အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒို့ဦး​လေး

ဒို့ဦး​လေး

အတည်ပြုပြီး Greenovator

စိုက်ပျိုးရေးပညာရှင် · ပျဉ်းမနား

1,120,218
လွန်ခဲ့သော ၁၃ နာရီ က

ဝက်ကြွတ်ပင် နဲ့ ကနဖော့ ပင်တွေပါ။ပေါင်းပင်တွေဖြစ်လို့၊ရှင်းပစ်ရမှာပါ။မြေဆွေးကန်ထဲသာ ထည့်လိုက်ပါဗျာ။

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

လွန်ခဲ့သော ၁၇ နာရီ က

ကျိုင်းဖောက်တာပါ။ညနေပိုင်း ပိုးသတ်ဆေးဖျန်းပါ။ အဓိက,က၊ ခါးဆွပေးဖို့လိုမယ်၊အပေါ်ကြောတင်းနေတယ်။အညာမှာတော့ ကြားထွန်းဝင်ကြပါတယ်။

ဲပဲ ကြီး စိုက်တာ အပင်ပေါက်လေးတေ ပေါက်နေပါပြီ ဒါပေမယ့် အရွက်တေကဇကာပေါက်တွေလို ပိုးကျထားပါတယ်။ဘာဆေးပက်ဖျန်းရမလဲ အထွက်ကောင်းရအောင် ဘယ်လိုပြုစုရမလဲ ဖြေပေးပါအုံးခမျ တချို့ အပင်က သေတဲ့အပင်က သေပါတယ် ဘာကြောင့်မှန်း မသိတော့ပါ

လွန်ခဲ့သော ၁ ရက် က

အီးအမ်နဲ့ အမိုင်နို ကို ၅ရက်ခြား ၂ကြိမ် ဖျန်းလိုက်ပါ။

အပင်မတက်လိုဝါလဲဝါနေတယ်ဘာလုပ်ရမလဲ ာ

လွန်ခဲ့သော ၁ ရက် က

ECဖော်မြူလာဆေးတွေကို၊ဆေးပူ လို့သတ်မှတ်ကြပါတယ်။နေပူရှိန်ပြင်းချိန်၊အပင်နုနယ်ချိန်၊ဆေးနုန်းထားမြင့်နဲ့ မဖျန်းမိဖို့ သတိပြုရပါမယ်။ ပုံမှန်နုန်းထားနဲ့ မနက်စောစော ဖျန်းရင် အဆင်ပြေနိုင်ပါတယ်။

(Profenofos 50% EC) ကို ကြက်သွန်နီစိုက်ခင်း နှစ်လ ဆယ်ရက်သားကို ငမြှောင်တောင်နိမ်နင်းဖို့အတွက် သုံးရလား ဆေး‌ေလာင်ကျွမ်းတာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာကြီးတို့ခင်ဗျ

လွန်ခဲ့သော ၃ ရက် က

ရောဂါရ အစိတ်အပိုင်းတွေကိုညှပ်ပြီးအဝေးလွှင့်တာကောင်းပါတယ်။ လေဝင်ထွက်လည်းကောင်းမယ်။ အရေးကြီးတာက၊ညှပ်ပြီးတာနဲ့ ကော့ပါးဆေး ဖျန်းဖို့လိုပါတယ်။သန့်ရှင်းရေး လုပ်ရပါမယ်။ပြီးတော့ မြေဩဇာ ကျွေးရပါမယ်။

ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်

လွန်ခဲ့သော ၃ ရက် က

အပင်ဦးရေ ၁သိန်းခွဲ နဲ့တွက်တာပါ။

မတ်ပဲတစ်ဧကိုအပင်ဦးရေ၁၅၀၀၀၀ကနေ၂၀၀၀၀၀ ရှိရမယ်ဆိုတာဟုတ်လား ဒါဆိုမတ်ပဲ၆ပြည်ကြဲရင်လုံလောက်တာပေါ့ ၁၂ပြည်ဆိုရင် ၄သိန်းအထိရှိသွားမှာပေါ့

လွန်ခဲ့သော ၃ ရက် က

တစေ့တပင်ပေါက်၊တပင်ပေါက်ပြီး၊၁၀တောင့်သီးရင်၊တဧက=၁၀တင်း။အတောင့်၂၀သီးရင် ၊တင်း၂၀(အကြမ်းဖျဉ်း)ခန့်မှန်းနိုင်ပါတယ်။ ပိုးကိုက်၊လောက်စား၊အသေပျောက်များလို့ ပိုကြဲကြပါတယ်။

မတ်ပဲတစ်ဧကိုအပင်ဦးရေ၁၅၀၀၀၀ကနေ၂၀၀၀၀၀ ရှိရမယ်ဆိုတာဟုတ်လား ဒါဆိုမတ်ပဲ၆ပြည်ကြဲရင်လုံလောက်တာပေါ့ ၁၂ပြည်ဆိုရင် ၄သိန်းအထိရှိသွားမှာပေါ့

လွန်ခဲ့သော ၃ ရက် က

ပင်လုံးပြန့်အာနိသင်ရှိတဲ့ဆေးဆိုရင် အဆင်ပြေပါတယ်။စွဲကပ်ပြန့်နှံ့ဆေးနဲ့တွဲဖျန်းပါ။

စပါးအဖုံးထွက်ချိန်နှံစုပ်ဂျပိုးအန္တရာယ်ကိုဘယ်ဆေးသုံးရင်ကောင်းမလဲ

လွန်ခဲ့သော ၃ ရက် က

ရိုးပြတ်ကို အီးအမ်ဖျန်းခြင်းဖြင့် ဆိုးကျိုးမရှိနိုင်ပါဘူး။မြေကြီးအတွင်းEffective microbes လေးတွေ ပွားများစေပါတယ်။

စပါးရတ်သိမ်းပြီးချိန်မတ်ပဲမစိကြ်ပျိုးခင်မှာ emအပြင်းဖျန်းသင့်သလား။ မတ်ပဲကမြက်ရန်းစက်နဲ့ဖုံးအုပ်စိုက်ပျိုးမှာပါ။

လွန်ခဲ့သော ၄ ရက် က

ကြိုချက်နည်း မမှန်ဘူးနဲ့တူပါတယ်။နီဝါဝါရောင်ဖြစ်ရမှာပါ။

ဆရာရေ ကန့်၅၀ကျပ်သား ထုံး၂၅ကျပ်သား မှိုဆေးဖော်တာကြိုတုန်းကအရောင်က အစိမ်းပုပ်ရောင် အအေးခံလိုက်တော့ဝါနုရောင် သုံးလို့ရလားအပင်အတွက်ရောထိခိုက်မူ့ရှိလားဗျ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။