမ်။ ပန်းပွင့်ချိန် အသီးအပွင့်အားဆေးနဲ့ တစ်ကြိမ်။ ဆေးနှုန်းထားမှန်ကန်စွာရောစပ်ဖျန်းပါခင်ဗျာ။

အမိုင်နိုအက်ဆစ်ကိုအပင်ရဲ့ဘယ်အရွယ်အစားမှာ တစ်ကြိမ်ဖျန်းသင့်ပါသလဲ

စိုက်ပျိုးဗဟုသုတ
လွန်ခဲ့သော ၁ နှစ် က

Emamectin benzoate , ဆေးအဆိပ်ပါတဲ့ ဆေးအတွဲတွေ သုံးလို့ရပါတယ်။ မနက်ပိုင်း နှင်းကွဲချိန် စဖျန်းလို့ရပါပြီ။

ပွင့်ထွေးပိုးနိူင်တဲ့ aiလေးပြောပြပေးပါဆရာ ဘယ်အချိန်မှာဖျန်းရင်ပိုထိရောက်လဲ မနက်/ညနေ

ပိုးသတ်ဆေးအေအိုင်များ
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။