ye thura
စိုက်ပျိုးရေးပညာရှင် · ဒဂုံမြို့သစ်မြောက်ပိုင်း
ပုလဲ (ယူရီးယား)အလုံးကြီး၊အလုံးသေး အကုန်လုံး နိုက်ထရိုဂျင် ၄၆% ခန့်ပါဝင်ကြပါတယ်။ အချို့ကို အပေါ်ယံ ဖယောင်းလွှာ၊ဆာလဖာ တို့နဲ့အုပ်ပေးပါတယ်(စျေးနှုန်းပိုပေးရပါတယ်) မိမိသီးနှံနဲ့စီးပွားရေးတွက်ခေျကိုက်သော၊ အာနိသင်ကြရှည်ခံသော အမျိုးမစားကိုစိတ်ကြိုက်အသုံးပြုပါခငိဗျာ
စပါးပင်အတွက် အာဟာရဖြစ်ဖို့ အပင်သက် ၁၅ရက်သား ကို ပုလဲ အလုံးကြီးကျွေးဒါနဲ့ အလုံးသေးကျွေးဒါနဲ့ ဘယ်ဟာက ပိုသင့်တော်လဲ ဆရာတို့ ခဗျာ ဖြေကြားပေးပါအုန်းဗျာ
ပင်ပိုင်းဖွံ့ဖြိုးဖို့ဆိုရင် အစောပိုင်းကာလ တွေမှာပေါင်းမြက်ကင်းစင်အောင်လုပ်ပြီးသုံးပါခင်ဗျာ
ဆရာတို့အပင်အားဆေးကဘယ်အချိန်ဖျန်းရင်ပိုကောင်းလဲဆရာ
K ကိုစပါးသီးနှံအတွက်အသုံးပြုရင် နို့ရည်တည်ချိန် ၊သုံးသင့်ပါတယ်
kကိုပမာဏများများကျွေးရင်မြေခံမှာတစ်ဝက်နဲ့အနှံထွက်ချိန်မှာကျန်တစ်ဝက်ကိုကျွေးရတယ် နည်းနည်းပဲကျွေးရင်မြေခံမှာအကုန်ထည့်ရတယ် ကျွန်တော်ကပိုတက်ဆီယမ်ကလိုရိုဒ်တစ်ဧကတစ်အိတ်မသုံးနိုင်လို့အိတ်ဝက်ပဲသုံးမယ်ဆိုရင်မြေခံမှာအိတ်ဝက်တစ်ခါထဲအကုန်ထည့်လို့ရလားဆရာ
Organic စိုက်ပျိုးရေးမှာ ဓါတုလုံးဝမသုံးရပါဘူး GAP စနစ်မှာ အတိုင်းအတာတစ်ခုထိသုံးနိုင်ပါတယ်၊ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများလို့ဆိုပါတယ်၊
Organic နှင့် GAP ဘာကွာတာလဲဗျ
ပြင်ဆင်ရမှာတွေတော့များပါတယ်၊ organic နဲ့ပါတ်သက်ပြီးသိသင့်သိထိုက်သော Do/don't. လုပ်ထုံးလုပ်နည်း၊ စျေးကွက်အချက်အလက်များ စတာတွေကို အသိအမှတ်ပြုထားသူမျညးထံမှ သင်တန်း/လေ့လာသင်ယူခြင်း၊ Organic လက်မှတ်ပေးနိုင်သော အဖွဲ့အစည်းနှင့်ချိတ်ဆက်ပြင်ဆင်ခြင်း၊ မူလ ဓါတုသုံးစွဲထားသောစိုက်ပျိုးမြေကို အချိန်ကာလတစ်ခု မြေလှပ်ထားခြင်း၊သဘာဝပစ္စည်းများသာအသုံးပြုခြင်း၊စသဖြင့်အဆင့်များလုပ်ရပါမယ်။
Organic စိုက်ပျိုးရေး အတွက် အဓိက ဘာတွေလိုအပ်လဲဗျ စျေးကွက်အပိုင်းမှာကော ဘာတွေစီမံဆောင်ရွက်သင့်လဲဗျ Organic လက်မှတ်ရဖို့ကော ဘာတွေလုပ်ရမလဲ ဗျ
မြေစမ်း ခရမ်းပျိုးဆိုတဲ့စကားအလိုအရ အကြမ်းခံတဲ့ခရမ်း မျိုးနွယ်ဝင်များစိုက်ပျိုးပါ။မြေကတော့ စိုက်ပျိုးဖြစ်ထွန်းတဲ့မြေဖြစ်အောင် ပြင်ဆင်သွားရမှာပါ။
မကောင်းတဲ့မြေမှာ အပင်စိုက်ချင်တာ ဘလိုစိုက်ပျိုးရမလဲ
စပါးသီးနှံ အတွက်ရွက်ဖြန်းမြေသြဇာကိုပဲအသုံးပြုလို့အဆင်မပြေပါဘူးခင်ဗျာ။ ဓါတ်မြေသြဇာ+သဘာဝမြေသြဇာ မြေဆီလွှာမှ ကျွေးရပါမယ်။
စပါးပင် 15ရက်သားအရွယ် မြေခံဓာတ်မြေဩဇာလည်း ဘာဓာတ်မြေဩဇာလည်းမထည့်ထားပါဘူးခမျ သဘာဝရွတ်ဖြန်းမြေဩဇာကို ဘယ်လိုသုံးသင့်ပါသလဲ လမ်း ညွန်သင်ပြပေးပါခမျ
ပင်ပွားများများရဖို့၊ ပင်ပိုင်းဖွံ့ဖြိုးမှုကောင်းဖို့ နဲ့ ရောဂါ၊ပိုးမွှားဒဏ်ခံနိုင်ရည်ရှိအောင်၊ အောင်စေ့ရာခိုင်နှုန်းများအောင်ပါခင်ဗျာ။
အများလိုNPKသုံးမျိုးမှာစပါးအတွက်Nနဲ့Kကိုများများထည့်ခိုင်းပြီးPကိုတော့Nနဲ့Kတို့ရဲ့တစ်ဝက်(သို့မဟုတ်)တစ်ဝက်ကျော်လောက်ပဲထည့်ခိုင်းတယ် စပါးကPထက်Nနဲ့Kကိုပိုစားလို့လားဆရာ
မဂ်လာပါခင်ဗျာစပါးအပင်သက်တမ်း(၁၂၀)ရက်ရှိတဲ့စပါးမျိုးကိုတိုက်ရိုက်အစေ့ချကြဲခင်းများအတွက်အပင်၏သက်တမ်းအလိုက်မြေသြဇာကျွေးနည်းလေးညွှန်ကြားပေးစေချင်ပါတယ်ဆရာများခင်ဗျာအထူးကျေးဇူးတင်လျက်ပါ။
မည်သည့်ဓါတုမြေသြဇာမဆို သဘာဝမြေသြဇာရောစပ်သုံးစွဲစေလိုပါတယ်၊ ရေဝပ်၊ရေငတ်ဒဏ်ကိုခံနိုင်ရည်ရှိစေပါတယ်။ နှင်းခါးရိုက်ခြင်းကို ပိုတက်စီယံ ဓါတ်က ခံနိုင်ရည်တိုးစေပါတယ်။
မိုးဒဏ်နှင်းဒဏ်ခံနိုင်ရည်ရှိစေရန်ဘယ်လိုfertilizerကိုသုံးပြုသင့်သလဲ😁