အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်နောင်စိုး

ရန်နောင်စိုး

တောင်သူ · စလင်း

9,446
လွန်ခဲ့သော ၂ နှစ် က

ကောက်စိုက်စနစ်ကျင့်သုံးပြီး လက်ဆ ကြီးကြီးနဲ့ကောက်ချက်နက်နက်စိုက်ပေးပါ။မြေခံမှာ ကယ်လ်စီယမ်စီလီကာမြေသြဇာတစ်​ခါနဲ့ အနှံသန္ဓေတည်ချိန်မှာ တစ်ကြိမ် လုံလောက်စွာကျွေးပေးပါ။အဲ့ဒါဆို အဆင်ပြေပါလိမ့်မယ်။

အနှံငိုက်ချိန်နဲ့ ပန်းပွင့်ချိန်လဲသွားတာ ဘယ်လိုပြန်လည်ပြုပြင်ရမလဲ၊ ဘာဆေးဖျန်းရမလဲ။

စပါးပင်ယိုင်လဲခြင်း
လွန်ခဲ့သော ၂ နှစ် က

မိုးများနေရင်ကျောက်မှုန့်ဖြူးပေးပါ။အစိုဒဏ်ကိုခံနိူင်ရည်ရှိဖို့ အမိုနိုင်အက်ဆစ်၊ပိုတက်၊ကယ်လစီရမ် စတဲ့အဟာရတွေပါဝင်တဲ့အားဆေးဖျန်းပေးပါ။ ကယ်လစီယမ်က အရွက်ရဲ့ဆဲလ်နံရမ်တွေကိုတောင့်တင်းစေပြီး အစိမ်းရောင်ဆဲလ်တွေ ဖြစ်ပေါ်မှုကို အားဖြည့်ပေးပါတယ်။

ပဲတီစိမ်းအနီ အရွက်တွေမှာ အဖြူကွက်ကြားတွေဖြစ်နေလို့ ဘာဖြစ်တာလဲဗျ

လွန်ခဲ့သော ၂ နှစ် က

1လီတာကို 1စီစီနှုန်းထည့်ရမယ်ဆိုတော့ 4 ဂါလံမှာ 16 လီတာရှိတော့ 16 စီစီထည့်ရမှာပါဗျ။ ကျွန်တော်သုံးတာကတော့ အနည်းဆုံး ၂၀ စီစီကနေစပြီး အပင်ရဲ့အရွယ်အတိုင်း ဆေး ၁၄ရက်ခြားတစ်ကြိမ် ပက်တိုင်း ၁၀စီစီ တိုးတိုးပြီးတော့ထည့်သွားပါတယ်။စပါးနဲ့ပဲမျိုးစုံအတွက်ကတော့အဆင်ပြေပါတယ်၊ဖရုံမျိုးရင်းဝင်တွေ၊ပန်းတွေနဲ့ ကြက်သွန်တွေမှာသုံးရင်တော့ ၅၀စီစီထက်ပိုမသုံးပါနဲ့များရင်လောင်တတ်ပါတယ်။

‌1:1000 ဆ ဆို ရေ ၄ ဂါလံ မှာ ဆေးရည် ဘယ်လောက် (စီစီ) ထည့်ရမှာလဲဗျ၊

ဆေးဖျန်းနည်း
လွန်ခဲ့သော ၃ နှစ် က

ပုလဲနို့ဆီပုံး ၁ပုံးတော့ထည့်ပါ။လက်ခြားက ၄ဇွန်းဆိုရပါတယ်။ဆေးပုံးပေါ် ရေစစ်တင်ပြီး ရေကိုဖြည်းညင်းစွားလောင်းထည့်ပေးပါက ရေတွင်ပျော်ဝင်ပြီးသားဖြစ်သွားပါ့မယ်။ညမသိပ်ရပါဘူး ချက်ချင်းအသုံးပြုတာအကောင်းဆုံးပါ။ကိုယ်တွေ့အသုံးပြုနေပုံဖြစ်ပါတယ်ဗျ။အပင်လဲမလောင်ပါဘူးနော် နေပြင်းချိန်တော့ရှောင်ပေးပါ။

လက်ချားပုလဲနဲ့ရောပြီးပဲတွေပန်ပွင့်တဲ့အချိန်မှာဖြန်းရင်လောင်နိုင်လားရေ20ဂါလန်ကိုပုလဲ16ဇွန်းလက်ချား4ဇွန်းကိုရေတွင်ပျော်အောင်ဖြော်ပြီးချက်ချင်းဖြန်းရတာလားတညသိတ်ရသေးလားသိပါရ‌စေပိုးသတ်ဆေးနဲ့ရောဖြန်းလို့ရလားခဗျာ

ကိုယ်တိုင်လုပ် အပင်အားဆေးများ
လွန်ခဲ့သော ၃ နှစ် က

မာလကာပင် စိုက်ပျိုးနည်း

မာလကာပင်စိုက်ပျိုးနည်းလေးသိချင်လို့ပါဗျ ။ ကျေးဇူးပြုပြီး

လွန်ခဲ့သော ၃ နှစ် က

ငရုတ်သီး အစပ်တောင့် အရှည် စိုက်ပျိုးနည်း

ငရုတ်စိုက်ပျိုးနည်း

ငရုတ်စိုက်ပျိုးနည်း
လွန်ခဲ့သော ၃ နှစ် က

အဟာရလိုအပ်ချက်နဲ့အမြစ်ဖွံ့ဖြိုးမှုမကောင်းတာပါ။ဆာလ်ဖာပုလဲနဲ့ ပိုတက်ကိုဆတူရောပြီးကျွေးပေးပါ။ကျွေးပြီးလျှင် ရေထပ်မထည့်ပဲ ၃ရက်ခန့်ထားပါ။ထားပြီးလျှင်မြေအနိမ့်ဆုံးနေရာမှ ဝပ်ကျန်ခဲ့သည့်ရေများကို ပြောင်စင်အောင်ထုတ်ပေးပါ။ရေကိုထပ်မထည့်ပဲ အပေါ်ယံမြေလွှာ အက်လာသည်အထိထားပေးပါ။

ကျွန်တော်တို့ လှိုင်းဘွဲနယ်ဘက်မှာ စပါးစိုက်တဲ့တောင်သူ အများဆုံးရင်ဆိုင်နေရတဲ့ စပါးပင်အရွက်ဝါခြင်း ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ #ဖြစ်ရတဲ့အကြောင်းအရင်းက ပိုးကြောင့်လား?ရောဂါကြောင့်လား? အာဟာရကြောင့်လား? #ဘယ်လို ဖြေရှင်းရမလဲ သိချင်ပါတယ်။

စပါးအာဟာရချို့တဲ့မှု
လွန်ခဲ့သော ၃ နှစ် က

မကွေးမှာတော့ရပါတယ်၊လမ်းစရိတ်ကုန်ကျခံနိုင်ရင်တော့ မှာပေးမယ်ဗျ။

စပါးကြားပေါင်းနှင့်တမန်းနှိုးကိရိယာ၀ယ်ယူရရှိနိုက်သောလိပ်စာလေးညွှန်ပါခင်ဗျာ။

လယ်ယာသုံးစက်ကိရိယာများ
လွန်ခဲ့သော ၃ နှစ် က

ဆင်းဧကရီ မျိုးကဒီဘက်မှာမရှိဘူးဗျ

ဆရာတို့ခင်ဗျာ.... ဆင်းဧကရီ ၁နဲ့ဧရာမင်းစပါးတို့ကို ယှဥ်ကြည့်လျှင် ဘယ်ဟာကစပါးစေ့ပိုသွယ်မလဲဗျ၊နောက်ပြီးဆန်ကြတော့ရော ဘယ်ဟာကပိုသွယ်မလဲ၊စားသုံးမှုအဆင့်အတန်းရော ဘယ်မျိုးကပိုမလဲခင်ဗျ။

စပါးမျိုးများ
လွန်ခဲ့သော ၃ နှစ် က

ဆာလ်ဖာ ချို့တဲ့နေတာပါ။ရွက်ဖျန်းအနေနဲ့ရော၊မြေသြဇာအနေနဲ့ပါ ကျွေးပေးပါ။

ဒီလိုမျိုးဝါနေတာဗျ ဘာဆေးသုံးရမလဲဗျ

ငရုတ်ဘက်တီးရီးယားပင်ညှိုးရောဂါ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။